အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏အဆိုအရ တနင်္ဂနွေနေ့နံနက်တွင် မဒီနဟ်မြို့တွင် အီရန် ဟာဂျီလောင်း ၄၆ ဖွဲ့ ၏ ဟာဂျီလောင်း ပေါင်း ၅၉၉၄ ဦးရှိပြီး မက္ကဟ် မြို့ တွင် အီရန် ဟာဂျီလောင်း ၅၄၉ ဖွဲ့ ၏ ဟာဂျီလောင်း ပေါင်း ၇၅၇၁၂ ဦးရှိနေပြီး ဖြစ်ပါတယ်။ မဒီနာ မြို့ ရှီ အီရန် ဟာဂျီလောင်းများ အားလုံးသည် ဇွန်လ ၁၁ ရက်နေ့ တွင် ဟဂျ် ကျင့်စဥ် ကို ပြုကြရန် အတွက် မက္ကဟ် မြို့ သို့ ရောက်လာကြမည် ဖြစ်ပါတယ်။
အီရန် ဟာဂျီလောင်း ဟာဂျီလောင်းများသည် မဒီနာ မြို့ တွင် ၅ ရက်တာ ဇေယာရသ်ပြု အေဗါဒသ် ပြုကြပြီး မီကာသ် ရှဂျရဟ် မှ အဲဟ်ရာမ် ဝတ်ကြပြီး ရထား နှင့် မက္ကဟ် မြို့ သို့ သွားရောက်ကြပါတယ်။ မဒီနာ မြို့ သို့ရောက်ရှိနေသည့် အီရန် ဟာဂျီလောင်း ၅၀၁၇၉ ဦး အနက် ၄၄၁၈၀ ဦး ခန့် သည် မက္ကဟ် မြို့တော်သို့ ထွက်ခွာ သွားပြီး ဖြစ်ပါတယ်။
ဆော်ဒီ နိုင်ငံ သို့ အီရန် ဟာဂျီလောင်း များသည် ဇွန်လ ၉ ရက်နေ့ အထိ ဂျစ်ဒဟ်လေဆိပ် နှင့် မဒီနာ လေဆိပ် သို့ လေယာဥ် ခရီးစဥ် ပေါင်း ၃၆၂ ကြိမ် ဖြင့် ရောက် ရှိနေပြီး ဖြစ်ပါတယ်။
ဇွန်လ ၉ ရက်နေ့ နံနက် ပိုင်း အထိ ဘိုက်သွလ္လာဟ်ဟိုလ်ဟရာမ် (ကအ်ဗဟ် ဝတ်ကျောင်းတော် ) အနီး ရှိ ဟိုတယ် ပေါင်း ၆၀ ကျော် တွင် အီရန် ဟာဂျီလောင်း ၇၅၇၁၂ ဦး ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ၎င်းတို့ အနက် ဟာဂျီ လောင်း ၃၁၅၂၉ ဦး သည် ဂျစ်ဒဟ် လေဆိပ်မှာ တစ်ဆင့် ဆော်ဒီ သို့ ရောက်ရှိလာပြီး ဖြစ်ပါတယ်။ ပြီးနောက် အိုမရဟ်သမသို ပြုလုပ် ပြုရန် မက္ကဟ် မြို့သို့ ထွက်ခွာ ပြီးသွားပြီး ပါတယ်။
ဤနှစ်တွင် ဟဂျ်ပြုရန် အီရန် ဟာဂျီလောင်း ၈၇၅၅၀ ခန့် ရှိမည် ဖြစ်ပြီးအခြား နိုင်ငံ မှ ဟာဂျီ လောင်းများ နှင့် အတူ ဟဂျ် ပြုကြမည် ဖြစ်ပါတယ်။ ဇေလ်ဟဂျ်ဂျဟ်လ ၇ရက်နေ့ တွင် ဟဂျ်ကျင့်စဥ်များ စတင်ရန် အရ်ဖာသ် ကွင်းပြင် သို့ သွားရောက် ကြမည် ဖြစ်ပါတယ်။
.......................................................
END / 251