Hawza News Agency ၏ တင်ပြ ထားချက် ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံ မွတ်စ်သဟဗ် နမာဇ်များ ကို အသံကျယ်ကျယ် နှင့် ဖတ်ရမည်နည်း ? သို့မဟုတ် အသံတိုတို နှင့် ဖတ်ရမည်နည်း ? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
မွတ်စ်သဟဗ် နမာဇ်များ ကို အသံကျယ် ကျယ် နှင့် ဖတ်ရမည်နည်း ? သို့မဟုတ် အသံတိုတို နှင့် ဖတ်ရမည် နည်း ?
အဖြေ
မည်သို့မှ ကွာခြားခြင်းမရှိပါ။ အသံကျယ်ကျယ် နှင့် လည်း ဖြစ်နိုင်သလို အသံ တိုတို ဖြင့်လည်း ဖတ်နိုင်ပါတယ်။
ရှင်းလင်းချက်အကျဥ်း - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ၍ မွတ်စ်သဟဗ် နမာဇ် များ ကို နမာဇ် ဇေ ဂျဟ်ရီ ပုံစံ ဖြစ်စေ သို့မဟုတ် နမာဇ် ဇေအစ်ခ်ဖါသီ ပုံစံ နှင့် ဖတ်နိုင်ပါတယ်။ အသံကျယ်ကျယ် ဖြင့် ဖတ်သည် ဆိုသည်မှာ နမာဇ် ဖဂျ်ရ် ၏ ၂ရကတ် နှင့် နမာဇ် မဂ်ရိဗ် နှင့် အေရှအ် နမာဇ်များ ၏ ပထမ ၂ ရကတ် တွင် စူရဟ် ဟမ်ဒ် နှင့် စူရဟ် တစ်ပါးပါးကို အသံကျယ်ကျယ် ဖြင့် ဖတ်ခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ရှရီအသ်တရားတော် စကား အရ နမာဇ် ဇေ ဂျဟ်ရီ ဟု ခေါ်ပါတယ်။ အသံတိုတို ဟုဆိုသည်မှာ နမာဇ်ဇေ ဇဟိုရ် နှင့် အစဲရ် နမာဇ် ၏ ပထမ ၂ ရကတ် တွင် စူရဟ် ဟမ်ဒ် နှင့် စူရဟ် တစ်ပါးပါး ၏ ဗစ်မေလ္လာဟ်ဟေရ်ရဲဟ်မန်းန်နေရဟီးမ် သာ အသံ ကျယ်ကျယ် နှင့် ဖတ်ပြီး ကျန် အာယသ်တော်များကို အသံတိုတို နှင့် ဖတ်ခြင်း ကိုဆိုလိုခြင်း ဖြစ်ပါတယ်။ ရှရီအသ်တရားတော် စကား အရ နမာဇ် ဇေအစ်ခ်ဖါသီ ဟု ခေါ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251