၂၄ မေ ၂၀၂၄ - ၂၀:၂၆
လူများ နှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်နည်း ?

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လူများ နှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်နည်း ? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

နဲဟ်ဂျိုဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمؤمنين علیه السلام:

خَالِطُوا اَلنَّاسَ مُخَالَطَةً إِنْ مِتُّمْ مَعَهَا بَكَوْا عَلَيْكُمْ وَ إِنْ عِشْتُمْ حَنُّوا إِلَيْكُمْ‏.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« လူများနှင့် အတူ ဤကဲ့သို့ ပြုမူဆက်ဆံပါလေ ။ သင်အနေဖြင့် ဤလောက မှ ထွက်သွားသည့် အခါ (သေသွား သည့်အခါ) သင်အတွက်ငိုကြွေး ကြပေမည်။ ပြီးနောက် အကယ်၍ အသက်ရှင်နေမည်ဆိုလျင် သင်ကို တွေ့ ဆုံဖို့ စောင့်မျှော် နေပေမည်။ »

နဲဟ်ဂျိုဗလာဂဟ် ကျမ်း ၊ ဟေက်မသ်အမှတ် ၁၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး သုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် မည်ကဲ့ သို့ ဘဝ တည်ဆောက် ရမည် ဆိုသည်ကို သိရှိရမည် ဖြစ်ပါတယ်။ မိမိကြောင့် လူတွေ ငိုရသည့်ဘဝ မဖြစ်ရ အောင် ၊ မိမိ အသက် ရှင်နေတာကို လူတွေ မလိုချင်အောင် ဘဝမျိုး မဖြစ်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ အခုခေတ်တွင် မောင်လာအလီ (အ.စ) ၏ ဟဒီးစ်တော် နှင့် အညီ ဘဝတည်ဆောက်သည့် ပုဂ္ဂိုလ် များ မှ သာဓက အချို့ ကို ပြရမည် ဆိုလျင် လတ်တလော ရှဟီးဒ် ဖြစ်သွား သည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ  ဖြစ်ပါတယ်။ အာယာသွလ္လာဟ် ရှဟီးဒ် ဖြစ်သွားသည့် အခါ မည်ကဲ့သို့ လူထုသည်ငိုကြွေးခဲ့ကြကြောင်း အာယာသွလ္လာဟ် အသက်ရှင်ခဲ့ စဥ် ၎င်း နှင့် တွေ့ဆုံ လိုသည့် လူအများအပြား ရှိခဲ့ကြောင်း သိရှိ နိုင်မည် ဖြစ်ပါတယ်။

------------------------------------------------------------------------

END / 251