အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုကို ထောက်ခံကြိုဆိုကြောင်းနဲ့ အကြမ်းဖက် စစ်ကောင်စီရှိနေသရွေ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မှာ မဟုတ်လို့ စစ်ကောင်စီကို အမြစ်ပြတ် ဖယ်ရှားဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက် ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်ရေး၊ နယ်မြေထိန်းချုပ်ရေး၊ စစ်ကောင်စီရဲ့လေကြောင်းရန် ဟန့်တားရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုရေးနဲ့ စစ်အာဏာရှင်တွေနဲ့ အပေါင်းအပါတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နင်းရေးတို့ဟာ မြန်မာနိုင်ငံတဝန်းရှိ အဖိနှိပ်ခံပြည်သူတွေ လိုလား ထောက်ခံအားပေးတဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့အတွက် ဟန်ချက်ညီတဲ့ ၁၀၂၇ စစ်ဆင်ရေးကို နိုင်ငံတဝဝန်း ခုခံတော်လှန်သူ အင်အားစုအတွက် များစွာ ခွန်အားဖြစ်စေကြောင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာတနိုင်ငံလုံး တော်လှန်ရေးအင်အားစုတွေ၊ လူထုတွေ၊ နိုင်ငံတကာအသိုင်းအဝန်းတွေ ကနေ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ နိုင်ငံရေး၊ စစ်ရေး ပိတ်ဆို့မှုတွေ တပြိုင်တည်း ဝိုင်းဝန်း လုပ်ဆောင်ကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
အလားတူ ချင်းအမျိုးသားတပ်ဦးကလည်း မြောက်ပိုင်းမဟာမိတ်တွေရဲ့ တိုက်ပွဲ ဖော်ဆောင်မှုဟာ တော်လှန်ရေးမှာကြီးမားတဲ့ အပြောင်းအလဲဖြစ်စေပြီး တိုင်းရင်းသားပြည်နယ် ၇
****************************************************************
END / 251