၁၁ နိုဝင်ဘာ ၂၀၂၃ - ၂၀:၂၈
ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) အကြောင်း အကျဥ်းချုပ်

ရှီအဟ်အေမာမ် ဆယ့်နှစ်ပါး (အလိုင်ဟေမွစ်စလာမ်) အကြောင်း အကျဥ်းချုပ် အား အဗ်နာ ပရိတ်သတ် များ အတွက် အမေး အဖြေ ပုံစံ ဖြင့် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) အကြောင်း မိတ်ဆက်လေး ပြောပြပါ?

ဖြေ- ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) သည် တမန်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ပြီး ရေဝါယသ်တော် များ အရ တမန်တော်မြတ် (ဆွ) ၏ အရိုက်အရာ ကို ဆက်ခံသူများ နှင့် ကိုယ်တော်မြတ် (ဆွ) ပြီးနောက် အစ္စလာမ့် အသိုင်းအဝိုင်း ၏ အေမာမ် များ (အ.စ)  ဖြစ်ကြပါတယ်။ ပထမဆုံး အေမာမ် မှာ ဟဇရသ် အလီ (အ.စ) ဖြစ်ပြီးအခြား အေမာမ် များ မှာ ဟဇရသ် အလီ (အ.စ) နှင့် ဟဇရသ် ဇဲဟ်ရာ (စ.အ)  ၏ သားတော်များ နှင့် မြေးတော် များ ဖြစ်ကြပါတယ်။

အေမာမ်မီယေ ရှီအဟ်များ ၏ ယုံကြည်ချက် မှာ အေမာမ်များ (အ.စ) သည် အလ္လာဟ်ဟို အရှင်မြတ် ဘက်တော် မှ အေမာမ်မသ် တာဝန်ကို ပေးအပ်ခံထားသူများ ဖြစ်ပြီး ဂုဏ်ပုဒ်ထူးများပမာအားဖြင့် အစ်ဆွမသ်(ခ) ပြစ်မဲ့ခြင်း၊ ဖဇီလသ် (ခ) ကြီးကျယ် မြင့်မြတ်ခြင်း  ၊ အေလ်မေဂိုက်ဗ် (အကွယ်၏ ပညာ) ၊ ရှဖာအသ် (အသနားခံပေး) ခွင့် တို့ ဖြစ်ပါတယ်။ အေမာမ်များ (အ.စ) (ဆယ့်နှစ်ပါး) သည် ဝဟီ (ခ) ဗျာဒိတ်တော် ကို လက်ခံ ခြင်း နှင့် ရရီအသ်တရားတော် ကို ယူဆောင်လာခြင်းမှအပ တမန် တော် မြတ် (ဆွ) ၏ ကျန် တာဝန်များ အားလုံး ကို ထမ်းဆောင်ရမည် ဖြစ်ပါ တယ်။

စွန်နီများသည် ရှီအဟ်  အေမာမ်များ(အ.စ)  ၏ အေမာမသ် အား လက်မခံကြချေ။ သို့သော် ၎င်း တို့သည် အေမာမ်များ(အ.စ)  ကို ချစ်ကြောင်း ကို ထုတ်ဖော်ကြပြီး ဘာသာရေး နှင့်ပညာ ရေး ကဏ္ဍ တွင် အေမာမ် များ (အ.စ) ဘက်သို့ လှည့်ရခြင်းကို လက်ခံ ကြပါ တယ်။

အေမာမ်များ (အ.စ) ၏ အမည် များ သည် ကျမ်းတော်မြတ် ကုရ်အာန် တွင် မဖော်ပြထားချေ။ သို့သော် လည်း တမန်တော်မြတ် (ဆွ( ရီဝါယသ်တော်များပမာအား ဖြင့် ဟဒီးစ်စေ ဂျဗေရ် နှင့် ခလီဖဟ် ၁၂ပါး ဆိုင်ရာ ဟဒီးစ်တော် တွင်  အေမာမ် များ (အ.စ) ၏ အမည်များ နှင့် အရေ အတွက်လာရှိပါ တယ်။ ဤအတွက်ကြောင့် ရီဝါယသ်တော်များ အရ အေမာမ်များ (အ.စ) နှင့် ကိုတော်မြတ် (ဆွ) ၏ အရိုက်အရာကို ဆက်ခံသူများ  မှ ၁၂ပါး ဖြစ်ပြီး အားလုံးသည် ကိုရိုက်ရှ် မျိုးနွယ်ဝင် များ နှင့် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) မှ ဖြစ်ကြပါ တယ်။

ရှီအဟ် အစ္စနာအရှ်ရီယဟ် ၏ယုံကြည်ချက်အရ အေမာမ်အလီ (အ.စ) သည် တမန်တော်မြတ် (ဆွ) ၏ နဆ် (ကျမ်းတော်မြတ် ကုရ်အာန် တွင် သို့မဟုတ် စစ်မှန်ဟဒီးစ်တော် များ တွင်အထောက်အထား ထင်ရှား ပြတ်သားစွာလာရှိ ခြင်း) အရ အေမာမမသ် အား ချီးမြှင့်မြှောက်စားခံခဲ့ရပါ တယ်။ ထိုအချိန်မှ စ၍ အေမာမ် (အ.စ) တိုင်းသည်  မိမိနောက်ဖြစ်လာမည့် အေမာမ် အား နဆ် အရ မိတ်ဆက်ပေးခဲ့ပါသည်။ဤအချက် ကို အ‌ခြေခံပြီးနောက် တမန်တော်မြတ် (ဆွ) ၏ နောက်ပိုင်း ကိုယ်တော်မြတ် (ဆွ)ကိုဆက်ခံမည့် အေမာမ် ၁၂ပါး (အ.စ) အောက်ပါ အတိုင်းဖြစ်ပါ တယ်။

အလီဘင်န်အဘီသွာလစ်ဗ်(အ.စ) ၊ ဟစန်ဘင်န်အလီ (အ.စ) ၊ ဟိုစိုင်းန် ဘင်န် အလီ (အ.စ) ၊ အလီ ဘင်န် ဟိုစိုင်းန်(အ.စ)၊ မိုဟမ္မဒ်ဘင်န်အလီ (အ.စ) ၊ ဂျအ်ဖရ် ဘင်န် မိုဟမ္မဒ် (အ.စ) ၊ မူစာဘင်န်ဂျအ်ဖရ် (အ.စ) ၊ အလီဘင်န် မူစာ(အ.စ) ၊ မိုဟမ္မဒ် ဘင်န် အလီ (အ.စ) ၊ အလီဘင်န် မိုဟမ္မဒ်(အ.စ) ၊ဟစန်ဘင်န် အလီ (အ.စ) နှင့် မဲဟ်ဒီ (အ.စ) ဖြစ်ပါသည်။ ဤအတွက်ကြောင့် ထင်ရှားကျော်ကြားသည့် ရှီအဟ် အမြင် အရ အေမာမ် ၁၁ပါး (အ.စ) ရှဟီးဒ်ဖြစ်ခဲ့ပြီး ၎င်းအေမာမ် များ (အ.စ) မှ နောက်ဆုံး အေမာမ်မဲဟ်ဒီမောင်အူဒ် (အ.ဂျ) အကွယ်တွင် တည်ရှိခြင်း ဖြစ်ပါသည်။ အနာဂတ်တွင်ဇူဟူးရ် ဖြစ်တော် မူမည် ဖြစ်ပြီး ကမ္ဘာမြေကြီးအား တရားမျှတမှုနှင့် ငြိမ်းချမ်းမှုတို့ဖြင့် ပြည့်စေမည်ဖြစ်ပါ တယ်။

ရှီအဟ် အေမာမ်များ(အ.စ) အတ္ထုပ္ပတ္တိများနှင့် ၎င်းတို့ ၏ ကြီးကျယ် မြင့်မြတ် မှု နှင့် စပ်လျဉ်း ပြီးစာအုပ် အများ အပြား ရေးသားထားပါသည်။ ရှီအဟ်များဘက်မှ ပမာ အားဖြင့် အလ်အေရ်ရှာဒ် နှင့် ဒလာအေလိုလ် အေမာမဟ်  ဖြစ်ပြီး အဲဟ်လေ့ စွန္နသ် ဘက်မှ ပမာအားဖြင့်ယနာဘီအိုလ်မိုမဒဟ် နှင့် သဇ်ကေရသိုလ်ခဝါဆ် ဖြစ်ပါသည်။

 

မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်)  ၏  အဆင့်အတန်း နှင့် ဂုဏ်လက္ခဏာ များကို ဖော်ပြပေးပါ ?

ဖြေ - အေမာမ် ၁၂ပါး (အ.စ)  ၏ အေမာမ်မသ် နှင့်ပတ်သက်သည့် ယုံကြည်ချက်သည် ရှီအဟ် အစ္စနာ အရှ်ရီယဟ် ၏ အခြေခံယုံဥည်ချက်များ မှ ဖြစ်ပါ တယ်။ ရှီအဟ်များ ၏ အမြင်အရ အေမာမ် အား အလ္လာဟ်ဟို အရှင်မြတ် ဘက် တမန်တော်မြတ် (ဆွ) မှတဆင့် ခန့်အပ် သတ်မှတ်သသည်ဆိုပြီး ဖြစ်ပါတယ်။

ကုရ်အာန်တွင် အေမာမ်များ (အ.စ) ၏အမည်များကို မဖော်ပြထားသော်လည်း၊ အာယသ်တော်များ ဖြစ်ကြ သည့် အာဘသ်သေ အူလေလ်အမ်ရ် ၊အာယသ် သသွဟီးရ်၊ အာဠသ် ဝေလာယသ် ၊အာယသ် အအစ်က်မာလ် ၊ အာယသ် သဗ်လီးဂ် နှင့် အာယသ် ဆွာဒေကီးန် တို့ တွင်အေမာမ်များ (အ.စ)၏ အေမာမ်မသ် ကို ရည်ညွှန်း  ဖော်ပြထားကြောင်း ရှီးအဟ် များက သက်ဝသ်ယုံကြည်ကြ ပါတယ်။ သို့သော် ရီဝါယသ်တော်များ တွင် အေမာမ်များ (အ.စ) ၏ အမည်များ အရေအတွက်များ ကို ဖော်ပြထားပါတယ်။

ရှီအဟ်များ၏သက်ဝင် ယုံကြည် မှု အရ အေမာမ် ၁၂ပါး (အ.စ) ၏ ရှိသမျှ တာဝတန် ဝတ္တရားများသည် တမန်တော်မြတ် ကြီး (ဆွ၀ ၏ တာဝန် ဝတ္တရားများ ကဲ့သို့ဖြစ်ပြီးပမာ အားဖြင့် ကျမ်းတော် မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ရှင်းပြခြင်း၊ ရှရီအီ ဥပဒေများ ကို တင်ပြခြင်း ၊ လူ့အဖွဲ့အစည်းအတွင်း လူများအား ပညာပေးသွန်သင် ခြင်း ၊ ဘာသာရေး မေးခွန်းများ ဖြေဆိုခြင်း၊ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှု ထူထောင်ခြင်းနှင့် အစ္စလာမ်၏ နယ်နိမိတ်များကို စောင့်ရှောက်ခြင်း တို့ဖြစ်ပါသည်။ အေမာမ်များ (အ.စ) နှင့် တမန်တော်မြတ် (ဆွ) တို့အကြား ခြားနားချက်မှာ ဝဟီ (ဗျာဒိတ်တော်) ကျရောက်ခြင်း ရှရီအသ် ကို ယူဆောင်လာ ခြင်း သာ ဖြစ်ပါတယ်။

မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) ဂုဏ်တော်လက္ခဏာများ မှာ အယယ်နည်း?

 

ဖြေ - ရှီအဟ် အေမာမ်မီယဟ် (ခ) ရှီအဟ် အစ္စနာအရှ်ရီယဟ် တို့၏ အမြင်အရ ရှီအဟ် အေမာမ် ၁၂ပါး ၏ ဂုဏ်တော်လက္ခဏာများ မှ အချို့  မှာအောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)အစ်ဆမသ် (အပြစ်မဲ့ခြင်း) - တမန်တော်မြတ် (ဆွ) ကဲ့သို့ပင် အေမာမ်များ(အ.စ) သည်လည်း  မည်သည့် အပြစ် နှင့် အမှားကို မှ မကျူးလွန်ကြပေ။ ပြစ်မဲ့များ ဖြစ်ကြပါတယ်။

(၂)အဖ်ဇလီယသ် (သာလွန် ကြီးကျယ် မြင့်မြတ်ခြင်း) - ရှီအဟ် အိုလမာ ၏ အမြင်အရ ၊ ယုံကြည်ချက်အရ  အေမာမ် ၁၂ပါး သည် တမန်တော်မြတ် (ဆွ) မှအပ တမန်များ (အ.စ) အားလုံး ၊ ကောင်းကင်တမန်များ နှင့်လူသား များ ထက်သာလွန်ကြီးကျယ်မြင့်မြတ် ကြောင်း ဖြစ်ပါတယ်။ အဖန်ဆင်းခံများ အားလုံး အေမာမ် ၁၂ပါး(အ.စ) သာလွန် မြင့်မြတ် ကြောင်း လာရှိ သည့် ဟဒီးစ်တော်များ သည် မွတ်စ်သဖီးဇ် ဖြစ်ပြီး မိုသာဝါသေရ် အဖြစ် ဆိုထား ပါတယ်။

(၃)အေလ်မေဂိုက်ဗသ် - အေမာမ် ၁၂ ပါး(အ.စ) အလ္လာဟ် ဘက်တော်မှ အေလ်မေဂိုက်ဗသ် (အကွယ် အကြောင်း သိသည့်ပညာ) ရှိကြပါတယ်။

(၄)ဝေလာယသ်သေသက်ဝီနီ နှင့် သရှ်ရီအီ - ရှီအဟ် အေမာမ်မီယဟ် အိုလမာ အများစုသည် အေမာမ် ၁၂ ပါး (အ.စ) ၏ ဝေလာယသ်သေသက်ဝီနီ သက်သေ အထောက်အထားကို လက်ခံအသိအမှတ် ပြုထားကြပါ တယ်။ အေမာမ် ၁၂ပါး (အ.စ) ၏ ဝေလာယသ်သေ သရှ်ရီအီ အဓိပ္ပာယ်မှာ လူများ၏     ပစ္စည်းဥစ္စာ များ နှင့်  အသက်များ ကို သုံးပိုင်ခွင့် ရှိသည့် ဆိုသည့် သက်သေအထောက်အထား နှင့်ပတ်သက်ပြီး ကွဲလွဲမှု မရှိ ချေ။ သဖ်ဝီးဇ် ယုံကြည်ချက် အပေါ် ထောက်ခံ လာရှိသည့် ဟဒီးစ်တော်များအရ ရှီအဟ် အေမာမ် ၁၂ပါး(အ.စ) သရှ်ရီးအ် နှင့် ဥပဒေပြုခြင်း အခွင့်အာဏာကိုလည်း ရရှိထားသည် ဖြစ်ပါတယ်။

