၃ ဧပြီ ၂၀၂၄ - ၂၀:၂၃
ဟာမေဒါသ်အကြောင်း မိတ်ဆွေ သိပါသလား?

ဟာမေဒါသ်အကြောင်း မိတ်ဆွေ သိပါသလား? အများစုသည် သိမည်မဟုတ်ဟု ထင်မိပါတယ်။ ဘယ်သို့ ဆိုစေ မွတ်စလင်မ်များ အတွက် ရှီအဟ် မွတ်စလင်မ် ဖြစ်စေ စွန်နီ မွတ်စလင်မ် ဖြစ်စေ သိထားသင့်သည့် ကိစ္စ ဖြစ်ပါတယ်။ ဟာမေဒါသ်အကြောင်း နှင့် ပတ်သက်ပြီး အနည်း ဖြစ်စေ လေ့လာ နိုင်ရန် တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟာမေဒါသ် ဆိုသည်မှာ အလ်ဟမ်ဒိုလစ်လ္လာဟ် နှင့် အစပြုသည့် စူရဟ် ဖာသေဟဟ် ၊ စူရဟ် အန်အာမ် ၊ စူရဟ်ကအ်ဖ်၊ စူရဟ် စဘာဖွာသွေရ် တို့ အား ခေါ်ဆိုပါ တယ်။ ဤစူရဟ်များကို "ဟာအာသ် " ၊ "ဟမ်ဒ် " နှင့် "မကာစီးရ် ကုရ်အာန်" ဟူ၍လည်း ခေါ်ဆိုကြတယ်။

ဤစူရဟ်များ၏ အကြောင်းအရာ ဘုံဝင်ရိုးမှာ အစ္စလမ်ဘာသာ၏ အခြေခံ အုတ်မြစ်များသည့် သောင်ဟီးဒ် ၊ နဘူဝသ် နှင့် မအာဒ် (ကေယာမသ်) တို့ ဖြစ်ပါတယ်။ စူယူသီ အနေဖြင့် မိမိ၏ စာအုပ် အလ်အစ်သ်ကာန် တွင် ဂျမားလ် လိုလ်ကိုရ်ရာအ် ၏ စာအုပ် မှ ဆင့်ပြန် ထားသည်မှာ ကုရ်အာန် တွင် မယာဒီးန် သည် မိုင်ဒန် ၏ အများကိန်း  ၊ ဘစာသီးန် သည် ဘွတ်စ်သန် ၏ အများ ကိန်း ဘူစသန် အဖြစ်ကျော်ကြားပြီး အဓိပ္ပာယ် မှာ ဥယျာဥ် ဖြစ်ပါတယ်။ မကာစီးရ် ၊ အရာအစ်(စ) သည် အူရုစ် ၏ အများကိန်း၊ ဒီယာဘီးဂျ်သည် ဒီပါဂျ် ၏ အများကိန်းဖြစ်ပြီး အဓိပ္ပာယ်မှာ ပိုးထည် ဖြစ်ပြီး ဒီပါ ဟု ကျော်ကြားပါသည်။ ) ပြီးနောက် ရေယာဆ် သည် ရောင်ဇာဟ် ၏ အများကိန်း ဖြစ်ပြီး အဓိပ္ပာယ် ဥယျာဥ် ၊ ခြံ  ဖြစ်ပါတယ်။

မီယာဒီးန် နေကုရ်အာန် ဆိုသည်မှာ "အလစ်လာန်မီးမ် " ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ဘစာသီးန် နေကုရ်အာန် ဆိုသည်မှာအလစ်လာန်ရာ" ဖြင့် အစပြုသော စူရဟ်များဖြစ်ပါသည်။ မကာသီးရ်ရေကုရ်အာန် ဆိုသည်မှာ ဟာမေဒါသ်  စူရဟ် များ အရာအစ်(စ) စေ ကုရ်အာန် ဆိုသည်မှာမိုစဘ်ဘဟာသ် စူရဟ် များ ၊ ဒီယာဘီးဂျ် ဂျေကုရ်အာန် ဆိုသည်မှာ ဟာမီးမ်မါသ် စူရဟ်များ နှင့် ရေယာဆ် ဇိုကုရ်အာန် ဆိုသည် မှာမွတ်ဖ်ဆွလာသ်   စူရဟ် တော်များ ဖြစ်ပါတယ်။                    

ရည်ညွှန်းများ

အာရဘီ ဘာသာ စကား ၊ ပါရှန်း (ဖွာရစီ ) ဘာသာစကား အခက်အခဲရှိသူများ နှင့် အတန်းပညာတတ်သူ ပရိတ်သတ်များ ဖတ်ရတာ လွယ်ကူအောင် ကျမ်းကိုးများ ၏ အသံ ထွက်ကို အင်္ဂလိပ် ဘာသာဖြစ် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။

1.       Ḥujjatī, Sayyid Muḥammad Bāqir. Pajūhishī dar tārīkh-i Qurʾān-i Karīm. Daftar-i Nashr-i Farhang-i Islami, 1395 Sh.

2.       https://wikishia.net.

3.       Dictionary of Quranic sciences (Persian) .

4.        Sakhāwī, ʿAlī. Jamāl al-qurrāʾ wa kamāl al-ʾiqrāʾ. Beirut: Muʾassisat al-Kutub al-Thiqāfīyya. [n.p]. [n.d].

****************************************************************

END / 251