၁၄ ဖေဖော်ဝါရီ ၂၀၂၄ - ၁၁:၄၀
 အီရန် နိုင်ငံခြားရေး ဝန်ကြီး ဒိုဟာခရီးစဉ် တွင် ကာတာဝန်ကြီးချုပ် နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီးတို့ နှင့် အရေးကြီးတွေ့ဆုံ ခဲ့

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် မိမိ ၏ ကာတာ နိုင်ငံ ခရီးစဥ် တွင် ကာတာဝန်ကြီးချုပ် နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိက်ခ် မိုဟမ္မဒ် ဘင်န် အဗ်ဒိုရ်ရဲဟ်မာန် ဘင်န် ဂျာစင်မ် အက်စ် စာနီ တို့နှင့် အရေးကြီးတွေ့ဆုံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏သတင်းအထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ဆီးရီးယားနိုင်ငံ ခရီးစဉ်ပြီးဆုံးပြီးနောက် တနင်္လာနေ့တွင် ဒိုဟာမြို့သို့ ရောက်ရှိခဲ့သည်။ ဒိုဟာမြို့သို့ရောက်ရှိပြီးနောက် ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးတို့နှင့် ပထမဆုံးတွေ့ဆုံခဲ့ပြီး ဂါဇာအကျပ်အတည်းကို အသေးစိတ်ဆွေးနွေးခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသတွင် အမြဲတမ်းအပစ်အခတ်ရပ်စဲရေး ၊ ဇီယွန်ဝါဒီများ၏ ထိုးစစ်နှင့် ရာဇ၀တ်မှုများကို ချက်ခြင်းတားဆီးရေး၊ ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် အရေးပေါ်အကူအညီများ ရရှိရေးစသည့် ကိစ္စရပ်များကို ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) မှ ဆွေးနွေးခံပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) သည် ဘေရွတ်နှင့် ဒမတ်စကတ် တွင် လက်ဘနွန် နှင့် ဆီးရီးယားနိုင်ငံတို့ ၏ အခြားအဆင့်မြင့်အရာရှိများ၊ နိုင်ငံခြားရေး ဝန်ကြီးများ နှင့် ယခင်က တွေ့ဆုံခဲ့ကြောင်း မှတ်သားထိုက်ပါတယ်။

ထို့အပြင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည် ကြံ့ကြံ့ခံ ခုခံ ရေး အဖွဲ့ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၏ ဤဒေသတွင်း ခရီးစဉ်သည် ပါလက်စတိုင်းကိစ္စတွင် အီရန် နိုင်ငံ ၏ တက်ကြွသော သံခင်း တမန်ခင်း အရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

****************************************************************

END / 251