ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။
قال الامام الرضا علیه السلام:
عـلَيْكُمْ بِصَـلاةِ اللَّيْلِ فَما مِنْ عَـبْدٍ يَقُومُ آخِرَ اللَّيْلِ فَيُصَـلِّى ثَمانَ رَكَعاتٍ وَ رَكْعَـتَىِ الشَّفْـعِ وَ رَكْعَةَ الْـوَتْرِ وَ اسْتَغْـفَرَ اللّهَ فـى قُنُوتِهِ سَبْـعينَ مَرَّةً اِلاّ، اُجيرَ مِنْ عَـذابِ الْقَـبْرِ، وَ مِنْ عَـذابِ النّارِ، وَ مُـدَّ لَهُ فِى عُمْرِهِ، وَ وُسِّعَ عَلَيْهِ فِى مَعِيْشَتِهِ، ثُمَّ قالَ عليه السلام؛ اِنَّ الْبَيَـوتَ الَّتى يُصَـلّى فِيـها بِاللَّيْلِ يَـزْهَرُ نُورُها لاَِهْلِ السَّماءِ كَما يَزْهَرُ نُورُ الْكَواكِبِ لاَِهْلِ اْلاَرْضِ.
အေမာမ် ရေဇာ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« နမာဇ် ဖေ ရှက်ဗ် ဝတ်ပြုရန် သင်တို့ တာဝတန်ရှိပါသည်။ မည်သည့် အလ္လာဟ် ဗဒဟ် မဆို ည၏ နောက်ဆုံးအပိုင်းတွင် အိပ်ရာကနိုးပြီး ရှစ်ရကတ် နမာဇ်ဇေ ရှက်ဗ် ၊ ၂ရကတ် နမာဇ် ဇေ ရှဖ်အ် နှင့် တစ်ရကတ် နမာဇ် ဇေ ဝတ်သ်ရ် ဝတ်ပြုမည် ။ပြီးနောက် ကူနူသွ် တွင် အကြိမ် ၇၀ အစ်သေဂ်ဖါရ် ဖတ်မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ်သည် ၎င်း အား ကဗဲရ် ၏ အဇါးဗ် နှင့် (ဂျဟန္နမ်) မီး မှ လွတ်မြောက်စေမည်ဖြစ်ပါသည်။ ၎င်း ၏ အသက် (ဘဝ) အား ရှည်စေတော်မူမည် ဖြစ်ပြီး ၎င်း၏ ဘဝ တွင် ပြေလည် ချောင်လည်မှု ကို ရရှိမည် ဖြစ်ပါ သည်။ ပြီးနောက် အေမာမ် ရေဇာ(အ.စ) မိန့်တော်မူသည်မှာ - နမာဇ် ရှက်ဗ် ဝတ်ပြုသည့် အိမ် ၏ နူးရ် (အလင်းရောင် ) သည် မြေထဝီ ရှိ သူများ အတွက် ကောင်းကင်ယံ တွင် ကြယ်တာရာ များ ထွန်းထောက်သကဲ့ သို့ ထွန်းထောက်မည် ဖြစ်ပေသည်။ »
ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ၊ အတွဲ ၈၇ ၊ စာမျက်နှာ ၁၆၁
ရှင်းလင်းချက် အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ရေဇာ ( အ.စ) ၏ ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ အခုခေတ်တွင် မိုးလင်းသည့် အထိ ဖေ့ဘုတ်သုံး ၊ မိုဘိုင်း သုံး၍ နေကြရာ ဖဂျရ်နမာဇ် မတိုင်ခင် နာရီ ဝက် ၊ မိနစ် ၂၀ ခန့် အချိန် ပေးပြီး နမာဇ် ရှက်ဗ် ဝတ်ပြုသင့်ပါတယ်။ ပြီးနောက် နမာဇ်ဇေရှက်ဗ် အား အကြောင်း အမျိုးမျိုးကြောင့် ဖဂျရ် နမာဇ် မတိုင်ခင် ဝတ်မပြု ဖြစ်ခဲ့ လျင် လည်း ဖဂျရ် နမာဇ် ပြီးနောက် ကဇွာ ဖတ်လို့ရပါတယ်။ ထိုနည်း တူစွာ အေရှာ နမာဇ် ဝတ်ပြုအပြီး တွင်လည်း ကြိုတင်၍ ဖတ်လို့ ရပါသည်။ ၁၁ရရကတ် လုံး ဝတ်မပြုနိုင် လျင် လည်း နမာဇ် ဇေ ရှဖ်အ် ၂ ရကတ် နှင့် နမာဇ် ဇေ ဝတ်သ်ရ် ၁ရကတ် ပေါင်း ၃ ရကတ် ကိုသာ ဝတ်ပြုနိင်ပါသည်။ ၁၁ရကတ်လုံး ဝတ်ပြုနိုင်လျင် နေနှင့်လ၊ ရွှေနှင့်မြ ပင် ဖြစ်ပါတယ်။ နမာဇ် ရှက်ဗ် ဝတ်ပြုခြင်း ၏ အကျိုး အမြတ် အား ရယူ နိုင်မှာ ကြိုးပမ်းသင့်ပေတယ်။
****************************************************************
END / 251