မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
الامام الصادق (عليه السلام):
مَنْ تَرَكَ التَّزْويجَ مَخافَةَ الْفَقْرِ فَقَدْ اَساءَ الظَّنَّ بِاللّهِ ـ عَزَّ وَ جَلَّ ـ اِنَّ اللّهَ ـ عَزَّ وَ جَلَّ ـ يَقُولُ: »اِنْ يَكُونُوا فُقَـراءَ يُغْنِـهِمُ اللّهُ مِـنْ فَضْـلِهِ. «
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြင်မည်သူမဆို ဆင်းရဲမည်ကို ကြောက်၍ အိမ်ထောင်မပြု မည် ဆိုလျင် တစ်နည်းအားဖြင့် အလ္လာဟ် ဟို အရှင်မြတ်အပေါ် သံသယ ဝင် ခြင်း ဖြစ်ပါသည်။ အကြောင်း မှာ အလ္လာဟ် ဟို အရှင်မြတ် မိန့်တော်မူပါသည်။ သူတို့သည် ဆင်းရဲလျှင် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မိမိ ကျေးဇူးတော်နှင့် ကရုဏာတော်ဖြင့် သူတို့ကို ချမ်းသာ စေတော်မူလိမ့်မည်။ »
ကျမ်းကိုး ။ ။ မန်လာယဟ်ဇိုရိုဟိုလ်ဖကီးယဟ် ကျမ်း ၊ အတွဲ ၃၊ စာမျက်နှာ ၂၅၁
ရှင်းလင်းချက်အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ဆင်းရဲမှာကြောက်လို့ အိမ်ထောင်မပြုခြုင်း ၏ ရလဒ် မှာ အလ္လာဟ် ဟို အရှင်မြတ်အပေါ် သံသယ ဝင် ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ကျနော်တို့ အကြား အိမ်ထောင် ပြုချိန် တန်နေသူများ ကို ပြုကြရန် တိုက်တွန်း ပေးရပါမည်။ပြီးနောက် ၎င်းတို့အား တစ်ဖက် တွင် အလ္လာဟ်ပေါ် အားကိုး အားထားပြီး နောက်တစ်ဘက် တွင် ဝင်ငွေ ရအောင် အလုပ်များ ကြိုးပမ်းရန် လမ်းညွှန် ပေးရပါမည် ။
****************************************************************
END / 251