၉ မေ ၂၀၂၄ - ၁၉:၅၆
အမာနသ် (အလွဲသုံးစားမပြုခြင်း )

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမာနသ် (အလွဲသုံးစားမပြုခြင်း ) ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အမာနသ် (အလွဲသုံးစားမပြုခြင်း ) ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။

(၁)

မေးခွန်း

ဝဒီအသ် သို့မဟုတ် အမာနသ် ၏ အဓိပ္ပယ် ဖွင့်ဆိုချက် မှာ အဘယ်နည်း ?

အဖြေ

တစ်ဦးတစ်ယောက် မှ အခြားသူ တစ်ဦး တစ်ယောက်ထံ  ပစ္စည်း တစ်ခုခု  အရာတစ်ခုခု အား ထိန်းသိမ်း စောက်ရှောက်  ရန် အတွက် အပ်နှံခြင်း ထားခြင်းကို ဝဒီအသ် သို့မဟုတ် အမာနသ် ဟုခေါ်ဆို ပါတယ်။ အမာနသ် အပ်သူ များ အား (မုဒအ်) နှင့် အမာနသ် လက်ခံသူများ ကို (ဝဒအာ ) ဟု ခေါ်ဆိုပါတယ်၊ ထိုကြောင့် အကယ်၍ လူစ်ဦး တစ်ယောက် အနေဖြင့် အခြား သူ တစ်ဦး တစ်ယောက် ထံ အမာနသ် အပ်ထားမည် ပြီးနောက် အပ်ခံရသူမှလည်း လက်ခံမည် ဆိုလျင် ၎င်းအပေါ် အဲဟ်ကာမ်မေ ဝဒီအဟ် နှင့် အမာနသ် အပေါ် လိုက်နာရမည် မှာ ဝါဂျစ်ဗ် ဖြစ်ပါတယ်။

(၂)

မေးခွန်း

အကယ်၍ လူတစ်ဦး တစ်ယောက် သည် အခြားသူတစ်ဦး တစ်ယောက် ထံ အမာနသ် အပ်ထားမည်။အမာနသ် ပေးသူ ၏ အမာနသ် ကို အမာနသ် လက်ခံသူမှလည်း သဘောတူ လက်ခံမည်။ ပြီးနောက် အမာနသ် လက်ခံသူ အနေဖြင့် အမာနသ်အပ်သူ၏ ခွင့်ပြုချက်မယူ ဘဲ အသိမပေးဘဲ အခြားတစ်ဦးတစ်ယောက် ထံ ပမာအား ဖြင့် မိမိဇနီး သို့မဟုတ် သားသမီးများ ထံမှ တစ်ယောက်ယောက် ထံ ထိန်းသိမ်း ရန် အတွက် အပ်ထား မည်ဆိုလျင် အမာနသ် ပျက်စီးသွားသည့် အခြေအနေတွင် အာမခံသူ ဖြစ်ပါသလား?

အဖြေ

ဟုတ်ကဲ့ ။ ဤအခြေအနေတွင်လည်း အာမခံသူ ဖြစ်ပါတယ်။ (အာမခံထားသည့်အတွက် ပျက်စီးသွား သည့် အတိုင်း ပြန်လျော်ပေးရပါမည်။)

(၃)

မေးခွန်း

အမာနသ် ကိုမထိန်းသိမ်း နိုင်သူသည် အမာနသ် အတွက် တာဝန်ယူခြင်းသည် ပိုင်ပါသလား? အကယ်၍ ၎င်းအနေဖြင့် တာဝန် ယူထားပါက မည်သည့် အမိန့် ရှိပါသနည်း?

အဖြေ

အမာနသ် ကိုမထိန်းသိမ်း နိုင်သူသည် အမာနသ် အတွက် တာဝန်ယူခြင်းသည်မပိုင်ချေ။ အကယ်၍  အမာနသ် ကိုမထိန်းသိမ်း နိုင်ဘဲ တာဝန်ယူထားလျင် အာမခံထားသူဖြစ်သွားပါသည်။ အကယ်၍ အမာနသသ် အပ်သူ မှ မိမိ ၏ အမာနသ် ကို မထိန်းသိမ်းနိုင်မှန် ကိုသိလျက် အပ်လာလျင် လက်ခံ ပိုင်ခွင့်ရှိပါသည်။  (သို့သော်) ဤ အတွက် အာမခံ သူ အမိန့်စာရင်း တွင်မဝင်တော့ချေ။

(၄)

မေးခွန်း

လင်မယားကွာရှင်းပြီးနောက် လင်မယားအချင်းချင်း ထိမ်းသိမ်းထားသည့် လက်ဆောင်များနှင့် အမာနသ်  များသည် မည်သို့ဖြစ်မည်နည်း။?

အဖြေ

လင်မယားကွာရှင်းပြီးနောက် လင်မယားအချင်းချင်း ထိမ်းသိမ်းထားသည့် လက်ဆောင်များနှင့် အမာနသ်  များ  ပြန်ပေးကြရမည် ဖြစ်ပါသည်။

(၅)

မေးခွန်း

တစ်ဦးတစ်ယောက် သည် အိမ်မက်  တွင် တစ်ဦးတစ်ယောက် ၏ အမာနသ် အား ထိခိုက်ပျက်စီး စေမည် ။ထိုထိခိုက်ပျက်စီးသွားသည့် အမာနသ် ကို ပိုင်ရှင်အား ပြန်ပေးမည်။ ပိုင်ရှင်မှလည်း ဂရုမပြုဘဲ ယူထားမည် ဆိုလျင် ထိခိုက်ပျက်စီးမှု အတွက် လျော်ပေးရန် တာဝန် ရှိပါသလား?

အဖြေ

ထိခိုက်ပျက်စီးမှု အတွက် လျော်ပေးရန် သို့မဟုတ် ကျေနပ်အောင် တောင်းပန်ရန် ကို  လုပ်ပေးရန် အရေးကြီး လိုအပ်ပါ သည်။

အကြံပြုချက် -  အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ပြီး အမာနသ် ကိစ္စ သည် အသေးအမွှား ကိစ္စ မဟုတ်ကြောင်း သိနိုင်ပါတယ်။ ပြီးနောက်  မိမိ အမာနသ်များ ကို အပ်သည့် အချိန် အမာနသ် ကို ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်း မရှိသူများ ကိုလည်း မအပ်မိအောင် အထူးကြိုးစားရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

-------------------------------------------------

END / 251