အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန ၏ အစီရင်ခံစာအရ ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုသည့် နေရာများ၊ အထူးသဖြင့် လေဆိပ်များနှင့် ဆိပ်ကမ်းများကို ပဋိပက္ခများနှင့် တင်းမာမှုများ၏ သက်ရောက်မှုမှ ကင်းဝေးစေရန် မိမိတို့အနေဖြင့် အပြည့်အဝ အသင့်ရှိကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။
ယီမင်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဆော်ဒီအစိုးရသည် ဇူလိုင်လ ၁၃ ရက်နေ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းခရီးစဉ်တစ်ခု ဆိုက်ရောက်လာခြင်းကို တားဆီးရန် လေဆိပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး တင်းမာမှုလျှော့ချရေး လုပ်ငန်းစဉ်ကို အဆုံးသတ်စေခဲ့ကြောင်း ထပ်မံဖော်ပြထားပါတယ်။
ထို့အပြင် ယီမင်အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ ရုရှားနှင့် တရုတ်နိုင်ငံတို့၏ ကိုယ်စားလှယ်များက ၎င်းတို့၏ မိန့်ခွန်းများအတွင်း တင်ပြခဲ့သည့် အပြုသဘောဆောင်သော အချက်များကို မိမိတို့က ကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။
ကြေညာချက်တွင် ဆော်ဒီအစိုးရက ဘာဗ်ဗိုလ်မန်ဒက်ဗ် ရေလက်ကြားနှင့် ၎င်း၏ပတ်ဝန်းကျင်ဒေသများကို စစ်ရေးစစ်ဆင်ရေးများ ပြုလုပ်ရာ နယ်မြေအဖြစ် ပြောင်းလဲအသုံးပြုနေခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြားစေကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
ထို့ပြင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း ရှိ၊ မရှိနှင့် မသက်ဆိုင်ဘဲ အချို့သော အဖွဲ့များက ယီမင်အပေါ် ဆော်ဒီ၏ သိမ်းပိုက်အုပ်ချုပ်မှုကို အတင်းအကျပ် သွတ်သွင်းရန် ကြိုးပမ်းနေခြင်းများသည် လက်ခံနိုင်စရာမရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment