၁၃ ဇွန် ၂၀၂၄ - ၂၀:၃၀
အမေရိကန် နှင့် ဇီယွန်နစ် သင်္ဘော များ ကို ဒရုန်း နှင့် ဒုံးကျည် ပေါင်း ၁၄၅ စင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး ဖြစ်ကြောင်း အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် ပြောကြား

ယီမင် နိုင်ငံ အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် အကြီးအကဲ မှ အစ္စရေးသို့သွားသည့် သင်္ဘော များ ကို ဒရုန်းနှင့် ဒုံးကျည် ပေါင်း ၁၄၅ စင်း ဖြင့် တိုက်ခိုက်ခဲ့ပြီး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher News Agency ၏ အစီရင်ခံစာအရ ယီမင် တော်လှန်ရေးအဖွဲ့အစည်း အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ပြောကြားသည်မှာ - အဖိနှိပ်ခံ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများနှင့် စည်းလုံးညီညွတ်မှုကို ထုတ်ဖော်ပြသသည့် ယီမင်စစ်တပ် အနေဖြင့်  အမေရိကန်နှင့် အစ္စရေးတို့၏ တပ်စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီး ဖြစ်ကြောင်း ဖြစ်ပါတယ်။

Al-Masira TV ၏အဆိုအရ အန်ဆွာရိုလ္လာဟ်  ခေါင်းဆောင် အကြီးအကဲမှ  ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် အစ္စရေး သို့ သွားနေသည့် မည်သည့် သင်္ဘော မှ လုံခြုံ မှု မရှိ ကြကြောင်း ပြောကြားခဲ့ပါတယ်။

ဤကာလအတွင်း ယီမင်စစ်တပ်သည် အမေရိကန်နှင့် ဇီယွန်နစ် စစ်သင်္ဘောများကို ဒုံးကျည်များနှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်သူကို ဆိုးရွားစွာ ပျက်စီးစေခဲ့ကြောင်း ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအပေါ် ဇီယွန်အစိုးရ၏ လူမဆန်မှု များ ပြီးဆုံးသည်အထိ ယီမင်စစ်တပ်၏ တိုက်ခိုက်မှုများသည် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ယီမင် တော်လှန်ရေးအဖွဲ့အစည်း အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251