ယနေ့ မေလ ၂၂ ရက် ဗုဒ္ဓဟူးနေ့ မနက် ၉နာရီ တွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ရှဟီးဒ် ဖြစ်သွားသည့် ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါများ အတွက် နမာဇ်ဇေ ဂျနဇဟ် အား တီဟီရန် တက္ကသိုလ် တွင် ရှေ့ဆောင် ဝတ်ပြုခဲ့ပါတယ်။
ရှဟီးဒ်များ အတွက် နမာဇ် ဇေဂျနာဇဟ် နှင့် ဈာပနအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အီရန် ပြည်သူ လူထု ၊ သမ္မတ ၊ တရားသူကြီးချုပ် နှင် အစ္စလာမ်မစ် လွတ် တော် ဥက္ကဋ္ဌ စသည်နေရာ သုံးနေရာ မှ အကြီးအကဲများ၊ တာဝန်ရှိသူများ၊ နိုင်ငံတော် နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ ကြပြီး ကျမ်းတော်မြတ်ကုရ်အာန်မှ အာယသ်တော် အချို့ အား သေလာဝသ် ပြု ခြင်း ဖြင့် စတင်ခဲ့ပါတယ်။
နမာဇ်ဂျနဇဟ် ဝတ်ပြုပြီး အပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ ၊ သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ အာယာသွလ္လာဟ် အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ ၊ သမ္မတ ၏ လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ဆယက်ဒ် မဲဟ်ဒီ မူစဝီ ကျန် ရဟတ်ယာဥ် မောင်း ၂ ဦး နှင့် လက်ထောက် တစ်ဦး တို့ အလောင်း များ ကို တီဟီရန် ပြည်သူလူထု နှင့် နှုတ်ဆက် ရန် အာဇါဒီ ကွင်းပြင်ဘက်သို့ ယူဆောင် သွားမည် ဖြစ်ပါတယ်။
အီရန် သမ္မတ ရှဟီးဒ် ဆယက်ဒ် ရအီစီ နှင့်အပေါင်းအပါများ ၏ ဈာပနတွင် ပါဝင်တက်ရောက် ရန် အတွက် နိုင်ငံခြား ကိုယ်စားလှယ် အဖွဲ့ များ သည် မြို့တော် တီဟီရန်သို့ ရောက်ရှိလာနေပြီး ဖြစ်ပါတယ်။
ယခုအချိန်အထိ နိုင်ငံခေါင်းဆောင်များနှင့် ဝန်ကြီးများ အပါအဝင် နိုင်ငံခြားအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် တီဟီရန်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။
.......................................................
END / 251