သိုဟ်ဖိုအိုကူလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال أمیرالمؤمنین علیه السلام:
عِبادَ اللّهِ، اِعلَموا أنَّ يَسيرَ الرِّياءِ شِركٌ، و أنّ إخلاصَ العَمَلِ اليَقينُ۔.
အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
“ အို အလ္လာဟ်ဟို အရှင်မြတ် ဩ ကျေးကျွန်အပေါင်းတို့ ! သိထားပါလေ ။အနည်းငယ် သော ပြစား မှု နှင့် ဟန်ဆောင်မှု သည် လည်းဘဲ ရှေးရ်က် ဖြစ်ပါသည်။ ပြီး ခူလူစ်လုပ်ရပ်( အလ္လာဟ့်နှစ်မြို့ ၊ နှစ်သက်မှုရန် လုပ်သည့် လုပ်ရပ် ) သည် ယကင်းန် (အပြည့်အဝ မြတ်အလ္လာဟ် အပေါ် သက်ဝင် ယုံကြည် ) မှု မှ ပေါက် ဖွား ပါသည်။ “
ကျမ်းကိုး ။ ။ သိုဟ်ဖိုအိုကူလ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၄၉
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ပြစားမှု ၊ ဟန်ဆောင် မှုကို နယ်ပယ်အသီးသီး တွင် ကျနော်တို့ ရှောင်ကြဥ်ရပေမည်။ ကျနော်တို့ ပြုလုပ်သည့် အေဗါဒသ်များ ၊ အလှူအဒါန်းများ ၊ မဂျ်လစ်များ ၊ ဟောကြား မှုများ ၊ အုပ်ချုပ်မှုများ ၊ သင်ကြား မှုများ ၊ သင်ယူမှုများ စသည်ဖြင့် နယ်ပယ် အသီးသီး တွင် ပြစား မှု ဟန်ဆောင်မှု မပါရန် အထူး ဂရု ပြုရမည် ဖြစ်ပါတယ်။ အကြောင်း အေမာမ် အလီ (အ.စ) ၏ ဟဒီးစ်တော် အရ အနည်း ငယ် ပြစား မှု ၊ ဟန်ဆောင် မှု သည်လည်း ရှေးရ်က် (မြတ်အလ္လာဟ် နှင့် အခြား အလ္လာဟ် မဟုတ်သူများ နှိုင်းယှဥ်၍ ခဝပ်ကိုးကွယ်ခြင်း) ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီး နောက် ခူလူစ်လုပ်ရပ်( အလ္လာဟ့်နှစ်မြို့ ၊ နှစ်သက်မှုရန် လုပ်သည့် လုပ်ရပ် ) လုပ်နိုင်ရန် မိမိ ကိုယ် အတွင်း ယကင်းန် (အပြည့်အဝ မြတ်အလ္လာဟ် အပေါ် သက်ဝင် ယုံကြည် ) မှု ဖြစ်ထွန်းလာ အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251