(၅)ရှဖာအသ် ပြုပေးမည့် ရာထူး  - အေမာမ်များ (အ.စ) အားလုံးသည် တမန်တော်မြတ်(ဆွ) ပမာ ရှဖာအသ် ပြုပေး ခွင့်ရာထူးကိုရရှိထားကြပါတယ်။

(၆)သာသာရေး နှင့်ပညာရေး တွင် ဦးလှည့်ခံရခြင်း - ဟဒီးစ်စေ စကလိုင်း နှင့် ဟဒီးစ်စဖီးနဟ်(16) အရ အေမာမ် များ (အ.စ)သည် သာသာရေး နှင့်ပညာရေး တွင် ဦးလှည့်ခံရသူများ ဖြစ်ပါတယ်။ လူထု  အနေဖြင့်ဘာသာရေး ကိစ္စများ တွင် အေမာမ် ၁၂ပါး (အ.စ) အားကိုးကာရန် တာဝန် ဝတ္တရား ရှိပါတယ်။

(၇)အသိုက်အဝန်း၏ခေါင်းဆောင်မှု - အစ္စလမ်ဘာသာဝင်တို့၏ တမန်တော်မြတ်(ဆွ)ပြီးနောက် အစ္စလာမ့် အသိုက်အဝန်း၏ ဦးဆောင်မှုနှင့် အုပ်ချုပ်မှုသည် အေမာမ် ၁၂ပါး (အ.စ) တာဝန်ဖြစ်ပါတယ်။

(၈)နာခံမှုဆိုင်ရာ တာဝန် - အူလူလ်အမရ်အာယသ်တော် အရ အေမာမ်များ(အ.စ) ၏ အမိန့်ကို  နာခံရန် လူထု အပေါ် တာဝန်ရှိပြီး ၎င်းတို့ကို နာခံခြင်းသည် လုံးဝတာဝန်ရှိပါတယ်။ အလ္လာဟ် နှင့် တမန်တော်မြတ်(ဆွ) ၏ အမိန့်များ လိုက်နာ နာခံရန် တာဝန် ဖြစ်သကဲ့ သို့ အေမာမ် များ (အ.စ) အမိန့်များ ကို လိုက်နာ၊ နာခံရမည် ဖြစ်ပါတယ်။

ရှီအဟ်ပညာရှင်အများစု၏အမြင်အရ၊ ရှီအဟ် အေမာမ်များ (အ.စ)အားလုံး ရှဟီးဒ်ဖြစ်ပြီးသို့မဟုတ် ရှဟီးဒ် ဖြစ်၍ ဤလောကမှ ကြွမြန်းမည် ဖြစ်ပါတယ်။ဤအတွက် သက်သေ အထောက် မှာ ရီဝါယသ်တော်များ အရ ပမာအားဖြင့်အေမာမ်ရေဇာ(အ.စ) ထံ မှ ဆင့်ပြန်တော် မူထားသည့် အဘာဆဘါသ် ၏ ရီဝါယသ်တော် «وَ اللهِ مَا مِنَّا إِلَّا مَقْتُولٌ شَهِيد» ဖြစ်ပါတယ်။ဤအဆိုအရ အေမာမ် များအားလုံးသည် ရှဟီးဒ် ဖြစ်ပြီး လောကကြီးထွက်ခွာကြမည် ဖြစ်ပါတယ်။

မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) ၏ အေမာမသ် ဆိုသည်မှာ အဘယ်နည်း?

 

ရှီအဟ်အိုလမာအနေဖြင့် အေမာမ် ၁၂ပါး (အ.စ) ၏ အေမာမသ် ကို သက်သေများ ပြဆိုနိုင်ရန် အကလီသက်သေ (ဥာဏ်ပိုင်းဆိုင်ရာ အထောက်အထား) ပမာအားဖြင့် အေမာမ်များ (အ.စ) ၏ အစ်ဆမသ် (အပြစ်မဲ့ ခြင်း) နှင့် အဖ်ဇလီယသ် (သာလွန် ကြီးကျယ် မြင့်မြတ်ခြင်း)  ဖြစ်ပါသည်။နကလီသက်သေ (ဟဒီးစ်တော်များ အထောက်အထား) ပမာအားဖြင့် ဟဒီးစ်စေ ဂျာဘေရ် ၊ ဟဒီးစ် စေလောင်ဟ်နှင့် ဟဇခလီဖာ ၁၂ပါး ဖြစ်ပါတယ်။

မေး - ဟဒီးစ်စေဂျာဘေရ်  အကြောင်း ပြောပြပါ?

ဖြေ - ဂျာဘေရ် ဘင်န် အဗ်ဒွလ္လာဟ် အန်ဆွာရီအာယသ်တော် «يا أَيُّهَا الَّذِينَ آمَنُوا أَطِيعُوا اللهَ وَ أَطِيعُوا الرَّسُولَ وَ أُولِي الْأَمْرِ مِنْكُمْ» (25)  ကျရောက်ပြီးနောက် အူလူလ်အမရ် ၏ အဓိပ္ပာယ် အား တမန်တော်မြတ် (ဆွ) ထံ မေးမြန်းလျှောက်ထား ရာ တမန်တော်မြတ် (ဆွ) အဖြေပေးမိန့်တော်မူ၏။ “ သူတို့သည် ကျွန်ုပ်အား ဆက်ခံသူများ ဖြစ်ပါသည်။ပြီးနောက် ကျွန်ုပ်ပြီးနောက် မွတ်စလင်မ်များ၏ အေမာမ်များဖြစ်ကြပါသည်။ ၎င်းတို့ မှ ပထမဆုံးသူမှာ အလီ ဘင်န်အဘီသွာလစ်ဗ် (အ.စ) ဖြစ်ပါတယ်။ ၎င်းပြီးနောက် အစီအလိုက် ဟစန် (အ.စ)၊ ပြီးနောက် ဟိုစိုင်းန် (အ.စ) ၊ ပြီးနောက် အလီဘင်န် ဟိုစိုင်းန် (အ.စ) ၊ ပြီးနောက် မိုဟမ္မဒ်ဘင်န် အလီ (အ.စ) ၊ ပြီးနောက် ဂျအ်ဖရ်ဘင်န် မိုဟမ္မဒ် (အ.စ) ၊ ပြီးနောက် မူစာဘင်န်ဂျအ်ဖရ် (အ.စ) ၊ ပြီးနောက် အလီဘင်န် မူစာ(အ.စ) ၊ ပြီးနောက်မိုဟမ္မဒ်ဘင်န် အလီ (အ.စ) ၊ ပြီးနောက် အလီဘင်န်မိုဟမ္မဒ် (အ.စ) ၊ပြီးနောက် ဟစန်ဘင်န် အလီ (အ.စ) ပြီးနောက်၎င်း၏သားတော် ကျွန်ုပ်နှင့်နာမည်တူ ကွန်န္ယသ်တူ ဖြစ်ပါတယ်။”

 

မေး - ဟဒီးစ်စေ ခလီဖဟ် ၁၂ပါး  အကြောင်း လည်း သိလိုပါ၏?

ဖြေ - အဲဟ်လေ့စွန္နသ်များ မှဆင့်ပြန်ထားသည့် ရီဝါယသ်တော်များ အရ တမန်တော်မြတ်(ဆွ)  ၏ အရိုက်အရာကို ဆက်ခံမည့် ခလီဖဟ် ၏အရေအတွက် နှင့် အချို့ ဂုဏ်ပုဒ်များ ပမာအားဖြင့် ကိုရိုက်ရှ် လူမျိုး ဖြစ်ခြင်း တို့ကို သိရှိရပါတယ်။ ဂျာဘေရ်ဘင်န် စမရဟ် တမန်တော်မြတ်(ဆွ) ထံ မှဆင့်ပြန်ထားပါတယ်။ ဤဘာသာတရား သည် ကေယမသ် (ရှင်ပြန်ထမြောက်သည့်နေ့) တိုင်အောင်လည်းကောင်း၊ အသင်တို့ အပေါ်၌ ခလီဖဟ် တစ်ဆယ့်နှစ်ပါးမပည့်မှီ တိုင်အောင် ဤသာသနာသည် အမြဲတည်မြဲနေမည်ဖြစ်ပါတယ်။ ဤခလီဖဟ်များ အားလုံးသည် ကိုရိုက်ရှ် လူမျိုး များ မှဖြစ်တယ်။" ထိုပြင် အစ်ဗ်နေမစ်အူးဒ် ဆင့်ပြန်ထား သည့် ဟဒီးစ်တော်တစ်ခုတွင် တမန်တော်မြတ်(ဆွ) ပြီးနောက် ခေါင်းဆောင် အရေအတွက်မှာ ဘနီအစ္စရာအီ ခေါင်းဆောင် အရေအတွက် နှင့်အညီ ၁၂ပါး ဖြစ်မည်ဟု လာရှိပါတယ်။ စွန်နီပညာရှင် တစ်ဦး ဖြစ်သည့် စိုလိုင်းမန်ဘင်န် အဗဗရာဟီးမ် ကွန်ဒူဇီ၏ အဆိုအရ နဘဝီ ဟဒီးစ်တော်များ လာ ခလီဖဟ် ၁၂ပါး မှာ ရှီအဟ် အေမာမ် ၁၂ပါး (အ.စ) ဖြစ် ပါတယ်။ အဘယ်ကြောင့်ဆိုသော် ဤဟဒီးစ်တော် များသည် အခြားသူများ နှင့် မကိုက်ညီသည့် အတွက်ကြောင့်ဖြစ် ပါတယ်။

‌မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်)သည် မည်သူများ ဖြစ်ကြပါသနည်း?

 

ဖြေ - အေမာမ်မီယဟ် ရှီအဟ်များ၏အကလ်လီ (အသိဥာဏ် မှလက်ခံသည့် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်များ၊ သက်သေများ)နကလီ(ဟဒီးစ်တော်များ)ပမာအားဖြင့်ဟဒီးစ်စေ ဂဒီးရ် ၊ ဟဒီးစ်စေ မန်ဇေလသ် ၊ဟဒီးစ်စေခလီဖဟ်ဟေ ဘရ်ဟက် ဝါ ဘေလာဖဇ်လ် ဗယန်ဘဲရ်အစ္စလာမ် (ဆွ) တိုဖြင့်  အလီ ဘင်န် အဘီ သွာလစ်ဗ် (အ.စ)သည် တမန်တော်မြတ် (ဆွ) ပြီးနောက် ချက်ချင်း ကိုယ်တော် ၏ အရိုပ်အရာကို ဆက်ခံသူ ၊မှန်ကန်သူ ဟု (32 )သက်ဝင် ယုံကြည် ထားဖြစ်ပါတယ်။ ပြီးနောက်  အေမာမ် အလီ (အ.စ) မှ အစဥ်အလိုက် အေမာမ် ဟစန် (အ.စ) ၊ အေမာမ်ဟိုစိုင်းန်(အ.စ) ၊ အေမာမ် စဂျာဒ်(အ.စ) ၊ အေမာမ် ဘကဲရ်(အ.စ)၊အေမာမ်ဆွာဒစ်က်(အ.စ)၊ အေမာမ် မူစာယေကာဇင်းမ် (အ.စ)၊ အေမာမ် ရေဇာ(အ.စ) ၊ အေမာမ် ဂျဝါဒ် (အ.စ) ၊ အေမာမ် ဟာဒီ (အ.စ) ၊ အေမာမ် ဟစန် အက္စ်ကရီ (အ.စ) နှင့် အေမာမ် မဲဟ်ဒီ (အ.စ) တို့ ဖြစ်ပြီး ၎င်းတို့ အားလုံး အစ္စလာမ့်လူ့အဖွဲ့အစည်း၏ အေမာမ် များ (အ.စ) ဖြစ်ကြပါတယ်။

(၁) အေမာမ် အလီ(အလိုင်ဟစ်စလာမ်) 

အလီဘင်န် အဘီသွာလစ်ဗ် (အ.စ) ၊ အေမာမ် အလီ (အ.စ) ၊ အမီးရိုလ်မိုအ်မေနီ (အ.စ) အဖြစ် ကျော်ကြားပါတယ်။ရှီအဟ်များ၏ ပထမဆုံးအေမာမ် ဖြစ်ပါတယ်။အဘူသွာလစ်ဗ်(အ.စ)နှင့် ဖွာတွေမဟ် ဘင်န်သေအစဒ် (စ.အ) ၏ သားတော် ဖြစ်ပါတယ်။ရဂျဗ်လ ၁၃ရက်နေ့ အာမိုလ်ဖီးလ်(ဆင်နှစ်) ၃၀ ခုနှစ် တွင်ကအ်ဗဟ် ဝတ်ကျောင်းတော် အတွင်း မွေးဖွားခဲ့ပါတယ်။ပထမဆုံး ကိုယ်တော်မြတ် (ဆွ) အပေါ် အီမာန်သက်ဝင် ယုံကြည်လာသူ ဖြစ်ပါတယ်။ (35)အေမာမ်အလီ (အ.စ)  တမန်တော်မြတ်(ဆွ) နှင့်  စဉ်ဆက်မပြတ်အဖော်ဖြစ်ရှိနေသူဖြစ်ပြီး ရစူလ်လွလ္လာဟ် (ဆွ) ၏ သမီးတော် ဟဇရသ် ဖွာတွေမဟ် (စ.အ) နှင့် အိမ်ထောင်ပြုခဲ့သူဖြစ်ပါတယ်။

