၆ စက်တင်ဘာ ၂၀၂၆ - ၂၁:၀၁
ဗိုလ်ချုပ်အဗ်ဒိုလ္လာဟ်ဟီမှလွန်ခဲ့သည့်နှစ်ပေါင်း၈၀အတွင်းအမေရိကန်ကိုထိထိမိမိတုံ့ပြန်ချက်ပေးခဲ့သည့်တစ်နိုင်ငံတည်းသောနိုင်ငံမှာအီရန်ဖြစ်ကြောင်းပြောကြား

အီရန်တပ်မတော် ၏ အထွေထွေစစ်ဦးစီးဌာန နှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က အလ္လာဟ်အပေါ် ယုံကြည်အားကိုးထားသည့် လူမျိုးသည် အမြဲတမ်း အောင်ပွဲရရှိမည် ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန်တပ်မတော်၏ အထွေထွေစစ်ဦးစီးဌာနနှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ်  ၏ တပ်မှူး ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ သည် စက်တင်ဘာ ၆ ရက်၊ တနင်္ဂနွေနေ့တွင် နိုင်ငံအပေါ် လွှမ်းမိုး ချုပ်ကိုင်လိုသော စနစ်၏ ဘက်ပေါင်းစုံမှ ပူးပေါင်းကြံစည်မှုများ၏ ရှုပ်ထွေးမှုများကို သုံးသပ်ရန် ကျင်းပ သည့် နူးညံ့စစ်ပွဲ (Soft War) တပ်မှူးများ အထူးအစည်းအဝေး တွင် စစ်ပွဲ၏ သဘောသဘာဝသည် စစ်မြေပြင်တွင် ရှေ့တိုးတိုက်ခိုက်ခြင်းထက် ပိုမိုခက်ခဲပြီး အထူးကျွမ်းကျင်မှု လိုအပ်ကြောင်း ပြောကြား ခဲ့ပါ တယ်။

ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က ယနေ့တွင် ရန်သူသည် အီရန်အပေါ် ဘက်ပေါင်းစုံမှ Hybrid War (ပေါင်းစပ်စစ်ပွဲ)ကို ဆင်နွှဲနေပြီး ယင်းတွင် နူးညံ့စစ်ပွဲ၊ ဆိုလိုသည်မှာ စိတ်ပိုင်းဆိုင်ရာနှင့် ဆက်သွယ်ရေး/သတင်းအချက်အလက် စစ်ပွဲများလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက အီရန်ပြည်သူများနှင့် ပတ်သက်၍ ရန်သူ၏ မှားယွင်းသော ခန့်မှန်းချက်များကို ရည်ညွှန်းကာ အလ္လာဟ် အပေါ် ယုံကြည်အားကိုးထားသည့် လူမျိုးသည် အမြဲတမ်း အောင်ပွဲရရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန်တပ်မတော်၏ အထွေထွေစစ်ဦးစီးဌာနနှင့် ခါသန်မိုလ်အန်ဗီယာ (ဆွ) ဗဟိုစစ်ဌာနချုပ်  ၏ တပ်မှူးက လွန်ခဲ့ သည့် နှစ်ပေါင်း ၈၀ ကျော်အတွင်း အမေရိကန်တို့သည် မည်သည့်နိုင်ငံထံမှမျှ အပျက်သဘောဆောင်သော တုံ့ပြန်ချက်ကို မကြားခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ရန်လိုတိုက်ခိုက်မှု မစတင်မီ အမေရိကန်တို့သည် အီရန်၏ ကြီးမြတ်သော လူမျိုးသည် ဒူးထောက် အညံ့ခံလိမ့်မည်ဟု ယုံကြည်ထားခဲ့ကြသော်လည်း ၎င်းတို့၏ ထိုမျှော်လင့်ချက်သည် မည်သည့်အခါမျှ ပြည့်ဝ လာမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ် အဗ်ဒိုလ္လာဟ်ဟီ က အီရန် နှင့် ခုခံရေးမဟာမိတ်တပ်စု (Resistance Front) အပေါ် စစ်ပွဲအတွင်း အမေရိကန်နှင့် အစ္စရေးအစိုးရတို့၏ ရှုံးနိမ့်မှုများကို ရည်ညွှန်းကာ အမေရိကန်နှင့် အစ္စရေး ရန်သူများသည် နူးညံ့စစ်ပွဲနှင့် စီးပွားရေးဖိအားများကို အသုံးပြု၍ စစ်ရေးနယ်ပယ်တွင် ကြုံတွေ့ခဲ့ရသည့် မဟာဗျူဟာမြောက် ရှုံးနိမ့်မှုကို ပြန်လည်ကုစားရန် ကြိုးပမ်းနေကြကြောင်း ပြောကြားခဲ့ပါတယ်။

သို့သော် အလ္လာဟ် ၏ ကျေးဇူးတော်၊ ပြည်သူများ၏ ရဲစွမ်းသတ္တိနှင့် အာဏာပိုင်များ၏ မှန်ကန်ကောင်းမွန်သော စီမံခန့်ခွဲ မှုတို့ကြောင့် ထိုနယ်ပယ်တွင်လည်း မိမိ တို့သည် မည်သည့်ရည်မှန်းချက်ကိုမျှ အောင်မြင်နိုင်မည် မဟုတ် ဘဲ နောက်ထပ် အရှက်ရဖွယ် ရှုံးနိမ့်မှုတစ်ရပ်နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြား ခဲ့ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha