Maher News Agency ၏ သတင်း အထောက်အထားများ အရ အီရန်နိုင်ငံတွင် သမ္မတရွေးကောက်ပွဲများကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပါတယ်။ အီရန်မှာနေထိုင်တဲ့ နိုင်ငံသားတွေလိုပဲ ပြည်ပမှာနေထိုင်တဲ့ အီရန် နိုင်ငံသားတွေကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားကြပါတယ်။
ပြည်ပမှာနေထိုင်တဲ့ အီရန်နိုင်ငံသားတွေကို မဲပေးခွင့်ပေးဖို့ နိုင်ငံအသီးသီးမှာ မဲရုံတွေ ဆောက်လုပ်ဖို့ အီရန် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။
မေလ ၁၉ ရက်နေ့က လေယာဉ်မတော်တဆမှုမှာ သမ္မတ ရအီစီ ရှဟီးဒ် ဖြစ်ပြီးနောက် သမ္မတ သစ် ရွေး ကောက်ပွဲကို ဇွန်လ ၂၈ ရက်မှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့ပါတယ်။
နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်သော အီရန်နိုင်ငံသားများသည် ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ကို ပြသခြင်းဖြင့် သမ္မတရွေးကောက်ပွဲတွင် မဲပေးနိုင်မည်ဖြစ်ပါတယ်။
သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၈၀ ကျော် တင်သွင်းခဲ့ပေမယ့် ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ အဆိုအရ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ လွှတ်တော် ဥက္ကဋ္ဌ မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် အပါအဝင် ကိုယ်စားလှယ်လောင်း ၆ ဦး စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ စအီးဒ်ဂျလီလီ ၊ အမီးရ်ဟိုစိုင်းန် ကာဇီ ဇါဒဟ် ဟာရှင်မ်မီ ၊ H.I မွတ်စ်သဖွာ ပူးရ် မိုဟမ္မဒ်ဒီ ၊ မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း နှင့် တီဟီရန် မြို့ဝန် အလီရေဇာ ဇာကာနီ တို့ ဖြစ်ပါတယ်။
သမ္မတလောင်းများသည် ရွေးကောက်ပွဲမစတင်မီ ၂၄ နာရီအထိ မဲဆွယ်စည်းရုံးခွင့် ရရှိမည်ဖြစ်ပါတယ်။
.......................................................
END / 251