နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
وَليَكُن نَظَرُك في عِمارَةِ الأرضِ أبلَغَ مِن نَظَرِكَ في استِجلابِ الخَراجِ لأِنَّ ذلِكَ لايُدرَكُ إلاّ بِالعِمارَةِ.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« သင်တို့ အနေဖြင့် အခွန်ကောက်ခံ ခြင်း ထက် လယ်ယာမြေတိုးတက်ရေးကို မလွဲမသွေ ပိုအာရုံစိုက် သင့်ပါသည်။ အကြောင်းမှာ အခွန်ပေးဆောင်ခြင်း၏ ရလဒ်တစ်ခု မှာ လယ်ယာမြေတိုးတက် ခြင်းဖြစ်သည့် အတက်ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ နဲဟ်ဂျုလ်ဗလာဂဟ် ကျမ်း ၊ စာချွန်တော် အမှတ် ၅၃
ရှင်းလင်းချက်အကျဥ်း - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျင် အာဏာ ပိုင်များ အနေဖြင့် ပြည်သူလူထု ထံ မှ အခွန်ကောက်ခံ ခြင်းထက် ပြည်သူ လူထု အခွန်ပေးဆောင် နိုင် အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါတယ်။ ထို မှသာ ပြည်သူ လူထု အနေဖြင့် အခွန်ပေးဆောင် နိုင်မည် ဖြစ်ပါတယ်။ နိုင်ငံ အတော် များများတွင် မတိုးတက်ရသည့် အကြောင်း အရင်း တစ်ခု မှ အစိုးရ အနေဖြင့် အခွန် ကောက်ဖို့ သာ အားသန်နေကြပြီး ပြည်သူ အနေဖြင့် လူထု အခွန်ပေးနိုင်သည့် အခြေအနေ ဖြစ်လာအောင် တိုးတက် လာအောင် မပြုလုပ်ကြသည့် အတွက် ကြောင့် ဖြစ်ပါတယ်။ ထိုပြင် အခွန် ပေးနိုင်သူများ အနေဖြင့် လည်း အခွန် ကို အတိအကျ မပေးဘဲ သက်ဆိုင် ရာ ဌာန က အကြီး အသေးကို လာဘ် ထိုး၍ ပမာ အားဖြင့် အခွန် သိန်း ၁၀၀ ဆောင်ရမည် နေရာ လာဘ် ၁၅သိန်းထိုး ပြီး သိန်း ၂၀လောက် သ အခွန် ဆောင်ခြင်းမျိုးကို လုပ်ဆောင် နေကြ၍ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ တိုင်းတွင် ပြည်သူ လူထု အား အခွန်ပေး နိုင်သည့် အနေအထား ရှိအောင် ပြုပေးခြင်း ၊ အခွန်ဆောင်ရမည် သူများ မှလည်း လာဘ်ထိုးခြင်း မပြုဘဲ အခွန် အထိအကျ ဆောင်ခြင်း မျိုးကို လုပ်ဆောင် ခြင်းဖြင့် နိုင်ငံတော် ၏ ဘဏ္ဍရေးအား ၊ အား ကောင်းမွန်တိုးတက် အောင်မြင်စေမှာ ဖြစ်ပါတယ်။
****************************************************************
END / 251