တမန်တော်မြတ်(ဆွ)သည် ဂဒီးရ်နေ့ နေ့အပါအဝင် အကြိမ်ကြိမ်အခါခါ  အေမာမ် အလီ(အ.စ)အား  မိမိမရှိသည့်နောက် ပိုင်းချက်ချင်း မိမိ၏ အရိုက်အရာ ဆက်ခံသူအဖြစ် မိတ်ဆက်ပေးတော်မူခဲ့ပါ တယ်။သို့သော် ကိုယ်တော်မြတ်(ဆွ) ကွယ်လွန်ပြီး နောက်တွင် စကီးဖဟ်ဘနီစာအေဒဟ် ဖြစ်ရပ်ဖြစ်ပွားခဲ့ပြီး မွတ်စလင်များသည် ခလီဖေဟ် မွတ်စလင်မ်အဖြစ် အဘူဘကဒရ် ဘင်န် အဘီ ကဟာဖဟ် ထံ သစ္စာခံခဲ့ကြ ပါတယ်။ပြီးနောက် ၂၅နှစ် ကြာ သည်းခံတော်မည်ပြီး ကျိုးကြောင်းဆင်ခြင်ခြင်း နှင့် အစ္စလာမ့်လူ အဖွဲ့အစည်း( ခလီဖွဟ် သုံး ပါး ၏ အစိုးရသက်တမ်း) အားစည်းလုံးညီညွတ်မှုရှိစေရေး တို့ကို ရှေ့ရှုပြီး လက်နက်ကိုင် တော်လှန် ခြင်း ကိုရှောင် ကြဥ်ခဲ့ပါတယ်။ ဟီဂျရီ သက္ကရာဇ် ၃၅ ခုနှစ်တွင် လူထုအနေဖြင့် အေမာမ် အလီ (အ.စ) ထံ သစ္စာခံပြီး ခလီဖဟ် အဖြစ်ရွေးချယ်ခဲ့ကြပါတယ်။ အေမာမ်အလီ (အ.စ) ၏ ခေလာဖသ် သက်တမ်း မှာ လေးနှစ်ကိုးလခန့် ကြာခဲ့ပါတယ်။ဂျမလ်စစ် ၊ ဆစ်ဖီးန်စစ် နှင့် နဲဟ်ရဝန် စစ်ဆိုပြီး ပြည်တွင်း စစ် သုံးစစ်ဖြစ်ခဲ့ပါတယ်။ ဤအတွက်ကြောင့် အေမာမ် အလီ (အ.စ) ၏ခေလာဖသ် အုပ်ချုပ်မှု အချိန်အများစုကို အတွင်းပိုင်း အငြင်းပွားမှုများ ကို ဖြေရှင်းရန် အသုံးပြုခဲ့ရပါတယ်။

အေမာမ်အလီ (အ.စ) သည် ရမ်တွာန်လမြတ် ၁၉ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၄၀ခုနှစ်တွင် ကူဖဟ်ဗလီ ဝတ်ကျောင်းတော်၏မဲဟ်ရာဘ်နေရာ (နမာဇ်ရှေ့ဆောင်ဆရာရပ်သည့်နေရာ)တွင် နမာဇ် ဝတ်ပြုနေစဥ်အစ်ဗ် နေမိုလ်ဂျမ်မူရာဒီ (လ.န)မှ ဓားနှင့်ခုတ်ခဲ့ပါတယ်။ပြီးနောက် ရမ်တွာန် လမြတ် ၂၁ ရက်နေ့တွင် ရှဟီးဒ် ဘွဲကို ခံယူခဲ့ပါသည်။ အေမာမ် အလီ (အ.စ) အား နဂျဖ် မြို့ တွင် ဒဖ်နာ ထားပါတယ်။အေမာမ်အလီ (အ.စ) သည် ရေမတွက်နိုင်သည့် ကြီးကျယ်မြင့်မြတ်မှုအားပိုင်ဆိုင်သူဖြစ်ပါတယ်။အစ်ဗ်နေအဘာစ် ၏ ဆင့်ပြန် ချက် အရ ကျမ်းတော်မြတ် ကုရ်အာန်၏ အာယသ်တော် ပေါင်း ၃၀၀ကျော်သည် အေမာမ် အလီ(အ.စ)၏ ကြီးကျယ် မြင့်မြတ်မှု နှင့်ပတ်သက်ပြီး လာရှိကြောင်း ဆိုထားပါတယ်။ထိုနည်း တူစွာအစ်ဗ် နေအဘာစ် ၏ ဆင့်ဆိုချက်အရ ကျမ်းတော်မြတ် ကုရ်အာန် ၏ «یا أیها الذین آمنوا» ပါသည့် အာယသ်တော် တိုင်းသည် အေမာမ် အလီ(အ.စ) နှင့်သက်ဆိုင်ပြီး ကိုယ်တော် ၏ ကြီးကျယ်မြင့်မြတ်မှု ဖြစ်ပါတယ်။ အကြောင်းး မှာ အေမာမ် အလီ(အ.စ)သည် မိုအ်မင်သက်ဝင်ယုံကြည်သူများ ခေါင်းဆောင်၊ဦးသျှောင် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။                       

(၂) အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) 

ဟစန်ဘင်န်အလီ (အ.စ) ဖြစ်ပါတယ်။အေမာမ် ဟစန် မိုဂျ်သဗာ (အ.စ) ဆိုပြီး ကျော်ကြားပါတယ်။ အေမာမ် အလီ(အ.စ) နှင့် ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့ ၏သားတော် ဖြစ်ပြီး  လမြတ်ရမ်တွာန် ၁၅ ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၃ခုနှစ် တွင် မဒီနာ မြို့ တွင် မွေးဖွားခဲ့ပါတယ်။

ဖခမည်းတော် ရှဟီးဒ် ဖြစ်ပြီးနောက်၊ အေမာမ်ဟစန်  (အ.စ.) သည် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် နှင့် ဖခမည်းတော်၏ သေတမ်းစာအရ အေမာမ်မသ်တာဝန်ကို ထမ်းဆောင်လေတယ်။ ခြောက်လခန့် မွတ်စ လင်မ်များ၏ ခလီဖဟ်အဖြစ် ရပ်ရွာအရေးကို စီမံခန့်ခွဲခဲ့ပါတယ်။ထိုအချိန်ကာလတွင် မိုအာဝေယဟ် ဘင်န် အဘစိုဖီယန်သည် အေမာမ်ဟစန်(အ.စ) ခေလာဖသ်စိုက်သည့် အီရတ်သို့ စစ်ဆင်ခဲ့ပါတယ်။ပြီးနောက် အေမာမ်ဟစန်(အ.စ)တပ်၏ အကြီးအကဲများ (ဗိုလ်ချုပ်များ)ကို လှည့်ဖျားလှည့်စားပြီး ၎င်းတို့အား အေမာမ် ဟစန်(အ.စ) ပုန်ကန်အောင်ပြုပါတယ်။ဤသို့ဖြစ် အေမာမ် ဟစန် (အ.စ)သည် မတတ်နိုင်သည့် အဆုံး ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုရန် နှင့် ခေလာဖသ် ဇွဟေရီ (လက်ရှိအုပ်ချုပ်ရေး) ကို   ( မိုအာ‌ဝေယဟ်သေဆုံး ပြီးနောက်ထပ်၍ တဖန်အေမာမ်ဟစန် (အ.စ) ခေလာဖသ်ပြန်ပေးရန် ၊ အေမာမ်ဟစန် (အ.စ) ၏ ဆွေမျိုး သားချင်းများ၊ အိမ်သူ၊အိမ်သားများ ၊ အေမာမ်၏ ရှီအဟ်များ ဘေးကင်းရမည်ဆိုသည့် စည်ကမ်းသတ်မှတ် ချက်)ဖြင့် မိုအာဝေယဟ်အား ခေလာဖသ်လွဲပေးခဲ့ပါတယ်။အေမာမ် ဟစန်(အ.စ) သည် အေမာမ်မသ်တာဝန် ကို ၁၀ နှစ်ကြာ အမှုထမ်းခဲ့ပြီး ဆဖရ်လ ၂၈ ရက်နေ့ ဟီဂျရီ ၅၀ ခုနှစ်တွင် မိုအာဝေယဟ်၏ လှုံ့ဆောင် မှုကြောင့် အေမာမ်ဟစန်(အ.စ)၏ ဇနီးဖြစ်သူ ဂျိုအ်ဒဟ်၏ အဆိပ်ခတ်လုံကြံမှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါ သည်။ ကဗဲရ်စတန် ဗကီးအ် တွင်ဒဖနဟ် ထားပါတယ်။အေမာမ်ဟစန်သည် (အ.စ) ကေစာပိုင်ရှင် များ မှ တစ်ပါးဖြစ်ပါတယ်။မိုဗဟေလဟ် ဖြစ်ရပ်မှန်တွင်လည်း ကိုယ်တိုင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။အေမာမ် ဟစန် (အ.စ)သည် အဲဟ်လေ့ဘိုက်(သ)(အ.စ) ဝင်များမှ တစ်ပါးဖြစ်ပြီး အာယသ်သေသသွဟီးရ်တွင် ပါဝင်သူဖြစ် ပါတယ်။

 

(၃) အေမာမ်ဟိုစိုင်းန်(အလိုင်ဟစ်စလာမ်) 

ဟိုစိုင်းန်ဘင်န်အလီ (အ.စ) ဖြစ်ပါသည်။အဗါအဗ်ဒွလ္လာဟ် နှင့် ဆယက်ဒ်ဒွတ်ရှ်ရှိုဟဒါ အဖြစ် ကျော်ကြားပါ တယ်။ရှီအဟ်များ၏ တတိယမြောက် အေမာမ် ဖြစ်ပါတယ်။အေမာမ် အလီ (အ.စ) နှင့်ဟဇရသ် ဖွာတွေမဟ် (စ.အ) တို့၏ ဒုတိယ‌မြောက် သားတော် ဖြစ်ပါတယ်။ ရှအ်ဗာန်လ ၃ ရက်နေ့ ဟီဂျရီ သက္ကရာဇ် ၄ ခုနှစ် တွင် မဒီနာ မြို့ တွင် မွေးဖွားခဲ့ပါတယ်။အေမာမ်ဟိုစိုင်းန် (အ.စ)သည် အစ်ကို တော် အေမာမ် ဟစန် (အ.စ) ရှဟီးဒ် ဖြစ်ပြီးနောက် တမန်တော်မြတ် (ဆွ) နှင့် အေမာမ် အလီ (အ.စ) တို့၏ အမိန့်တော် နှင့် အစ်ကိုတော် အေမာမ် ဟစန်(အ.စ)၏သေတမ်းစာ အရ အေမာမ်မသ် တာဝန်ကို ထမ်းဆောင် ခဲ့ပါတယ်။အေမာမ် ဟိုစိုင်းန်(အ.စ) သည်အေမာမ်မသ်တာဝန် ကို ဆယ်နှစ်ကြာ အမှုထမ်းခဲ့ပါတယ်။အေမာမ် ဟိုစိုင်းန် (အ.စ) ၏ အေမာမ်မသ် သက်တမ်း ၏နောက်ဆုံး ‌ခြောက်လ မှအပ မိုအာဝေယဟ် ခေလာဖစ်တွင် ရှိခဲ့ပါတယ်။မိုအာဝေယဟ် ဟီဂျရီ ၆၀ ခုနှစ်တွင် ကွယ်လွန် ခဲ့ပြီး ၎င်း၏သား ယဇီးဒ် ၎င်းနေရာကို ယူခဲ့ပါတယ်။ယဇီးဒ် မဒီနာမြို့ဝန်အား အေမာမ် ဟိုစိုင်းန် (အ.စ)  မိမိထံ သစ္စာခံ ဘိုက်အသ် ယူရန် ဘိုက်အသ် မယူလျှင် အေမာမ် ဟိုစိုင်းန် (အ.စ) ခေါင်းတော် အား ဖြတ်၍ ဆီးရီးသိူ့ ပို့ပေးရန် အမိန့် ပေးခဲ့ပါတယ်။မဒီနာမြို့ဝန် သည် ယဇီးဒ် တောင်းဆိုသည့် အတိုင်း အေမာမ် ဟိုစိုင်းန် (အ.စ) အားဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။အေမာမ် ဟိုစိုင်းန် (အ.စ) သည်ညအချိန်တွင် မိမိအိမ်သူအိမ်သားဆွေမျိုးများနှင့်အတူ မက္ကာဟ်မြို့တော် သို့ခရီး ထွက်ခဲ့ပါတယ်။အ ချိန် အချို့ ကြာပြီးနောက် ကူဖဟ်မြို့သားများ၏ ဖိတ်ကြားချက်အရမိမိ၏ မိသားစုနှင့် အပေါင်းအဖော်တစ်စု နှင့်အတူ ကူဖဟ်မြို့ သို့ထွက်ခွာခဲ့ပါတယ်။အေမာမ် နှင့် ၎င်း၏အပေါင်းအဖော်များသည် ကရ်ဗလာ မြို့ တွင်  ယဇီးဒ်  စစ်တပ်၏ ဝိုင်းရံထားခြင်း ကိုခံရ ပြီး မုဟရမ် ၁၀ ရက်တွင် အိုမရ်ဘင်န် စအ်ဒ် ကွပ်ကဲသည့်ယဇီးဒ် တပ် သည် အေမာမ် အား တိုက်ခိုက်ခဲ့ကြပါတယ်။အေမာမ် (အ.စ)၊ အေမာမ် ၏ အိမ်သားများ ၊အေမာမ် ၏ သစ္စာရှင် သာဝကတော် များရှဟီးဒ် ဖြစ်ခဲကြပါတယ်။အမျိုးသမီးများ၊ ကလေးငယ်များ  နှင့် ဖျားနာနေသည့် အေမာမ် စဂျာဒ်(အ.စ) တို့  သည် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

အေမာမ်ဟိုစိုင်းန် သည် (အ.စ) ကေစာပိုင်ရှင် များ မှ တစ်ပါးဖြစ်ပါတယ်။မိုဗဟေလဟ် ဖြစ်ရပ်မှန် တွင် လည်း ကိုယ်တိုင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။အေမာမ် ဟိုစိုင်းန် (အ.စ) သည် အဲဟ်လေ့ဘိုက်(သ) (အ.စ) ဝင်များ မှ တစ်ပါးဖြစ်ပြီး အာယသ်သေ သသွဟီးရ် တွင် ပါဝင်သူဖြစပါတယ်။

 

(၄)အေမာမ် စဂျာဒ်(အလိုင်ဟစ်စလာမ်) 

အလီဘင်န်ဟိုစိုင်းန်(အ.စ)ဖြစ်ပါသည်။ စဂျာဒ် (အ.စ) နှင့် ဇိုင်နိုလ်အာဗေဒီးန်  (အ.စ) အဖြစ် လူသိ များ ပါ တယ်။ရှီအဟ်များ ၏ လေးပါးမြောက် အေမာမ် (အ.စ)ဖြစ်ပါတယ်။ အေမာမ် ဟိုစိုင်းန် (အ.စ) နှင့်တတိယ  ယဇ်ဒ် ဂရ်ဒ် ၏သမီးတော် ရှဲဟ်ဘာနူး (စ.အ)တို့ ၏ သားတော်ဖြစ်ပါတယ်။ ဟီဂျရီ သက္ကရာဇ် ၃၈ ခုနှစ် တွင် မဒီနာ မြို့ တွင် မွေးဖွားခဲ့ပါတယ်။

