၆ ဩဂုတ် ၂၀၂၃ - ၀၆:၁၈
၈ လေးလုံး ၃၅ နှစ်ပြည့်အကြို အခမ်းအနား နယူးယောက်တွင် ကျင်းပ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Time Square ရင်ပြင်မှာ ၈ လေးလုံး ၃၅ နှစ်ပြည့်အကြို အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ စတင် ကျင်းပခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ Time Square ရင်ပြင်မှာ ၈ လေးလုံး ၃၅ နှစ်ပြည့်အကြို အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ စတင် ကျင်းပခဲ့ပါတယ်။

အလေးပြုခြင်း ၃ ရပ်နဲ့ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ၈ လေးလုံးနဲ့ ပတ်သက်တဲ့ တော်လှန်ရေးအမှတ်တရစကားတွေပြောကြပြီး တော်လှန်ရေး ကဗျာသရုပ်ပြ အစီစဉ်မှာတော့ အဆိုတော်ကျော်သီဟက ရွတ်ဆိုပြီး NYCBC အဖွဲ့ဝင်တွေက သရုပ်ဆောင်တင်ဆက်ပြသခဲ့ပါတယ်။

ဒီအခမ်းအနားကို နယူးယောက်နဲ့ အနီးတဝိုက်က မြန်မာပြည်ဖွားတိုင်းရင်းသားပေါင်းစုံ ၃၀၀ လောက် တက်ရောက်ခဲ့ကြပြီး ကြွေးကြော်သံတွေဟစ်ကြွေး တော်လှန်ရေး သီချင်းတွေ သီဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

****************************************************************
END / 251