၄ ဇွန် ၂၀၂၄ - ၂၀:၂၁
ဝါဂျစ်ဗ် ဟဂျ်  ပြုခြင်း၏ ရလဒ်

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ဝါဂျစ်ဗ် ဟဂျ် ကို ပြုခြင်း၏ ရလဒ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


မန်လာယဟ်ဇိုရိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

مَن حَجَّ حَجَّةَ الإسلامِ ، فَقَد حَلَّ عُقدَةً مِنَ النّارِ مِن عُنُقِهِ .

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

«  အကြင်မည်သူ မဆို မိမိ ၏ ဝဂျစ်ဗ် ဟဂျ် အား ပြုလုပ်မည် ဆိုလျင် ၎င်းအား ဂျဟန္နမ် ငရဲမီး မှ လွတ်မြောက်မှု ကို ရရှိမည် ဖြစ်ပါ    သည်။ »

ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုလ်ဖကီးယဟ် ကျမ်း ၊  အတွဲ ၂ ၊ စာမျက်နှာ ၂၁၆

ရှင်းလင်းချက်အကျဥ်း   -  အထက်ပါ ဟဒီးစ်တော် ကို ကြည့် ၍  ဝါဂျစ်ဗ် ဟဂျ် ၏ အကျိုးရလဒ် ကို ထင်ရှားစွာ သိရှိရမည် ဖြစ်ပါတယ်။ ပြီးနောက် မိမိ  အနေဖြင့် မည်သည့် အခြေ အနေ ရောက်ရင် ဟဂျ် ဝါဂျစ်ဗ် ထိုက်ကြောင်း ကို လေ့လာ ထားရမည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် မိမိ အတွက် နှင့် ရှီအဟ် တိုင်း ကို အလ္လာဟ် ဟို အရှင်မြတ် အကြိမ် ကြိမ် ဟဂျ် ပြု နိုင်စွမ်းပေးသနားရန် နမာဇ် ဝတ်ပြုပြီး တိုင်း ဒိုအာ ပြုသင့်ပါ တယ်။

****************************************************************

END / 251