၁၂ ဒီဇင်ဘာ ၂၀၂၃ - ၁၉:၀၂
ပြစားခြင်း နှင့် ဟန်ဆောင်ခြင်း ကို ရှောင်ကြဥ်ပါ

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ပြစားခြင်း နှင့် ဟန်ဆောင်ခြင်း ကို ရှောင်ကြဥ်ရန် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

သိုဟ်ဖိုအိုကူလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။


قال أمیرالمؤمنین علیه السلام:

عِبادَ اللّهِ، اِعلَموا أنَّ يَسيرَ الرِّياءِ شِركٌ، و أنّ إخلاصَ العَمَلِ اليَقينُ۔.

 

အမီးရိုလ်မိုအ်မေနီ အေမာမ် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

“ အို အလ္လာဟ်ဟို အရှင်မြတ် ဩ ကျေးကျွန်အပေါင်းတို့ ! သိထားပါလေ ။အနည်းငယ် သော ပြစား မှု နှင့် ဟန်ဆောင်မှု သည် လည်းဘဲ ရှေးရ်က် ဖြစ်ပါသည်။ ပြီး ခူလူစ်လုပ်ရပ်( အလ္လာဟ့်နှစ်မြို့ ၊ နှစ်သက်မှုရန် လုပ်သည့် လုပ်ရပ် ) သည် ယကင်းန် (အပြည့်အဝ မြတ်အလ္လာဟ် အပေါ် သက်ဝင် ယုံကြည် ) မှု မှ ပေါက် ဖွား ပါသည်။  “

ကျမ်းကိုး ။ ။ သိုဟ်ဖိုအိုကူလ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၁၄၉

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး  ပြစားမှု ၊ ဟန်ဆောင် မှုကို  နယ်ပယ်အသီးသီး တွင် ကျနော်တို့ ရှောင်ကြဥ်ရပေမည်။ ကျနော်တို့ ပြုလုပ်သည့် အေဗါဒသ်များ ၊ အလှူအဒါန်းများ ၊ မဂျ်လစ်များ ၊ ဟောကြား မှုများ ၊ အုပ်ချုပ်မှုများ ၊ သင်ကြား မှုများ ၊ သင်ယူမှုများ စသည်ဖြင့် နယ်ပယ် အသီးသီး တွင် ပြစား မှု ဟန်ဆောင်မှု မပါရန် အထူး ဂရု ပြုရမည် ဖြစ်ပါတယ်။ အကြောင်း အေမာမ် အလီ (အ.စ) ၏ ဟဒီးစ်တော် အရ အနည်း ငယ် ပြစား မှု ၊ ဟန်ဆောင် မှု သည်လည်း ‌ရှေးရ်က် (မြတ်အလ္လာဟ် နှင့် အခြား အလ္လာဟ် မဟုတ်သူများ နှိုင်းယှဥ်၍ ခဝပ်ကိုးကွယ်ခြင်း) ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။ ပြီး နောက် ခူလူစ်လုပ်ရပ်( အလ္လာဟ့်နှစ်မြို့ ၊ နှစ်သက်မှုရန် လုပ်သည့် လုပ်ရပ် ) လုပ်နိုင်ရန် မိမိ ကိုယ် အတွင်း ယကင်းန် (အပြည့်အဝ မြတ်အလ္လာဟ် အပေါ် သက်ဝင် ယုံကြည် ) မှု ဖြစ်ထွန်းလာ အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

****************************************************************

END / 251