၁ ဇွန် ၂၀၂၄ - ၂၀:၁၅
   ဖြုန်းတီးသည့် အမျိုးအစား တွင် ပါဝင်သည့် အဝတ်အစားများ

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အငြိုးအတေး ၊ ရန်ငြိုးဖွဲ့ မှု ကို ဖယ်ရှား နည်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါ တယ်။

 

الامام الصادق (عليه السلام):

عن إسحاق بنِ عَمّارٍ : قلتُ لأبي عبدِ اللّه ِ عليه السلام : يكونُ للمؤمِنِ عَشرَةُ أقْمِصَةٍ؟ قالَ: نَعَم، قلتُ: وَ عِشرينَ؟ قالَ: نَعَم و ليسَ ذلكَ مِنَ السَّرَفِ، إنّما السَّرَفُ أن تَجعَلَ ثَوبَ صَونِكَ ثَوبَ بِذْلَتِكَ.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အစ်ဟာက် ဘင်န် အမ်မါရ် မှ ဆင့်ပြန် လာရှိပါသည်။ ကျွန်ုပ်အနေဖြင့် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံ ခစားပြီး လျှောက် ထားသည်မှာ မောင်လာ မိုအ်မင်  အနေဖြင့် အဝတ် ဆယ် ထည် ထားပိုင်ခွင့် ရှိပါသနည်း ?

အေမာမ် (အ.စ) မှ အဖြေပေးမိန့်တော် မူ၏။  အကြောင်း မဟုတ်ချေ။  ကျွန်ုပ် အနေဖြင့် ထပ်၍ မေးမြန်း လျှောက် ထား လေ၏။  အကယ်၍ ၎င်း (မိုအ်မင် ) ထံ အဝတ် အထည် ၂၀ ရှိ လျှင် ကော် အဘယ်သို့ နည်း?  အေမာမ် (အ.စ) မှ အဖြေပေးမိန့်တော် မူ၏။  ဤ လုပ်ရပ်သည်  ဖြန်းတီး ခြင်း မဟုတ်ချေ။ ဖြုန်းတီး ခြင်း ဆိုသည် မှာ မိမိ အပြင် ၏ အဝတ် အား (ပါတီသွားချိန် ဝတ်သည့်) အဝတ် အစား ကို အလုပ်လုပ်သည့် အဝတ်အစား အဖြစ် ပြောင်းခြင်း သည် ဖြုန်းတီးခြင်း ဖြစ်လေ၏။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊  အတွဲ ၁၊ စာမျက်နှာ ၃၁၇

 

ရှင်းလင်းချက် အကျဥ်း  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။  မိုအ်မင် တစ်ယောက် ထံ အဝတ် ဆယ်ထည် ၊ အထည် ၂၀   ရှိခြင်း သည် ဖြုန်းတီးခြင်း မမည် ဘဲ ပါတီ ပွဲ ၊ မင်္ဂလာ ပွဲ တွင် ဝတ် သည့် အဝတ်များ ကို  မိမိ အလုပ် အဝတ် အဖြစ် ပြောင်း ခြင်းသာ ဖြုန်းတီးခြင်း ဖြစ်လေ၏။ ဆိုသည်မှာ  စျေးကြီးပေး ချုပ်ရသည့် ဝယ်ရသည့် ပါတီ တက် တန်ဖိုးကြီး အဝတ်များကို  မိမိ ဝတ်နေကြ အဝတ် ပုံစံ အဖြစ် ဝတ် ခြင်း ကို မပြုရန် ဖြစ်ပါတယ်။

****************************************************************

END / 251