အလ်ကာဖီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
الامام الصادق (عليه السلام):
إِنَّ اللَّهَ لَیَدْفَعُ بِمَنْ یُصَلِّی مِنْ شِیعَتِنَا عَمَّنْ لَا یُصَلِّی مِنْ شِیعَتِنَا وَ لَوْ أَجْمَعُوا عَلَى تَرْكِ الصَّلَاةِ لَهَلَكُوا .
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အမှန်စင်စစ်၊ အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ကျွန်ုပ်တို့၏ နမာဇ် ကို ဝတ်ပြုတည် ဆောက်ကြ သည့် ရှီအဟ် များ ကြောင့် ကျွန်ုပ်တို့၏ နမာ် မဖတ်ကြသည့် ရှီအဟ် များ၏ ဘေးဥပဒ်နှင့် ဘေးဆိုးများကို ဖယ်ရှားပေးသနားတော် မူ သည်။ အကယ် ၍ ကျွန်ုပ်တို့ ၏ ရှီအဟ် အားလုံး နမာဇ် ဝတ်မပြု သူများ ဖြစ်နေမည် ဆိုလျင် ၎င်းတို့အားလုံး သည် ပျက်စီးဆုံးရှုံးသွားကြမည်ဖြစ်ပါသည်။»
ကျမ်းကိုး ။ ။ အလ်ကာဖီ ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၂၅၁
ရှင်းလင်းချက်အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး နမာဇ်၏ အရေးပါမှုကို သိရပါတယ်။ နမာဇ် ဝတ်ပြုသူ ရှီအဟ် များ ကြောင့် နမာဇ် ဝတ်မပြုသူ ရှီအဟ်များ ၏ ဘေးဥပဒ် နှင့် ဘေးဆိုးများကို ဖယ်ရှား သည်ကို ဟဒီးစ် မှ ဖော်ပြထားရ ကိုယ်တိုင် နမာဇ် ဝတ်ပြု သူများ ဘေးဥပဒ်နှင့် ဘေးဆိုးများကို ဖယ်ရှားပေးမည် ဖြစ်ပါတယ်။ ဤအတွက် ကြောင့် နမာဇ် သည် မည်မျှ အရေးကြီး ကြောင်း ကို သိရှိရမည် ဖြစ်ပါတယ်။ အင်န်ရှာ အလ္လာဟ် ကျွန်ုပ်တို့ အနေဖြင့် နမာဇ် ငါးကြိမ် အား သူအချိန် နှင့် သူဝတ်ပြုနိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါ တယ်။
****************************************************************
END / 251