အေမာမ်စဂျာဒ်(အ.စ) သည် ကရ်ဗလာတွင် ဖမ်းဆီးခံရပြီး ကရ်ဗလာတွင်အဖမ်းခံရသူများ နှင့် အတူကူဖဟ် (65)  နှင့် ရှမ်း( ဆီးရီးယား)  (66) သို့ခေါ်ဆောင် သွားခြင်းခံခဲ့ရပါတယ်။အေမာမ် စဂျာဒ် (အ.စ) ဆီးရီးယား (ရှမ်း)တွင် မိမိနှင့် မိမိ၏ဘိုးဘေးများကို မိတ်ဆက်ပေးသည့်ခွသ်ဗဟ် တစ်ခုအား မိန့်ကြားခဲ့ပါတယ်။ထို ခွသ်ဖဟ်သည် လူထုအားအာနိသင် ဖြစ်စေခဲ့ပါတယ်။အေမာမ်စဂျာဒ်(အ.စ)သည် အကျဥ်းသား အဖြစ်မှ လွတ်‌မြောက်ပြီး မဒီနာမြို့သို့ ပြန်ပို့ခြင်းခံခဲ့ရပါတယ်။ မဒီနာြမို့တွင် အေဗာဒသ် ပြုခြင်းဖြင့် ဘဝတည် ဆောက်ခဲ့ပါတယ်။အထူး ရှီအဟ်များ ဖြစ်ကြသည့် ပမာအားဖြင့် အဘူဟမ်ဇဟ်ဆိုမာလီနှင့် အဘူခါလစ်ဒ် ကာဘူလီ တို့နှင့် အဆက်အသွယ် ရှိခြင်းမှအပ အခြားသူများနှင့် အဆက်အသွယ် မပြုခဲ့ချေ။ခါဝါဇ် (သာ သနာပညာရှင်များ )အနေဖြင့် အေမာမ်(အ.စ)ထံသင်ကြားပြီး ရှီအဟ်များအကြား ပြန်လည် သင်ကြား ပို့ချခဲ့ကြပါတယ်။ရှီအဟ်များ၏ လေးပါးမြောက်အေမာမ်သည် ၃၄နှစ်တာ အေမာမ်မသ်တာဝန်ကို ထမ်း ဆောင်ခဲ့ပြီးဟီဂျရီ သက္ကရာဇ် ၉၅ခုနှစ် သက်တော် ၅၇ နှစ်တွင် (70)ဝလီးဒ်ဘင်န်အဗ်ဒိုမလစ်က် (လ.န) ၏ အဆိပ်ခေတ်သတ် မှုကြောင့် ရှဟီးဉ်ဖြစ်ခဲ့ပါတယ်။ကဗရ်စတန် ဗကီးအ်  တွင် မိမိ၏  ဦးရီးတော် အေမာမ် ဟစန် (အ.စ) ၏ဘေး တွင် ဒဖ်နာထားပါတယ်။

ဆဟီးဖဟ် စဂျာဒီယဟ် ကျမ်း သည် အေမာမ် စဂျာဒ် (အ.စ)၏ ဒိုအာများ(တောင်းဆုတော်များ ) ကို ဆင့်ပြန်ထားသည့် ကျမ်းတစ်ကျမ်းဖြစ်ပါတယ်။ဆဟီးဖဟ် စဂျာဒီယဟ် ကျမ်း၏ ဒိုအာ‌တောင်း ဆုတော် အများစုတွင် သောင်ဟီးဒ် အကြောင်း အရာများ ဖြစ်ပါတယ်။ အလ္လာဟ်ထံတွင် ငိုကျွေး ခြင်းဖြင့် တောင်းခံထား ချက်များ ဖြစ်ပါတယ်။အေမာမ် စဂျာဒ် (အ.စ) သည် ဆဟီးဖဟ် စဂျာဒီယဟ် ကျမ်း တွင် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများနှင့် လူမှုနိုင်ငံရေး ဘဝနေထိုင်မှုပုံစံအား ဒိုအာ ပုံစံ မိုနာဂျာသ် (တောင်းခံမှုများ) ပုံစံဖြင့် တင်ပြ သင်ကြားပေးထားပါတယ်။ဆဟီးဖဟ် စဂျာဒီယဟ် ကျမ်း သည် နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း ပြီးနောက် ရှီအဟ်များ လောကတွင်အရေးအကြီးဆုံး အထင်ရှားဆုံး ကျမ်း ဖြစ်ပါတယ်။ဆဟီးဖဟ် စဂျာဒီယဟ် ကျမ်း နှင့် နဲဟ်ဂျိုလ်ဗလာဂဟ် ကျမ်း သည် နက်နဲ ပြည့်စုံသည့် လောက မြင် ကျမ်း ဖြစ်ပါတယ်။

(၅)အေမာမ် ဘကဲရ်(အလိုင်ဟစ်စလာမ်) 

မိုဟမ္မဒ် ဘင်န် အလီ  (အ.စ)ဖြစ်ပါတယ်။ အေမာမ် မိုဟမ္မဒ် ဘာကဒရ် (အ.စ) အဖြစ် ကျော်ကြား ပါ တယ်။ရှီအဟ်များ ၏ ငါးပါးမြောက်အေမာမ်ဖြစ်ပါတယ်။ အေမာမ် စဂျာဒ် (အ.စ) နှင့် အေမာမ် ဟစန် (အ.စ) ၏သမီးတော် ဖွာတွေမဟ်တို့၏သားတော်ဖြစ်ပါတယ်။ ဟီဂျရီ သက္ကရာဇ် ၅၇ ခုနှစ် တွင် မဒီနာ မြို့ တွင် မွေးဖွား  ခဲ့ပါတယ်။အေမာမ်ဘာကဲရ် (အ.စ) သည် မိမိဖခမည်းတော် ရှဟီးဒ် ဖြစ်တော်မူပြီးနောက် အလ္လာဟ် ဟို အရှင်မြတ်၏အမိန့်တော် တမန်တော်မြတ်(ဆွ) မိမိအထက်အေမာမ်(အ.စ)၏ မိတ်ဆက်ပေးမှု အေမာမ် မသ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။အေမာမ်ဘာကဲရ်(အ.စ)သည် ဟီဂျရီ ၁၁၄ ခုနှစ် (81)တွင် အမဝီ ခလီဖဟ် ဟရှာမ် ၏ တူ အီဗရာဟီးမ် ဘင်န် ဝလီးဒ်ဘင်န် အဗ်ဒိုလ်မလစ်က် မှအဆိပ်ခတ် သတ်ဖြတ် ခဲ့သည့် အတွက် ရှဟီးဒ်ဖြစ်ခဲ့ရပါတယ်။ကဗရ်စတန်ဗကီးအ်တွင် မိမိ၏ဖခမည်းတော် အေမာမ်စဂျာဒ်(အ.စ) ၏ဘေး တွင် ဒဖ်နာထားပါတယ်။ အေမာမ် ဘာကဲရ် (အ.စ) သည် သည် ကရ်ဗလာ  တွင် ရှိနေခဲ့ပြီး ထိုအချိန်တွင် အေမာမ် သည် လေးနှစ်သား ရှိပြီဖြစ်ပါတယ်။

အေမာမ် ဘာကဲရ် (အ.စ) ၏ အေမာမ်မသ် သက်တမ်း မှာ ၁၈နှစ် သို့မဟုတ် ၁၉နှစ် သာကြာမြင့်ခဲ့ပြီး အခြားတစ်ဖက်တွင် ဘနီအိုမိုင်ယဟ်၏ ရက်စက်ကြမ်းကြုတ်မှု ဒဏ်များ ကြောင့် နေ့စဥ် တော်လှန် ရေးနှင့် စစ်ပွဲများဖြစ်ခဲ့ရပါတယ်။ဤရှုပ်ထွေး မှုများသည် ခေလာဖသ် စနစ်အား အလုပ်များ အလုပ်ရှုပ်စေခဲ့ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ) တိုက်ခိုက်ခြင်း မှ ဝေးကွာစေခဲ့ပါတယ်။နောက် အခြားတစ်ဖက်တွင်လည်း ကရ်ဗလာ၏ ဖြစ်ရပ်မှန်  နှင့် အဲဟ်လေ့ဘိုက်(သ)(အ.စ) ၏မဇ်လူးမီယသ် သည် မွတ်စလင်မ်များ ကို ဆွဲဆောင် စေခဲ့ပါတယ်။ အစ္စလာမ် ဘာသာ၏အမှန်တရားများကိုဖြန့်ဝေရန် အဲဟ်လေ့ဘိက်(သ)(အ.စ) ၏ သွန်သင်ချက်များကို ဖြန့်ဝေရန် အေမာမ် ဘာကဲရ် (အ.စ) အခွင့်အရေး ရခဲ့သလို အေမာမ်ဘာကဲရ်(အ.စ ) ထက် အရင် အခြားအေမာမ်များ မရရှိခဲ့ကြချေ။ ဤအတွက်ကြောင့် အေမာမ်ဘာကဲရ် (အ.စ) ထံမှ ဆင့်ပြန် သည့် မရေမတွက် နိုင်သည့် ဟဒီးစ်တော်များ လာရှိပါတယ်။ ရှိက်ခ် မိုဖီးဒ်  ၏ အဆိုအရ အေမာမ် ဘာကဲရ် (အ.စ)၏ ဘာသာရေးသွန်သင်ချက်များဆိုင်ရာ ဟဒီးစ်တော်များမည်မျှ အထိများပြားသည် ဆိုလျှင် အေမာမ် ဟစန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) တို့ ၏သားသမီးများတွင်မည်သူ မျှ  အေမာမ် ဘာကဲရ်  (အ.စ) ဆင့်ပြန်ထားသည့် အတိုင်း အတာ အထိ မည်သူမျှမရှိ ကြောင်း ဖြစ်ပါတယ်။

(၆)အေမာမ် ဆွာဒစ်က်(အလိုင်ဟစ်စလာမ်)  )

ဂျအ်ဖရ်ဘင်န် မိုဟမ္မဒ် (အ.စ) ဖြစ်ပြီး အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) အဖြစ်လူသိများပါတယ်။ ရှီအဟ်များ၏ ခြောက်ပါး မြောက်အေမာမ် ဖြစ်ပါတယ်။အေမာမ် ဘာကဲရ်(အ.စ) နှင့်ကာစင်မ်ဘင်န် မိုဟမ္မဒ် ဘင်န်အဘီဘက်ရ်၏သမီးတော် အွန်မ်မေဖရ်ဝဟ်(စ.အ)တို့၏ သားတော်ဖြစ်ပါတယ်။ ရဘီအိုလ် အောင်ဝဲလ် လ ၁၇ရက်နေ့ ဟီဂျရီ ၈၃ ခုနှစ်တွင် မဒီနာ မြို့တွင် ဖွားမြင်ခဲ့ပါတယ်။အေမာမ် ဆွာဒစ်က် (အ.စ) ဟီဂျရီ သက္ကရာဇ် ၁၄၈ ခုနှစ် (90) တွင် မန်ဆူရ် ခလီဖဟ် အဘာစ်စီ  မှအဆိပ်ခတ် သတ်ဖြတ် ခဲ့သည့် အတွက် ရှဟီးဒ်ဖြစ်ခဲ့ရပါသည်။(91) ကဗရ်စတန် ဗကီးအ်  တွင် ဒဖ်နာထား ပါတယ်။

အေမာမ် ဆွာဒစ်က် (အ.စ)၏ အေမာမ်မသသက်တမ်း မှာ ၃၄နှစ်တာ ကြာမြင့်ခဲ့ပါတယ်။အမဝီ အစိုးရ၏ အားနည်းလာမှုကြောင့် အစ္စလာမ့်သွန်သင်ချက်များကို ထုတ်ဝေရန်အတွက် သင့်လျော်သော အ‌ခြေအနေ တစ်ခုကို ရရှိခဲ့ပါတယ်။ထို့ကြောင့် ဘာသာရေးဆိုင်ရာ သွန်သင်ချက်များစွာကို ထုတ်ဝေခြင်း ပညာရပ်အမျိုး မျိုးဆိုင်ရာ အကျော်အမော် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ် အမြောက်အများကို မွေးထုတ်ပေးခြင်း တို့ ကို ပြုလုပ်ခဲ့ပါတယ်။အေမာမ် ဆွာဒစ်က်(အ.စ)  ဟီဒီးစ်တော်များကိုဆင့်ပြန်သည့် တပည့်တော်ပေါင်း ၄၀၀၀ (လေးထောင်) ဖြစ်ပါတယ်။တပည့်များမှာပမာအားဖြင့် ဇရာဇဟ် ၊ မိုဟမ္မဒ် ဘင်န် မွတ်စလင်မ် ၊ မိုအ်မင် သွာက်၊ ဟရှာမ်ဘင်န်ဟကမ်၊အဘာန်ဘင်န်သဂ်လဗ်၊ ဟရှာမ်ဘင်န် စာလင်မ် ၊ဂျာဘေရ် ဘင်န် ဟယန်းန် အဲဟ်လေ့စွန္နသ် တပည့်များ မှာပမာအားဖြင့် စိုဖ်ယန်းစောင်ရီ ၊ အဘူဟနီဖဟ် (ဟနဖီမဇ် ဟဗ်ကိုတည် ထောင်သူ) ၊မာလစ်က်ဘင်န် အနစ် (မာလစ်က်ကီမဇ်ဟဗ် တည် ထောင် သူ) တို့ဖြစ်ပါတယ်။

ရှိက်ခ်မိုဖီးဒ်၏ အဆိုအရ အဲဟ်လေ့ဘိုက်(သ)(အ.စ) အတွင်း ဟဒီးစ်တော် အများဆုံးမှာ အေမာမ်ဆွာ ဒစ်က်(အ.စ) ဖြစ်ကြောင်း ဤသက်သေအတွက်ကြောင့် ရှီအဟ် မဇ်ဟဗ်အားဂျအ်ဖရီယဟ်မဇ်ဟဗ် ဟုခေါ်ဆို ရခြင်း ဖြစ်ကြောင်း ဖြစ်ပါတယ်။

(၇) အေမာမ် မူစာယေကာဇင်းမ် (အလိုင်ဟစ်စလာမ်) 

မူစာဘင်န် ဂျအ်ဖရ် (အ,စ) ဖြစ်ပါတယ်။အေမာမ်မူစာယေကာဇင်းမ် (အ.စ) အမည်ဖြင့် ကျော်ကြားပြီး ကာဇင်းမ် ၊ ဗါဗိုလ်ဟဝါအေရှ်အဖြစ် လူသိများပါတယ်။ရှီအဟ်များ၏ ခုနှစ်ပါးမြောက်(သတ္တမမြောက်)  အေမာမ် ဖြစ်ပါတယ်။အေမာမ် ဆွာဒစ်က် (အ.စ) နှင့် ဟဇရသ် ဟမီးဒဟ် (စ.အ) တို့ ၏ သားတော်ဖြစ် ပါသည်။ ဟီဂျရီ သက္ကရာဇ် ၁၂၈ ခုနှစ်တွင် မက္ကဟ် နှင့်မဒီနာ ကြားရှိ အဗ်ဝါအ် ဒေသတွင် ဖွားမြင်ခဲ့ ပါ တယ်။အေမာမ်ကာဇင်းမ် (အ.စ)သည် မိမိ၏ဖခမည်းတော်ပြီးနောက် ဖခမည်းတော်အေမာမ် ဆွာဒစ်က် (အ.စ)၏ အမိန့်တော် အရ အေမာမ်မသ် တာဝန်ကိုထမ်းဆောင်ရပါတယ်။ခုနှစ်ပါးမြောက်အေမာမ် ၏ အေမာမ် မသ်သက်တမ်း မှာ ၃၅ နှစ်တာ ဖြစ်ပါတယ်။မန်ဆူရ် ဟာဒီ မဲဟ်ဒီ နှင့် ဟာရွန်းခလီဖဟ် အဘာစ်စီ တို့သည့် တစ်ခေတ် တစ်ချိန်တည်းဖြစ်ကြပါတယ်။ဤကာလသည် အဘာစ်စီ ခေလာဖသ်၏ တန်ခိုး အာဏာ မြင့်မားနေချိန် ဖြစ်ပြီး အေမာမ် ကာဇင်းမ် (အ.စ) နှင့် ရှီအဟ်များအတွက် ခက်ခဲသည့် အချိန်ကာလ ဖြစ်ပါတယ်။ထိုကြောင့် အေမာမ် ကာဇင်းမ် (အ.စ) သည် ‌မိမိ ခေတ်ကာလ ၏ အဘာစ်စီ ခလီဖွာ နှင့် ရင်ဆိုင်ရင် အခြေအနေ အရ သကိုင်ယဟ် ပြုခဲ့တော်မူပြီး ရှီအဟ်များကိုလည်းဘဲ သကိုင်ယဟ် ပြုကြ ရန် မိန့်ကြား တော်မူခဲ့ ပါတယ်။ ဟီဂျရီ သက္ကရာဇ် ၁၇၉ခုနှစ် ရှောင်ဝါလ်လ ၂၀ရက်နေ့ တွင် ဟာရွန်းသည် ဟဂျ် လုပ်ရန် မဒီနာ မြို့သို့ ခရီးထွက်ခဲ့ပါတယ်။ဟာရွန်း ၏အမိန့်ဖြင့်  အေမာမ် ကာဇင်းမ် (အ.စ) သည် မဒီနာ တွင် ဖမ်းဆီး အကျဥ်းချခံခဲ့ရပါတယ်။ပြီးနောက် မဒီနာ မှာ ဘဆွရဟ် ၊ ဘဆွရဟ် မှ ဘဂ္ဂဒက် သို့  ပြောင်းရွေ့ စေခဲ့ပါတယ်။ဟီဂျရီ သက္ကရာဇ် ၁၈၃ခုနှစ်တွင် အေမာမ် ကာဇင်းမ် (အ.စ) သည် ဘဂ္ဂဒက် အကျဥ်း ထောင် တွင် စင်ဒီ ဘင်န် ရှာဟစ်က် ၏ အဆိပ်ခတ်မှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။«မကာဘေရ် ကိုရိုင်းရှ် » ခေါ်သည့်နေရာ ယနေ့ ကာဇမှိုင်း တွင် အေမာမ်(အ.စ) အား ဒဖ်နာခဲ့ ပါတယ်။

(၈) အေမာမ် ရေဇာ(အလိုင်ဟစ်စလာမ်) 

အလီဘင်န် မူစာဘင်န် ဂျအ်ဖရ် (အ.စ) ဖြစ်ပါတယ်။အေမာမ် ရေဇာ (အ.စ) အမည်ဖြင့်ကျော်ကြားပါတယ်။ရှီအဟ်များ၏ ရှစ်ပါးမြောက်(အဋ္ဌမမြောက်) အေမာမ် ဖြစ်ပါတယ်။အေမာမ် ကာဇင်းမ်(အ.စ) နှင့် ဟဇရသ် နဂျ်မဟ်ခါသွန် (စ.အ) တို့၏ သားတော်ဖြစ်ပြီး ဟီဂျရီ သက္ကရာဇ် ၁၄၈ ခုနှစ် တွင် မဒီနာမြို့တော် ဖွားမြင်ခဲ့ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၀၃ခုနှစ် တွင် သက်တော် ၅၅ နှစ် အရွယ် တွင် သူစ် (မရှ်ဟဒ်) မြို့  တွင် ရှဟီးဒ် ဖြစ်တော် မူခဲ့ပါတယ်။အေမာမ်ရေဇာ(အ.စ) မိမိ၏ဖခမည်းတော်ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ်၏ အမိန့်တော် နှင့် အေမာမ်ကာဇင်းမ် (အ.စ)အမိန့်တော် ဖြင့် အေမာမ်မသ်တာဝန် ကို ထမ်းဆောင် ခဲ့ပါတယ်။အေမာမ်ရေဇာ(အ.စ)၏ အေမာမ်မသ်သက်တမ်း မှာ (ဟီဂျရီ သက္ကရာဇ် ၁၈၃ ခုနှစ် မှ ၂၀၃ ခုနှစ် ထိ) နှစ် ၂၀ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ အေမာမ်ရေဇာ (အ.စ) သည် ဟာရွန်း နိုရ်ရရှီးဒ် ပြီးနောက် ၎င်း၏ သားတော် အမီးန် နှင့် မာမူန် တို့ ၏ခလီဖဟ်လုပ်အုပ်ချုပ်သည့် နှင့် ရင်ဆိုင်ခဲ့ရပါတယ်။

ဟာရွန်း နိုရ်ရရှီးဒ် ပြီးနောက် မာမူန် ခလီဖဟ် ဖြစ်လာခဲ့ပါတယ်။မာမူန်သည် မိမိ၏  ခေလာဖသ် ကိုတရား ဝင်ဖြစ်စေရန် အေမာမ် ရေဇာ (အ.စ) ၏လုပ်ဆောင်မှုများကို ထိန်းချုပ်ရန် နှင့် အေမာမ်မသ် ၏အဆင့်အ တန်းနှင့် ဂုဏ်သိက္ခာကို လျှော့ချရန် အတွက်မာမူန် သည် အဋ္ဌမမြောက် (ရှစ်ပါးမြောက်)အေမာမ်(အ.စ) အား မိမိ၏အိမ်ရှေ့မင်းသား အဖြစ်ခန့်အပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ဤအတွက်ကြောင့် ၎င်းအနေဖြင့် အေမာမ် ရေဇာ (အ.စ) အား ဟီဂျရီ ၂၀၁ခုနှစ် (114)တွင် မဒီနာ မြို့ မှ မရ်ဝ် သို့ ဆင့်ခေါ်ခဲ့ပါတယ်။ဦးစွာ မာမူန် သည် ခေလာဖသ် ယူပြီးနောက် မိမိ ၏အိမ်ရှေ့မင်းသား အဖြစ် လက်ခံရန်  အေမာမ် ရေဇာ(အ.စ) မေတ္တာ ရပ်ခံခဲ့ ပါတယ်။ အေမာမ် (အ.စ) အနေဖြင့်လည်း သဘောမတူခဲ့ ချေ။ သို့သော် နောက်ဆုံးတွင် မာမူန် သည် အိမ်ရှေ့ မင်းသား အဖြစ် လက်ခံရန် အေမာမ် အား အတင်းအကြပ် ခိုင်းစေခဲ့ပါတယ်။အေမာမ် ရေဇာ (အ.စ) အနေဖြင့် မိမိသည် အစိုးရကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်းပြုမည်မဟုတ်ဟုဆိုသည့် စည်းကမ်း သတ်မှတ် ချက်ဖြင့် အိမ်ရှေ့မင်း အဖြစ်လက်ခံ ပေးခဲ့ပါ တယ်။အချိန်အတန်ကြာပြီးနောက်တွင် ရှီအဟ် ၏ လျင်မြန်သောတိုးတက်မှုကိုမြင်ပြီး မိမိ၏ ခေလာဖသ် ကိုထိန်းသိမ်းရန်အတွက် မာမူန် သည် အေမာမ် ရေဇာ (အ.စ) အား အဆိပ်ခတ် ၍ ရှဟီးဒ် ပြုခဲ့ပါ တယ်။

ကျော်ကြားသည့် ဟဒီးစ်စေစေလ်စေလသွန်ဇ်ဇဟ်ဗ် (سلسلة الذهب)သည် အေမာမ်ရေဇာ (အ.စ) နိုက်ရှားပူးရ် မှ မရ်ဝ်သို့ ကြွမြန်းနေစဥ် အေမာမ် (အ.စ)ထံ မှ ဆင့်ပြန် ရေးသားခဲ့ကြခြင်း ဖြစ်ပါတယ်။မရ်ဝ်သို့ အေမာမ် ရေဇာ (အ.စ) ကြွမြန်းလာပြီး သီတင်းသုံးနေစဥ် မာမူန်သည် အခြားဘာသာများ ၏ပညာရှင်များ ။ အခြားမဇ် ဟဗ်များ၏ ပညာရှင်များ နှင့် မိုနာဇေရဟ် (မိမိနှင့်တစ်ဘက်သူ အကြား အမြင်များသက်သေများ ဖလှယ် ခြင်းချေပခြင်း)များကို ပြုလုပ်စေခဲ့ပါတယ်။ဤမိုနာစေရဟ်များကြောင့် အေမာမ်(အ.စ)၏ ပညာနှင့် အသိ ၏သာလွန် မှုအားထုတ်ဖော် ပြီး ဖြစ်သွားပေတယ်။

(၉) အေမာမ် ဂျဝါဒ် (အလိုင်ဟစ်စလာမ်) 

မိုဟမ္မဒ်ဘင်န်အလီ ဖြစ်ပါတယ်။အေမာမ်ဂျဝါဒ်(အ.စ)အမည်ဖြင့်ကျော်ကြားပါတယ်။အေမာမ် မိုဟမ္မဒ်နကီ (အ.စ)သည် ရှီအဟ်အစ်နာအရှ်ရီ (ခ) ရှီအဟ် အေမာမ်မီယဟ် များ၏ ကိုးပါးမြောက် (နဝမမြောက်) အေမာမ် ဖြစ်ပါတယ်။အေမာမ် ရေဇာ (အ.စ) နှင့် ဟဇရသ် စဘီကဟ် နောင်ဘီယေဟ် (စ.အ) ၏ သားတော်ဖြစ်ပြီး ဟီဂျရီ သက္ကရာဇ် ၁၉၅ ခုနှစ် လမြတ် ရမ်တွာန် တွင် မဒီနာမြို့ တွင် ဖွားမြင်ခဲ့ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၂၀ ခုနှစ်တွင် ဘဂ္ဂဒက် မြို့  တွင် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။အေမာမ်ဂျဝါဒ်(အ.စ) အား မကာဘေရ် ကိုရိုင်းရှ် ခေါ် ကာဇမှိုင်းတွင် မိမိ၏အဘိုး  အေမာမ်ကာဇင်းမ်(အ.စ) ၏ ကဘဲရ်တော် ဘေး တွင် ဒဖ်နာ ထားပါတယ်။

အေမာမ် ဂျဝါဒ် (အ.စ)  သည် ရှစ်နှစ်သား  (123) အရွယ်တွင် မိမိဖခမည်းတော်၏ အမိန့် ဖြင့် အေမာမ်မသ် တာဝန် ကို ထမ်းဆောင် ခဲ့ပါတယ်။အေမာမ် ဂျဝါဒ် (အ.စ) သည် အသက် ငယ်ငယ်ရွယ်ရွယ် အေမာမ်မသ် တာဝန်ကိုထမ်းဆောင်ရသည့် အတွက် အချို့ ရှီအဟ် များသည် အေမာမ် (အ.စ) ၏ အေမာမ်မသ် အပေါ် သံသယ ဖြစ်ခဲ့ကြပါတယ်။အချို့သည် အေမာမ်ရေဇာ(အ.စ)၏ နောင်တော် အဗ်ဒို လ္လာဟ် ဘင်န် မူစာ အား အေမာမ် အဖြစ်လက်ခံ ကြပါတယ်။အချို့သည်ဖေရ်ကဟ်ဝါကီဖီယေ ဖြစ်ကုန်ကြ ပါတယ်။သို့သော် ရှီအဟ် အများစု မှာ နဆ်(အလ္လာဟ်အမိန့်အတိအကျ) အေမာမ်မသ် နှင့် ပညာပိုင်း ဆိုင် ရာ စမ်းသပ်မှုများကြောင့် အေမာမ် ဂျဝါဒ် (အ.စ) ၏အေမာမ်မသ် အားလက်ခံ ခဲ့ကြပါတယ်။အေမာမ်ဂျဝါဒ်(အ.စ) အေမာမ်မသ် သက်တမ်း မှာ ၁၇ နှစ် (126)  ဖြစ်ပါတယ်။အေမာမ် (အ.စ) သည် မာမူန် နှင့် မအ်သဆင်မ် ခလီဖာများ လက်ထက် နှင့်တိုက်ဆိုင်ခဲ့ပါတယ်။

