၁၅ ဖေဖော်ဝါရီ ၂၀၂၄ - ၂၀:၂၉
မိမိတို့၏ နောက်ဆုံးပေါ် ဒရုန်းများသည် မည်သည့်နေရာတွင်မဆို လျှို့ဝှက်စစ်ဆင်ရေးများ လုပ်ဆောင်နိုင် သည်ဟု အီရန် ထိပ်တန်း ဗိုလ်မှူးကြီးမှ  ပြောကြား

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေတပ်ဆိုင်ရာ ထိပ်တန်း ဗိုလ်မှူးကြီး အမီးရ်အလီ ဟာဂျီဇာဒေ မှ ယနေ့ မိမိ တို့၏ နောက်ဆုံးပေါ် ဒရုန်းများသည် နေရာမရွေး အချိန်မရွေး လျှို့ဝှက် စစ်ဆင်ရေး များ လုပ်ဆောင်နိုင်သည်ဟု ပြောကြားခဲ့ပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် IRNA သတင်းဌာနများ ၏ အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လေတပ်ဆိုင်ရာ  ထိပ်တန်း ဗိုလ်မှူးကြီး အမီးရ်အလီ ဟာဂျီဇာဒေ မှ ယနေ့တွင် အီရန်သည် ရွေ့လျားနေသော ပစ်မှတ်များကို ပစ်မှတ်ထားပြီး မမြင်နိုင်သော ဒရုန်းများဖြင့် မည်သည့်နေရာ၌မဆို ကင်းထောက် စစ်ဆင် ရေးများ ကို လုပ်ဆောင်နိုင်စွမ်းရှိ ပြောကြားခဲ့ပါတယ်။

အီရန် လေတပ် စခန်းဌာနချုပ်သို့ လာရောက်လည်ပတ်သည့် အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ထိပ်တန်း ဗိုလ်မှူးကြီး အမီးရ်အလီ ဟာဂျီဇာဒေ မှ  ဆဒန်မ် အစိုးရ နှင့် စစ်ပွဲတွင် အချင်းဝက် ၂၇ ကီလိုမီတာ အကွာ အဝေးအထိ သာ ပစ်ခတ်နိုင်ခဲ့ ကြောင်း ယနေ့တွင် မိမိ တို့သည် အဆိုပါ ဒေသတွင်း အမေရိကန် အကြမ်းဖက် တပ်ဖွဲ့ သည် အီရန် အစ္စလာမ်မစ်  သမ္မတနိုင်ငံနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မလိုလားကြသည့်အထိ ရှင်းရှင်း လင်းလင်း ဝန်ခံ လာသည့် နေရာ အထိ ရောက် ရှိလာပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ကာကွယ်ရေးစွမ်းအားကို တန်ပြန်နိုင်စွမ်းမရှိဟု အမေရိကန် ပြည်ထောင်စုက ကောင်းကောင်းသိပြီး ယနေ့မိမိ တို့သည် ကာကွယ်ရေး၊ ဒုံးကျည်များနှင့် ဒရုန်းများ ဆိုင်ရာ တွင် ကမ္ဘာ့ ထိပ်တန်းအင်အားကြီးနိုင်ငံများတွင် ပါဝင်နေပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251