၁၁ နိုဝင်ဘာ ၂၀၂၃ - ၂၀:၂၂
မူဂျာဟီဒီးန် များသည် ရှေ့တန်းရှိ ရန်သူကို မကြောက်မရွံ့ တိုက်ခိုက်နေကြပါတယ် /  H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ်

လက်ဘနွန်နိုင်ငံ ပြည်သူများ လှုပ်ရှား မှု အဖွဲ့ ဟစ်ဇ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူး H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် က အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် အလ်ကွတ်ဒ်စ် တွင် သိမ်းပိုက်ပြီး ဖိနှိပ်ချုပ်ချယ် ထားသော နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ခုခံကြောင်း မိန့်ကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sehar Newsသတင်းအထောက်အထားများ အရ လက်ဘနွန်နိုင်ငံ ပြည်သူများ လှုပ်ရှား မှု အဖွဲ့ ဟစ်ဇ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူး H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် က အာဇာနည်နေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် အလ်ကွတ်ဒ်စ် တွင် သိမ်းပိုက်ပြီး ဖိနှိပ်ချုပ်ချယ် ထားသော နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ ရန်လိုမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ခုခံကြောင်း မိန့်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး လက်ဘနွန်နှင့် ပါလက်စတိုင်းတို့တွင် ယနေ့ အောင်မြင်မှု ရရှိနေပြီး ယနေ့ လက်ဘနွန်နှင့် ပါလက်စတိုင်းတို့တွင် ခုခံမှု ရှေ့တန်းတွင် အားကောင်းနေခြင်း သတ္တိရှိခြင်းသည်  သတ္တိရှိသော အီရန် အစ္စလာမ်မစ် ပြည်သူ့ အစိုး ၏  ယုတ္တိတန်သော ရပ်တည်ချက် နှင့်  ဗိုလ်ချုပ်ကြီး ရှဟီးဒ် ကာစင်မ် စိုလိုင်းမာနီ၏ ကရ်ဘာနီ (စတေးမှု)ကြောင့် ဖြစ်သည်ဟု ဆိုခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် သည် ၎င်း၏ ခိုင်မာသော ရပ်တည်မှုတွင် ရပ်တည်နေပြီး အမေရိကန်နှင့် အစ္စရေးတို့အား  အစ္စလာမ့် တော်လှန်ရေးသမား များ ကြံ့ခိုင်ရေားသမားများ တိုက်ခိုက်ပါက အမေရိကန်က အီရန်ကို အပြစ်တင်ခြင်းဖြင့် အီရန်ကို ခြိမ်းခြောက်နေသည်ဟု ၎င်းက မိန့် ကြားခဲ့ပါတယ်။

H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် က အလ်ကဆွာ မုန်တိုင်းစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေပြီး မူဂျာဟီဒီးန် သည် ရန်သူနေရာအသီးသီးကို တိုက်ခိုက်ခဲ့ပြီး ရန်သူများ  ဆုတ်ခွာအောင် ပြုလုပ်နိုင် ခဲ့ကြောင်း စစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟစ်ဇ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူး H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် က ယနေ့တွင် လူကြီးမင်း တို့၏ ညီနောင်များ နှင့် သားများသည် ရန်သူကို မကြောက်မရွံ့ ရှေ့တန်းသို့သွားကာ အာဇာနည်ဖြစ်မည်ကို ဦးစားပေးပြီးတိုက်ပွဲ ဝင်နေကြောင်း ဤအချက်ကို ကြည့်ပြီး ကျွန်ုပ်တို့၏ မူဂျာဟီဒီးန် များ မည်ကဲ့သို့ သတ္တိရှိကြောင်း ကို ပြသနေကြောင်း မိန့်ကြားခဲ့ပါတယ်။

လက်ဘနွန်အရှေ့ဘက်တွင် တော်လှန်ရေးတပ်များ၏ စစ်ဆင်ရေးများ တိုးမြင့်လာခဲ့ပြီး ခုခံရေး တပ်ဦး သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ ကီလိုဂရမ် ၂၀၀ မှ ၅၀၀ အထိ ကြဲချခဲ့ကြောင်း၊ ဇီယွန်ဝါဒီများနှင့် အစ္စရေးတို့က ယခုအချိန်အထိ အသက်နှင့် ငွေကြေးမည်မျှ ဆုံးရှုံးခဲ့သည်ကို မကြေညာရဲကြောင်း H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် မှ ဆက်လက် မိန့်ကြားခဲ့ပါတယ်။

H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် က အဆိုပါ ရာဇ၀တ်မှုများသည် တနေ့တခြား တိုးပွားလာနေပြီး အဆိုပါ ကြီးကြီးမားမား ရာဇ၀တ်မှုများသည် အစ္စရေး၏ ရက်စက်ကြမ်းကြုတ်သော လက်စားချေမှု သဘောသဘာဝကို ထင်ဟပ်စေသည်ဟု 

ဤမိန့်ခွန်းသည် ပါလက်စတိုင်းများ ၏ အလ်အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး စတင်ပြီးနောက် ဟစ်ဇ်ဘွလ္လာဟ် လက်ဘနွန် အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ဒုတိယမြောက် မိန့်ခွန်း ဖြစ်ပါတယ်။

****************************************************************

END / 251