ဟီဂျရီ ၂၀၄ ခုနှစ် တွင် အေမာမ် ဂျဝါဒ် (အ.စ) နှင့် အေမာမ် ၏ ရှီအဟ်များ ကို  စောင့်ကြည့်ရန်အတွက် မာမူန် သည် ထိုအချိန်က ခေလာဖသ် ၏မြို့တော်ဖြစ်သည့် ဘဂ္ဂဒက်မြို့သို့ အေမာမ် ဂျဝါဒ် (အ.စ) ကို ဆင့် ခေါ်ပြီး မိမိ ၏သမီး  အွန်မိုလ်ဖွဇ် နှင့်အိမ်ထောင် ပြုပေးခဲ့ပါတယ်။အေမာမ် (အ.စ) သည် အချိန်အတော် ကြာပြီးနောက် မဒီနမြို့သို့ ပြန်သွားတော်မူလေတယ်။မာမူန်၏ ခေလာဖသ်အထိ မဒီနမြို့တွင် နေထိုင်ခဲ့ ပါတယ်။မာမူန် ကွယ်လွန်ပြီးနောက် မအ်သဆင်မ် သည်ခလီဖာ၏ ဇက်ကြိုးကို လွဲပြောင်းရယူခဲ့ပြီး ဟီဂျရီ ၂၂၀ ခုနှစ် တွင် ဘဂ္ဂဒက်မြို့သို့ အေမာမ် (အ.စ) ကို ဆင့်ခေါ်ဆောင်ကာ ကြည့်ရှုထိန်းချုပ် ခဲ့ပြီး နောက်ဆုံးတွင် မအ်သဆင်မ် လှုံ့ဆော်မှုကြောင့် အေမာမ် ဇနီး မှ အေမာမ် အား အဆိပ်ခတ် ရှဟီးဒ် လုပ်ခဲ့ ပါတယ်။

 (၁၀) အေမာမ် ဟာဒီ (အလိုင်ဟစ်စလာမ်) 

အလီဘင်န် မိုဟမ္မဒ် (အ.စ)ဖြစ်ပါတယ်။အေမာမ် ဟာဒီ (အ.စ) သို့မဟုတ် အေမာမ်အလီယွန်နကီ (အ.စ) အမည်ဖြစ် ‌ကျော်ကြားပါတယ်။အေမာမ်ဟာဒီ (အ.စ)သည် ရှီအဟ်အစ်နာအရှ်ရီ (ခ) ရှီအဟ် အေမာမ်မီယဟ် များ၏ ဆယ့်ပါးမြောက် အေမာမ် ဖြစ်ပါတယ်။အေမာမ် ဂျဝါဒ်(အ.စ)နှင့် ဟဇရသ် စမာနဟ် မဂ်ရေဘီယေဟ် (စ.အ) တို့၏ သားတော် ဖြစ်ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၁၂ ခုနှစ်တွင် မဒီနာမြို့ အနီး ရှိ ဆရ်ယာ အမည် ရှိ ဒေသ တွင် ဖွားမြင်ခဲ့ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၅၄ ခုနှစ်တွင် စာမရာအ်(131) ၌ အဘာစ်စီ ခလီဖဟ် အလ်မိုအ်သဇေ ဘေလ္လာဟ် ၏ အဆိပ်ခတ် မှုဖြင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

အေမာမ်ဟာဒီ (အ.စ) သည် ရှီအဟ်များ အေမာမ် အဖြစ်  အေမာမ်မသ်သက်တမ်း မှာ (ဟီဂျရီ သက္ကရာဇ် ၂၂၀ ခုနှစ် မှ ၂၅၄ ခုနှစ် ထိ) နှစ် ၃၃ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ဤကာလအတွင်း အေမာမ် (အ.စ)သည် မိုအ်သဆင်မ်၊ ဝါစေက်၊ မိုသဝကေလ် ၊မွန်သဆေရ် ၊ မိုစ်သအီးန် နှင့် အလ်မိုအ်သဇေ ကဲ့သို့သော အဘာစ်စီ ခလီဖဟ် ခြောက်ယောက်နှင့် ရင်ဆိုင်ခဲ့ရပါတယ်။

မိုသဝကေလ်သည် အေမာမ် ဟာဒီ (အ.စ) အား အားမိမိထိန်းချုပ်မှုအောက်တွင်ထားရန် ဟီဂျရီ သက္ကရာဇ် ၂၃၃ခုနှစ်တွင် မဒီနာမြို့ မှ ထိုအချိန်တွင် ခေလာဖသ် ၏ မြို့တော် ဖြစ်သည့် စာမရာအ်မြို့ သို့ဆင့်ခေါ် ခဲ့ပါတယ်။အေမာမ် ဟာဒီ (အ.စ) ဤ စာမရာအ် မြို့ တွင် နောက် ဆုံးအချိန်အထိ နေထိုင်ခဲ့ပါတယ်။မိုသ ဝကေလ် ကွယ်လွန်ပြီးနောက် မိုသဝကေလ် ၊မွန်သဆေရ် ၊ မိုစ်သအီးန် နှင့် မိုအ်သဇေတို့ အသီးသီး ခေလာဖသ် ယူခဲ့ကြပါတယ်။အေမာမ် ဟာဒီ( အ.စ) သည် မိုအ်သဇေ ခေလာဖသ် ကာလ အတွင်း ၎င်းခလီ ဖဟ် ၏ အဆိပ်ခတ် မှုကြောင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။

အေမာမ် ဟာဒီ (အ.စ) သည် ရှီအဟ်များ အား ဒိုအာ ၊ဇေယာရသ်များ ဖြင့် သွန်သင် ၊ ပဲ့ထိန်းတော်မူခဲ့ပြီး ပညာများ သင်ကြားခဲ့ပါတယ်။ဇေယာရသ် ဂျာမေအေဟ် ကဘီးရဟ် သည် ရှီအဟ်များ အတွက် အရေးကြီး ဇေယာရသ် များ မှ တစ်ခုဖြစ်ပြီး အေမာမ် ဟာဒီ (အ.စ)  ထံမှ ဆင့်ပြန်ထားခြင်း ဖြစ်ပါ တယ်။

(၁၁) အေမာမ် ဟစန် အက္စ်ကရီ (အလိုင်ဟစ်စလာမ်) 

ဟစန်ဘင်န်အလီ (အ.စ)ဖြစ်ပါသည်။အေမာမ် ဟစန် အက္စ်ကရီ  (အ.စ) အမည်ဖြစ် ‌ကျော်ကြားပါတယ်။အေ မာမ် ဟစန်အက္စ်ကရီ (အ.စ)သည် ရှီအဟ်အစ်နာအရှ်ရီ (ခ) ရှီအဟ် အေမာမ်မီယဟ် များ၏ ဆယ့်တစ်ပါး မြောက် အေမာမ် ဖြစ်ပါတယ်။အေမာမ် ဟာဒီ (အ.စ) နှင့် ဟဇရသ် ဟိုဒိုက်စ် (စ.အ) တို့၏ သားတော် ဖြစ် ပါသည်။ ဟီဂျရီ သက္ကရာဇ် ၂၃၂ ခုနှစ်တွင် မဒီနာမြို့ တွင် ဖွားမြင်ခဲ့ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၆၀ ခုနှစ်တွင်အဘာစ်စီ ခလီဖဟ် မိုအ်သမဒ် ၏ အဆိပ်ခတ် မှုဖြင့် ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။အေမာမ် ဟစန်အက္စ် ကရီ(အ.စ) စာမရာအ်မြို့ရှိ အေမာမ်(အ.စ)၏ အိမ်တော် အတွင်း မိမိ၏ဖခမည်းတော် အေမာမ် ဟာဒီ (အ.စ) ၏ကဘဲရ်ဘေးတွင် ဒဖ်နာ ထားပါတယ်။

ဖခမည်းတော် ညွှန်ကြားချက်အရ ဆယ့်တစ်ပါးမြောက် အေမာမ်မသ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ အေမာမ်မသ် တာဝန် ကို ခြောက်နှစ်တာ ထမ်းဆောင်ခဲ့ပါတယ်။ မိုအ်သဇေ၊ မိုဟ်သဒီ နှင့် မိုအ်သမဒ် တို့နှင့် ခေတ်ပြိုင်ဖြစ်‌ပါတယ်။အေမာမ်ဟစန်အက္စ်ကရီ (အ.စ) သည် စာမရာအ် ရှိ အဘာစ်စီ ခလီဖာ များ၏ ထိန်းချုပ် မှုအောက်တွင်ရှိခဲ့ပြီး အကြိမ်ပေါင်းများစွာ ထောင်ချခံခဲ့ရပါတယ်။အချို့ ပညာရှင်များ ၏ အဆို အရ စာမရာအ်တွင် အေမာမ်(အ.စ) အချိန်ကြာရှည်စွာ နေထိုင်ရခြင်းမှာ ဖမ်းချုပ်ခြင်း အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ပြီးနောက် ခလီဖာဘက်မှလည်း စစ်ဆေးမေးမြန်းရန် ခဏ တာဖမ်းချုပ်ခြင်းကို ခံခဲ့ရပါတယ်။ ထို့ကြောင့် အေမာမ် ဟစန်အက္စ်ကရီ (အ.စ) သည်သကိုင်ယဟ် ဖြင့် နေထိုင်ခံရပါတယ်။ အေမာမ် အက္စ်ကရီ (အ.စ)အရင် အေမာမ်များ ကဲ့သို့ပင် မိမိ၏ကိုယ်စားလှယ်တော်များ ဖြင့်  ရှီအဟ်များ နှင့် အဆက်အသွယ် ပြုခဲ့ပါတယ်။ခလီဖာများဘက်မှ ဖိအားများ ပေးခြင်း နှင့် တင်းကျပ်ရခြင်းများ၏  အကြောင်းအရင်း မှာတစ်ဘက်တွင် ရှီအဟ် လူဦးရေ နှင့် စွမ်းအား တိုးပွားလာခြင်း နှင့်ခလီဖာများမှ ရှီအဟ်များ ကြောက်လန့် စိုးရိမ်ခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် အေမာမ်ဟစန်အက္စ်ကရီ(အ.စ) သားတော် တစ်ပါးရှိသည့် သတင်း အထောက်အထားနှင့် ရှိပြီး ၎င်းမှာ မဲဟ်ဒီ မောင်အူဒ် (အ.ဂျ) ဖြစ်ကြောင်းဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါ တယ်။

အေမာမ်ဟစန် အက္စ်ကရီ (အ.စ) နှင့် အေမာမ်၏ ဖခမည်းတော်တို့သည်  စာမရာအ် (အက္စ်ကရ်) တွင်နေ ထိုင်သောကြောင့် အက္စ်ကရီရိုင်း ဟုလူသိများကြပါတယ်။

(၁၂) အေမာမ် မဲဟ်ဒီ (အလိုင်ဟစ်စလာမ်) 

မိုဟမ္မဒ် ဘင်န်ဟစန်(အ.စ )ဖြစ်ပါတယ်။အေမာမ် မဲဟ်ဒီ (အ.စ) သို့မဟုတ် အေမာမ် ဇမာန်း (အ.ဂျ) အမည် ဖြစ် ‌ကျော်ကြားပါတယ်။ အေမာမ်ဟာဒီ(အ.စ)သည် ရှီအဟ်အစ်နာအရှ်ရီ (ခ) ရှီအဟ် အေမာမ်မီယဟ်များ ၏ ဆယ့်နှစ်ပါး မြောက် အေမာမ် ဖြစ်ပါတယ်။အေမာမ် ဟစန်အက္စ်ကရီ (အ.စ) နှင့် ဟဇရသ် နရ်ဂျစ် ခါသွန် (စ.အ) တို့၏ သားတော် ဖြစ်ပါတယ်။ဟီဂျရီ သက္ကရာဇ် ၂၅၅ခုနှစ်တွင် စာမရာအ် မြို့ တွင် ဖွားမြင်ခဲ့ပါတယ်။

အေမာမ် မဲဟ်ဒီ (အ.စ) ငါးနှစ်သားတွင် အေမာမ်မသ် တာဝန်က ထမ်းဆောင်လေတယ်။ တမန်တော်မြတ် ကြီးမိုဟမ္မဒ် (ဆွ) နှင့် အေမာမ် ၁၁ပါး(အ.စ)သည် အေမာမ် မဲဟ်ဒီ (အ.စ) ၏ အေမာမ်မသ် နှင့်ပတ်သက်ပြီး ညွန်းပြ မိန့်ဆိုထားခဲ့ကြပါတယ်။အေမာမ် မဲဟ်ဒီ (အ.စ) မိမိဖခမည်းတော် ရှဟီးဒ် ဖြစ်တော်မူသည့်အချိန် ဟီဂျရီ ၂၆၀ ခုနှစ် တိုင်အောင် လူများ၏ အကွယ်တွင် ရှိခဲ့ပြီး ထူးသီးသန့် ရှီအဟ် အချို့မှလွဲ၍ မည်သူမျှ သူ့ကို တွေ့ဆုံနိုင်ခြင်း မရှိခဲ့ချေ။ အေမာမ်မဲဟ်ဒီ (အ.စ) သည် မိမိ၏ ဖခမည်းတော် ရှဟီးဒ် ဖြစ်ပြီး အပြီးတွင် အလ္လာဟ်ဟို အရှင်မြတ်၏  အမိန့်တော်ဖြင့် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပါတယ်။အေမာမ် မဲဟ်ဒီ (အ.ဂျ) သည်သည် ဂိုက်ဘတ်သ်သေ ဆိုဂ်ရာ အဖြင့်  နှစ်ပေါင်း ခုနစ်ဆယ်ခန့် နေထိုင်ခဲ့ပြီး ထိုအချိန်တွင် အထူးလက်ထောက် ကိုယ်စားလှယ် လေးဦးဖြင့် ရှီအဟ်များ  အဆက်အသွယ် ရှိခဲ့ပါတယ်။ သို့သော် ဟီဂျရီ ၃၂၉ ခုနှစ် ဂိုက်ဘတ်သ်သေကိုဘ်ရာ စပြီးနောက် ရှီအဟ် များနှင့် အေမာမ် ကြားအေမာမ် ၏ အထူး ကိုယ်စားလှယ် ဖြင့် ဆက်သါယ်သည့် ဆက်ဆံရေးသည် အဆုံးသတ်ခဲ့ပါတယ်။

ဟဒီးစ်တော်များအရ  ရှီအဟ်များ အားအေမာမ် မဲဟ်ဒီ (အ.စ) ၏ ဂိုက်ဘတ်သ် သေကိုဘ်ရာ အချိန် ကာလ တွင် အေမာမ် လူမြင်ကွင်းကို ထွက်လာဖို့ စောင့်စားခြင်းပြုရန်   အလေးပေးထားပြီး ၎င်းကို အကောင်း ဆုံး သော လုပ်ရပ်များထဲမှ တစ်ခုဟု သတ်မှတ်ထားပါတယ်။ရှီအဟ်များ၏ အဆိုအရ၊ ဟဒီးစ် တော်များကိုအ ခြေခံ၍ အေမာမ်မဲဟ်ဒီ(အ.စ) ဇးဟူရ်ဖြစ်ပြီး (လူမြင်ကွင်းတွင် ကြွမြန်းလာပြီး)နောက် အစ္စလာမ့် လူ့အဖွဲ့အ စည်းသည် တရားမျှတမှု ၊ ကျောသားရင်သား မခွဲခြားမှု နှင့် ပြည့် သွားလိမ့်မည် ဖြစ်ပါတယ်။ရီဝါ ယသ်တော် ဟဒီးစ်တော် အများအပြားတွင် အေမာမ်မဲဟ်ဒီ (အ.စ) ဇးဟူရ်ဖြစ်မည့် အမှတ် အသားလက္ခဏာများကို ဖော်ပြထားပါတယ်။

မေး -  စွန်နီများကြားတွင် ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) ၏ အနေအထားကို သိပါစေ ?

စွန်နီများသည် ရှီအဟ် အေမာမ် ၁၂ပါး  (အ.စ) အားအေမာမ်များ အဖြစ်၊ ကိုယ်တော် မြတ် (ဆွ) ၏ အရိုက် အရာ ကိုချက်ချင်း ဆက်ဆံသူ များလက်မခံ ကြချေ။သို့သော် အေမာမ် ၁၂ပါး (အ.စ) အချစ်ထားကြပါတယ်။ စွန်နီတို့၏ ရင်းမြစ်များတွင် ဖော်ပြထားသည့်ရီဝါယသ်တော် တစ်ခုအရ  တမန်တော်မြတ်(ဆွ)၏ ဆွေတော် မျိုးတော်များအား အာယသ်သေ မိုဝဒသ်ကိုအခြေခံပြီး ၊ ကိုယ်တော်မြတ်(ဆွ) ၏အဲဟ်လေ့ ဘိုက်(သ)(အ.စ) အချစ် ထားရန် ဝါဂျစ်ဗ် အဖြစ် လက်ခံထားကြပါတယ်။၎င်းတို့ မှာ အေမာမ် အလီ (အ.စ) နှင့် ဖွာတွေမဟ် (စ.အ)နှင့် ၎င်းတို့၏ သားတော် နှစ်ပါး ဖြစ်ပါတယ်။ခြောက်ရာစုနှစ် ၏ စွန်နီ မိုသကလင်းမ် တစ်ပါးလည်း ဖြစ် သဖ်စီးရ် ပညာရှင်လည်းဖြစ်သည့် ဖခ်ရ်ရွဒ်ဒီးန် ရာဇီ  သည် အာယသ် မိုဝဒသ် ၊ သရှ်ဟွဒ်တွင် ဆလ်ဝသ် ပို့သရခြင်း တမန်တော်မြတ်(ဆွ) ဘဝသမိုင်းတို့ကို သက်သေ အထောက်အထား များ အသုံးပြု၍ အေမာမ် အလီ (အ.စ) နှင့် ဖွာတွေမဟ် (စ.အ) နှင့် ၎င်းတို့၏ သားတော် နှစ်ပါးအား ချစ်မြတ် နိုးရမည် မှာ မပြုမနေရဖြစ်ကြောင်းဝါဂျစ်ဘ် ဖြစ်ကြောင်း လက်ခံ ယုံကြည် ထားပါတယ်။

စွန်နီပညာရှင်အချို့သည် ရှီအဟ် အေမာမ်များ (အ.စ)၏ ဂူဗိမာန် (ရောင်ဇာတော်) များသို့ သွားရောက်ကာ အေမာမ် များ (အ.စ) နှင့် သဝစိုလ် လုပ်ခဲ့ကြပါတယ်။ပမာအားဖြင့် ဟီဂျရီ တတိယစု နှစ် စွန်နီ ပညာရှင် အဘူအလီခလာလ် မှ ကျွန်ုပ်သည် ပြဿနာအခက်အခဲရှိသည့်အခါတိုင်း မူစာဘင်န်ဂျအ်ဖရ် (အ.စ) ၏ ဂူဗိမာန် (ရောင်ဇာတော်) သို့ သွားရောက်ဇေယာရသ် ပြုပြီး ၎င်းအေမာမ် အား သဝစိုလ်ပြုကြောင်’ မိမိ အခက်အခဲ ပြဿနာ များ ပြေလည် သွားကြောင်း ပြောကြားခဲ့ပါတယ်။ဟီဂျရီ တတိယစု နှစ်နှင့် လေးရာစုနှစ်  ၏  စွန်နီ ဖေကဟ်ပညာရှင် ၊ဟဒီးစ်ပါရဂူ ၊ သဖ်စီးရ် ပညာရှင် အဘူဘကရ် မိုဟမ္မဒ်ခိုဇိုင်းမဟ် ထံမှဆင့်ပြန်လာရှိပါတယ်။၎င်းအာလင်မ်ပညာရှင် အနေဖြင့် အေမာမ် ရေဇာ (အ.စ)၏ ဂူဗိမာန် (ရောင်ဇာ တော် ) သို့ ကြိမ်ဖန် များစွာဇေယာရသ် ပြုသွားခဲ့ပြီး အရိုအသေ အလေးအမြတ် ပြုခဲ့ကြောင်း အေမာမ်ထံ အသနားခံကြောင်း ဤလုပ်ရပ်များ ၏ရလာဒ်သည် အခြားသူများကို အံ့သြစေခဲ့ကြောင်း ဖြစ်ပါတယ်။ ဟီဂျရီ တတိယစု နှစ်နှင့် လေးရာစုနှစ်  ၏  စွန်နီ ဟဒီးစ်ပါရဂူ အစ်ဗ်နေဟဘန် မှ ကျွန်ုပ်သည် သူစ် (မရှ်ဟဒ်) တွင်ရှိစဉ် ပြဿနာရှိတိုင်းအခက်အခဲ ပေါ်တိုင်း အလီဘင်န် မူစာ အလ်ရေဇာ (အ.စ) (အေမာမ် ရေဇာ(အ.စ)) ၏ ဂူဗိမာန် (ရောင်ဇာတော်) သို့ သွားရောက်ဇေယာရသ်ပြုပြီး ဒိုအာ တောင်းပါ တယ်။ကျွန်ုပ်၏ ဒိုအာသည် ပြည့်ပြီး ကျွန်ုပ်၏ ပြဿနာအခက်အခဲသည်လည်း ပြေလည် သွား သည် ဟု  ဆိုထားပါတယ်။

အာယာသွလ္လာဟ် အလ်အွဇ်မာ ဂျအ်ဖရ် စိုဘဟာနီ ၏ အဆိုအရ စွန်နီပညာရှင်အများအပြားသည် ရှီအဟ် အေမာမ် ၁၂ပါး (အ.စ) ဘက်သို့  ဘာသာရေး နှင့် ပညာရေး ဆိုင်ရာ များတွင်လှည့်ရမည်  ဟုလက်ခံထား ကြကြောင်း ဖြစ်ပါတယ်။ပမာအားဖြင့် ဟနဖီ မဇ်ဟဗ်ကို တည်ထောင်သူ အဘူဟနီဖဟ် မှဆင့်ပြန်လာရှိ ပါတယ်။ကျွန်ုပ်အနေဖြင့် ဂျအ်ဖရ်ဘင်န် မိုဟမ္မဒ်(အ.စ) (အေမာမ်ဆွာဒစ်က်(အ.စ) ထက် ဖေကဟ် ပညာရှင်တစ်ဦး တစ်ယောက်ကိုမျှ မတြွေဘူးခဲ့ကြောင်းဖြစ်ပါတယ်။ဤဝါကျ‌ အတိုင်း ဟီဂျရီ ပထမနှင့် ဒုတိယရာစုမှ သာဘေအီးန်တစ်ပါးလည်း ဖြစ်ပါတယ် ။ဖေကဟ်ပညာရှင်လည်း ဖြစ် ဟဒီးစ် ပါရဂူ လည်း ဖြစ်သူ  စွန်နီအာလင်မ် မိုဟမ္မဒ် ဘင်မွတ်စလင်မ် ဘင်န် ရှဟာဘ် ဇိုဟ်ရီ မှ အေမာမ် စဂျာဒ်(အ.စ) နှင့်ပြန် သည်ပြီး ဆင့်ပြန်ထားပါတယ်။အေမာမ်ဘာကဒရ် (အ.စ) ကို အပေါင်းအဖော်များမှ တစ်ဦးဖြစ်သူ ဟဒီးစ်ပါ ရဂူ တစ်ပါးဖြစ်သူအဗ်ဒိုလ္လာဟ် အသွာအ်မက္ကီမှ « ကျွန်ုပ် သည်မုဟမ္မဒ်ဘင်အလီ (အ.စ) (အေမာမ်ဘာကဲရ် (အ.စ) ) လောက်ပညာတတ်သူကြီးကျယ်သူ အာလင်မ် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ဘူးချေ။ ပြီးနောက် ဟကန်မ်ဘင်န် အိုသိုင်ဘဟ် ( ကူဖာ၏ ဖေကဟ်ပညာရှင်ကြီးများမှတစ်ဦး) ကို အေမာမ် ဘာကဲရ် (အ.စ) တပည့် အဖြစ် တြွေခဲရပါတယ်။ » ဟု ပြောကြားခဲ့ပါတယ်။

မေး - ရှီအဟ်အေမာမ်  ဆယ့်နှစ်ပါး  (အလိုင်ဟေမွစ်စလာမ်) နှင့်ပတ်သက်ပြီး ရေးသားထားသည့် စာအုပ်များကို ဖော်ပြပေးပါ?

ရှီအဟ် များနှင့် စွန်နီ များသည်  ရှီအဟ် အေမာမ်များ (အ.စ) ၏ အတ္ထုပ္ပတ္တိများနှင့် ၎င်းတို့၏ ကြီးကျယ် မြင့်မြတ်မှု များ အကြောင်း စာအုပ်များစွာကို ရေးသားထားပါတယ်။

ရှီအဟ် ဘက် မှ ရေးသား ထားသည့် စာအုပ်များ

အေမာမ် များ(အ.စ) နှင့် ၎င်းတို့၏ ကြီးကျယ်မြင့်မြတ်မှု များအကြောင်း ရှီအဟ် ပညာရှင်များ၏ ရေးသား သီးကုံးထားသည့် စာအုပ်များမှ အချို့ကို ဖော်ပြပါလိုက်ပါတယ်။

(၁)မိုဟမ္မဒ်ဘင်ဂျရီးရ်သွဘရီ ဆွဂီးရ်  (ဟီဂျရီ သက္ကရာဇ် ၃၁၀ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ دلائل الامامة ” စာအုပ် ဖြစ်ပါတယ်။ ဟဇရသ် ဇဲဟ်ရာ (စ.အ) နှင့် အေမာမ် ၁၂ပါး(အ.စ) ၏ ဘဝသမိုင်းများ ၊ ဘုန်းတန်ခိုးများ၊  ကြီးကျယ်မြင့်မြတ်မှုများ အကြောင်း ဖြစ်ပါတယ်။

(၂)ရှိက်ခ် မိုဖီးဒ် (ဟီဂျရီ သက္ကရာဇ် ၄၁၃ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာြဖင့် “ اَلْإرْشاد فی مَعْرفة حُجَجِ الله عَلَی الْعِباد ” စာအုပ် ဖြစ်ပါသည်။ မိုဟမ္မဒ် ဘာကဲရ် စာအဒီ ခိုရာစာနီ မှ ပါရှန်း (ဖွာရစီ) ဘာသာ ဖြင့် ဘာသာပြန်ဆိုထားပါတယ်။

(၃)အစ်ဗ်နေ ရှဲဟ်အာရူဘ် (ဟီဂျရီ သက္ကရာဇ် ၅၈၈ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ اَلْإ مَناقِبُ آلِ اَبی‌طالب” စာအုပ် ဖြစ်ပါတယ်။

(၄)ဖွဇ်လ်ဘင်န်ဟစန်သွဘရ်စီ (ဟီဂျရီ သက္ကရာဇ် ၅၄၈ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ إعلامُ الوَریٰ بأعلامِ الهدیٰ ” စာအုပ် ဖြစ်ပါတယ်။

(၅)အလီဘင်န် အီစာ အရ်ဘေလီ (ဟီဂျရီ သက္ကရာဇ် ၆၉၂ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “کَشْفُ الغُمَّة فی مَعْرِفَةِ الأئمّة(ع)” စာအုပ် ဖြစ်ပါတယ်။

(၆)ဖသာလ် နိုက်ရှားပူးရ်ရီ (ဟီဂျရီ သက္ကရာဇ် ၅၀၈ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “رَوضَةُ الْواعِظین وَ بَصیرَةُ الْمُتَّعِظین” စာအုပ် ဖြစ်ပါသည်။ မဲဟ်မူဒ်မဲဟ်ဒဝီ ဒါမဂါနီ မှ ပါရှန်း (ဖွာရစီ) ဘာသာ ဖြင့် ဘာသာပြန်ဆိုထားပါတယ်။

(၇)မိုဟမ္မဒ် ဘာကဲရ်မဂျ်လေစီ (ဟီဂျရီ သက္ကရာဇ် ၁၀၇၃ ခုနှစ်မွေး - ၁၁၁၀ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “جَلاءُ العُیون” စာအုပ် ဖြစ်ပါတယ်။

၈*ရှိက်ခ်အဘာစ်ကွမ်းမီ (ဟီဂျရီ သက္ကရာဇ် ၁၂၉၄ ခုနှစ်မွေး - ၁၃၅၉ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “مُنْتَهَى ألآمال فی تَواريخِ ألنَّبی وَ ألْآل” စာအုပ် ဖြစ်ပါတယ်။

စွန်နီ ဘက် မှ ရေးသား ထား သည့် စာအုပ်များ

အေမာမ် များ(အ.စ) နှင့် ၎င်းတို့၏ ကြီးကျယ်မြင့်မြတ်မှု များအကြောင်း စွန်နီ ပညာရှင်များ၏ ရေးသားသီးကုံးထားသည့် စာအုပ်များမှ အချို့ကို ဖော်ပြပါလိုက်ပါသည်။

(၁)မိုဟမ္မဒ်ဘင်သွလဟဟ် ရှဖေအီ (ဟီဂျရီ သက္ကရာဇ် ၅၈၂ ခုနှစ်မွေး - ၆၅၂ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာြဖင့် “ مطالب السؤول فی مناقب آل الرسول” စာအုပ် ဖြစ်ပါသည်။ အခန်း ၁၂ခန်း အဖြစ် အေမာမ် ၁၂ပါး(အ.စ) ၏ ဘဝသမိုင်းများ အကြောင်း ဖြစ်ပါတယ်။

(၂)ယူစွဖ်ကဇ်ဂလီ ၊ စစ်ဗ်သွေဘင်န် ဂျောင်ဇီ အဖြစ်ကျော်ကြားသည့် စွန်နီ ဟနဖိ သမိုင်းပညာရှင် (ဟီဂျရီ သက္ကရာဇ်၆၅၄ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ تَذکِرَةُ الخَواصّ مِنَ الأمّة فی ذِکرِ خَصائص الأئمة” စာအုပ် ဖြစ်ပါတယ်။

(၃)အစ်ဗ်နေဆွဘာအ် မာလစ်ကီ (ဟီဂျရီ သက္ကရာဇ် ၈၅၅ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ الفصول المهمة فی معرفة الائمة ” စာအုပ် ဖြစ်ပါသည်။(၁၇၇) ရှီအဟ် နှင့် စွန်နီပညာရှင်အများ အပြားသည် ဤစာအုပ်မှ ကိုးကားယူကြပါတယ်။

(၄)အစ်ဗ်နေသူလူန် (ဟီဂျရီ သက္ကရာဇ် ၅၉၃ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “ الائمة الاثناعشر‌ یا ألشّذَراتُ الذّهَبیة” စာအုပ် ဖြစ်ပါသည်။ ဆီးရီးယား နိုင်ငံသားဟနဖီအာလင်မ် ဖြစ်ပါတယ်။

(၅)ဂျမားလ်လွဒ်ဒီးန်ရှဘ်ရာဝီ  (ဟီဂျရီ သက္ကရာဇ် ၁၀၉၂ ခုနှစ်မွေး - ၁၁၇၂ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “الاتحاف بحب الاشراف” စာအုပ် ဖြစ်ပါသည်။ အီဂျစ် နိုင်ငံသားရှာဖေအီ အာလင်မ် ဖြစ်ပါတယ်။

(၆)မိုအ်မင် ရှစ်ဘ်လန်ဂျီ (ဟီဂျရီ ၃ရာစု ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “نور الابصار فی مناقب آل بیت النبی المختار” စာအုပ် ဖြစ်ပါတယ်။

(၇)စိုလိုင်းမန်ဘင်န် အီဗရာဟီးမ် ကန်ဒူဇီ (ဟီဂျရီ သက္ကရာဇ် ၁၂၉၄ ခုနှစ် ကွယ်လွန် ) ရေးသားထားသည့် အရဘီ ဘာသာ ဖြင့် “یَنابیعُ المَوَدّة لِذَوی القُرْبی” စာအုပ် ဖြစ်ပါသည်။စွန်နီ ဟနဖီ အာလင်မ်  ဖြစ်ပါတယ်။

ရည်ညွှန်းများ

1.       Aghabuzur Tehrani, Mohammad Mohsen, Al-Dhari'a al-Tsanif al-Shi'a, Beirut, Dar al-Azwa, 1403 A.H.Ahmad b. Hanbal. Al-Musnad Ahmad. Cairo: 1313AH

2.       Abu Zareh Al-Damashqi, Abd al-Rahman bin Amr, History of Abi Zareh Al-Damashqi, Damascus, Al-Laghga Al-Arabiyya, Bita.

3.       Ibn Jozi, Yusuf bin Ghazaughli, Tazkira al-Khawas min umma fi zikr khaizat al-ayama, Hossein Taghizadeh's research, Qom, Lahl al-Bayt International Conference (A.S.), 1426 AH.

4.       Ibn Habban, Muhammad Ibn Habban, al-Thaqat, Hyderabad, Al-Othmaniyah Encyclopedia, first edition, 1393 AH.

5.       Ibn Hajar Asqlani, Ahmad Bin Ali, Tahzeeb al-Tahzeeb, India, Systematic Al-Nazima Deir, first edition, 1326 AH.

6.       Ibn Habban, Muhammad Ibn Habban, al-Thaqat, Hyderabad, Al-Othmaniyah Encyclopedia, first edition, 1393 AH.

7.       Ibn Hajar Asqlani, Ahmad Bin Ali, Tahzeeb al-Tahzeeb, India, Systematic Al-Nazima Deir, first edition, 1326 AH.

8.       Ibnshahrashob, Muhammad bin Ali, Manaqib Al Abi Talib, Qom, Allameh, first edition, 1379 AH.

9.       Ibn Sabbagh, Ali Ibn Muhammad, al-Fusul al-Muthama fi Marafah al-A’imah, Sami Gharizi’s research, Qom, Dar al-Hadith, Bita.

10.    Ibn Asaker, Ali Ibn Hasan, History of Damascus, researched by Amr Ibn Gharamah al-Omarwi, Beirut, Dar al-Fikr, 1415 AH-1995 AD.

11.    Ahmad bin Hanbal, Ahmad bin Muhammad bin Hanbal, Masnad Ahmad, Beirut, Dar Sader, Bita.

12.    Bukhari, Muhammad bin Ismail, Sahih al-Bukhari, Beirut, Dar al-Fikr, 1401 AH-1981 AD.

13.    Baghdadi, Khatib, History of Baghdad, Beirut, Dar al-Kitab al-Alamiya, 1417 AH.

14.    Baghdadi, Abdul Qahir, Al-Farq bein Al-Farq and Bayan Al-Najiyah, Beirut, Dar al-Afaq, 2nd edition, 1977.

15.    Peshwai, Mehdi, Sireh Peshwaiyan, Qom, Imam Sadiq Institute (AS), 1397.

16.    Tirmidhi, Muhammad bin Isa, Sunan al-Tirmidhi, researched and corrected by Abdul Rahman Muhammad Othman, Beirut, Dar al-Fikr, second edition, 1983-1403 AD.

17.    Taftazani, Saad al-Din, Sharh al-Maqasad, Afst Qom, Sharif Razi, 1409 AH.

18.    Jurjani, Mirysed Sharif, Sharh al-Massih, corrected by Badr al-Din Nasani, Qom, Sharif Razi, first edition, 1325 AH.

19.    Jafarian, Rasool, intellectual and political life of Shia imams, Qom, Ansarian, 11th edition, 1387.

20.    Hakim Haskani, Obaidullah bin Abdullah, Evidences of Al-Tanzil for the Rules of Al-Tafazil, research by Mohammad Bagher Mahmoudi, Tehran, Ministry of Culture and Islamic Guidance, first edition, 1411 AH.

21.    Hakeem Neishaburi, Muhammad bin Abdullah, al-Mustadrak Ali al-Sahihin, Hyderabad, Deccan, Bina, 1334 AH.

22.    Hosseini Milani, Seyyed Ali, Proof of Al-Walaiya al-Aaaaa for the Prophet and the Imams (AS), Qom, Nashr al-Haqaiq, first edition, 1438 AH.

23.    Hakim, Seyyed Mohammad Baqir, Al-Imamah and Ahl al-Bayt (A.S.) Nazariya and Al-Astdalal, Qom, Al-Islamiya Center al-Mawdin, first edition, 1424 AH.

24.    Hammoud, Mohammad Jameel, al-Fawida al-Bahiya fi Sharh Aqeed al-Imamiya, Beirut, Al-Alami Foundation, second edition, 1421 AH.

25.    Khazaz Razi, Ali bin Muhammad, Kufaiya al-Athar in the text of Ali Imams of the twelfth century, edited by: Abdul Latif Hosseini Kohkamari, Qom, Bidar, 1401 AH.

26.    Khoei, Seyyed Abul Qasim, Misbah al-Faqaha (old edition), written by Muhammad Ali Tawhidi, Qom, Ansarian, 1417 AH.

27.    Dhahabi, Shams al-Din Muhammad bin Ahmad, The Journey of the Enlightened Nobles, Al-Rasalah Institute, third edition, 1405 AH.

28.    Zamakhshari, Mahmoud bin Omar, Al-Kashaf on the facts of Ghwamaz al-Tanzil, corrected by Mustafa Hossein Ahmad, Beirut, Dar al-Kitab al-Arabi, first edition, 1407 AH.

29.    Sobhani, Ja'far, The Simai of Shia Beliefs, translated by Javad Mohaddisi, Tehran, Mashaar Publishing House, first edition, 1386.

30.    Sobhani, Jafar, Science of the Unseen (Third Consciousness), Qom, Imam Sadiq Institute (AS), first edition, 1386.

31.    Sobhani, Jafar, Culture of Islamic Beliefs and Religions, Qom, Tawheed, 1395.

32.    Sobhani, Ja'far, Manifesto of Imamiyyah Beliefs, Qom, Imam Sadiq Institute (AS), first edition, 1376.

33.    Sajestani, Suleiman bin Al-Ashaath, Sunan Abi Dawud, Saeed Muhammad al-Laham's research and commentary, Beirut, Dar al-Fikr, first edition, 1410 AH-1990 AD.

34.    Shah Mohammadi, Muhammad Ali, Ali and the glory of Ghadirakhm on the glory of revelation and mission in the translation of Yanabi Al-Moudah, Qom, Mehr Amir al-Momenin (AS), 1384.

35.    Shabar, Seyyed Abdallah, Haq al-Iqin fi Marafah Usul al-Din, Qom, Anwar al-Hadi, second edition, 1424 AH.

36.    Shabrawi, Abdullah bin Muhammad, Al-Ithaf Behab Al-Ashraf, corrected by Sami Ghariri, Qom, Darul Kitab, 1423 AH.

37.    Shahidi, Seyyed Jaafar, The Life of Imam Sadiq Jafar bin Muhammad, Tehran, Islamic Farhang Publishing House, first edition, 1377.

38.    Safi Golpaygani, Lotfollah, Legislative Province and Legislative Province (new edition), Qom, Ayatollah Grand Ayatollah Safi Golpaygani Editing and Publishing Office, first edition, 1392.

39.     Sadouq, Muhammad bin Ali, Al-Iqtaqadat, Qom, Al-Khangir al-Alami for Sheikh Al-Mufid, second edition, 1414 AH.

40.    Sadouq, Muhammad bin Ali, al-Khasal, correction and research of Ali Akbar Ghafari, Qom, Qom seminary teachers' society, first edition, 1362.

41.    Sadouq, Muhammad Bin Ali, Ayoun Akhbar al-Reza (AS), Mahdi Lajurdi's research, Tehran, Jahan Publishing House, 1st edition, 1378 AH.

42.    Sadouq, Muhammad bin Ali, Kamal al-Din and Tammam al-Naimah, corrected by Ali Akbar Ghafari, Tehran, Islamia, 1395 AH.

43.    Sadouq, Muhammad bin Ali, Man Laihzara al-Faqih, corrected by Ali Akbar Ghafari, Qom, Islamic Publications Office, second edition, 1413 AH.

44.    Safar, Muhammad bin Hasan, Basair al-Deraj fi Fda'il al-Muhammad, Qom, School of Ayatollah al-Marashi al-Najafi, second edition, 1404 AH.

45.    Tabatabai, Seyyed Abdul Aziz, Ahl al-Bayt (a.s.) in Al-Maktabeh al-Arabiya, Qom, Al-Bayt (a.s.) Foundation for Revival of Heritage, Bita. Tabatabai, Seyyed Mohammad Hossein, Shia in Islam, Qom, Islamic Publications Office, 2003.

46.    Tabarsi, Fazl bin Hasan, Al-Wari Media with Allam Al-Hadi, Tehran, Islamia, 4th edition, 1390.

47.     AH. Tusi, Muhammad bin Hassan, al-Tabyan fi Tafsir al-Qur'an, corrected by Ahmad Habib Ameli, Beirut, Darahiya al-Tarath al-Arabi, Bita. Ameli, Seyyed Ja'afar Morteza, Al-Walaiya Al-Taqwaini va Tashari'iyyah, Al-Islami Center for Studies, second edition, 1428 AH.

48.    Allameh Hali, Hasan bin Yusuf, Kafsh al-Murad in Sharh Jirid al-I'taqad Qasm al-Ahiyat, Jafar Sobhani's Commentary, Qom, Imam Sadiq Institute (PBUH), 2nd edition, 1382.

49.     Ali bin Hossein (a.s.), Sahifah Sajjadiyeh, translated and explained by Faiz al-Islam, Tehran, Faqih, second edition, 1376.

50.    Emadi Haeri, Seyyed Mohammad, "Sahifah Sajjadiyeh", in Islamic World Encyclopedia, Volume 29, Tehran, Islamic Encyclopaedia Foundation, 1400.

51.    Fakhr Razi, Muhammad bin Omar, Al-Tafseer al-Kabir (Mufatih al-Ghayb), Beirut, Darahiya al-Trath al-Arabi, third edition, 1420 AH.

52.    wikishia.net

53.    Qazi Abd al-Jabbar, Abd al-Jabbar bin Ahmad, Sharh al-Usul al-Khamsa, Taliyah Ahmad bin Hossein Abi Hashem, Beirut, Dar Ahya al-Tarath al-Arabi, first edition, 1422 AH.

54.    Kundozi, Suleiman bin Ibrahim, Yanabi Al-Mouda Lzavi al-Qorabi, Beirut, Dar al-Aswa, Bita. Kilini, Muhammad bin Yaqub, Al-Kafi, Tehran, Islamic, third edition, 1407 AH.

55.    Momin Qomi, Muhammad, "The Province of Wali Al-Masoom (a.s.)", in the Collection of Antiquities of the Second World Conference of Imam Al-Reza (a.s.), Mashhad, World Conference of Imam Al-Reza (a.s.), 1409 AH.

56.    Majlisi, Muhammad Baqir, Bihar al-Anwar al-Jamaa Lederer Akhbar al-Imam al-Athar, Beirut, Dar Ihya al-Trath al-Arabi, second edition, 1403 AH. Mohammadi, Ali, Description of Kashf al-Morad, Qom, Dar al-Fikr, 4th edition, 1378. Muslim Neishabouri, Muslim bin Hajjaj, Sahih Muslim, Beirut, Dar al-Fikr, Bita. Mofid, Muhammad bin Muhammad, Al-Arshad fi Mafarah Hajjullah Ali al-Abad, Qom, Sheikh Mofid Congress, first edition, 1413 AH.

57.     Mufid, Muhammad bin Muhammad, the beginnings of the essays, fi al-mahabh and al-mukhtarat, Qom, Al-Congres al-Alami for Sheikh al-Mufid, first edition, 1413 AH.

58.     Makarem Shirazi, Nasser, Payam Qur'an, Tehran, Darul Kitab al-Islamiya, 9th edition, 1386.

59.     Mousavi Zanjani, Seyyed Ibrahim, Beliefs of al-Umamiya al-Athni al-Ashriya, Beirut, Scientific Institute, third edition, 1413 AH.

****************************************************************

END / 251