အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယခုနှစ် ဟဂျ် တွင် မက္ကဟ် ရွှေမြို့တော် ၌ အပူရှိန်မြင့်မား မှုကြောင့် အီဂျစ် ဟာဂျီ ၃၂၃ ဦးထက်မနည်း အလ္လာဟ့် အမိန့်တော် ခံယူသွား ကြောင်း အာရပ်သံတမန်နှစ်ဦးမှ ပြောကြားခဲ့ ကြပါတယ်။
ရုရှားနိုင်ငံ Elium ၏ အစီရင်ခံစာအရ ရပ်သံတမန် တစ်ဦး ၏ ပြောကြားချက်အရ ဤဟာဂျီများ အားလုံး သည် အပူဒဏ်ကြောင့် အလ္လာဟ့် အမိန့်တော် ခံယူသွား ခဲ့ကြပြီး ဟာဂျီ တစ်ဦး မှာ အသက်ရှူကျပ်ခြင်းကြောင့် အလ္လာဟ့် အမိန့်တော် ခံယူသွား ကြောင်း သိရှိရပါတယ်။
ထိုအာရပ် သံတမန် နှစ်ဦး ၏ ပြောကြားချက်အရ ဂျော်ဒန် ဟာဂျီ ၆၀ ဦး ထက်မနည်း အလ္လာဟ် အမိန့်ခံ ခဲ့ကြ ကြောင်း အလေးပေးပြောကြားခဲ့ပြီး အလ္လာဟ့် အမိန့် ခံသူ ဟာဂျီ စုစုပေါင်း ၅၇၇ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရှိရပါတယ်။
အီဂျစ်ဟာဂျီ အများစုမှာ စာရင်းမသွင်းထားသောကြောင့် အရေအတွက် ပိုများသည်ဟု သံတမန် တစ်ဦးမှ ပြောကြားခဲ့ပါတယ်။
ယခုနှစ် ဟဂျ် တွင် ဆော်ဒီအာရေးဗီးယားပြင်ပမှ ဟဂျ်လာပြုသူ ဟာဂျီ ပေါင်း ၁.၆ သန်းအပါအဝင် ဟဂျ် ပြုသူ စုစုပေါင်းမှာ ၁.၈ သန်း ဖြစ်ကြောင်း သိရှိ ရပါတယ်။
.......................................................
END / 251