အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမာလီဆူဒူက် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
يَوْمَ غَدِيرِ خُمٍّ أَفْضَلُ أَعْيَادِ أُمَّتِي وَ هُوَ الْيَوْمُ الَّذِي أَمَرَنِي اللَّهُ تَعَالَى ذِكْرُهُ فِيهِ بِنَصْبِ أَخِي عَلِيِّ بْنِ أَبِي طَالِبٍ ع عَلَماً لِأُمَّتِي يَهْتَدُونَ بِهِ مِنْ بَعْدِي وَ هُوَ الْيَوْمُ الَّذِي أَكْمَلَ اللَّهُ فِيهِ الدِّينَ وَ أَتَمَّ عَلَى أُمَّتِي فِيهِ النِّعْمَةَ وَ رَضِيَ لَهُمُ الْإِسْلَامَ دِيناً۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ဂဒီးရ် သည် ကျွန်ုပ်၏ အွန်မသ် (နောက်လိုက်နောက်သားများ ) အတွက် အမြင့်မြတ်တကာ အမြင့်မြတ်ဆုံး အီးဒ်များ မှ တစ်ခု ဖြစ်ပါသည်။ ဤနေ့ တွင် အလ္လာဟ် ဟို အရှင်မြတ် သည် ကျွန်ုပ် အား မိမိ ညီ ( ဝမ်းကွဲတော်) အလီ အစ်ဗ်နေအဘီ သွာလစ်ဗ် (အ.စ) အား မိမိ အွန်မသ်တော် ၏ အလံကိုင် နှင့် တာဝန်ခံ အဖြစ် ခန့်အပ်ရန် အမိန့်ပေးတော်မူထားပါသည်။ ဤသို့ဖြင့် ကျွန်ုပ် ပြီးနောက် ကျွန်ုပ် ၏ အွန်မသ် သည် ၎င်း (အလီ (အ.စ) ) ကို အကြောင်း ပြုပြီး အမှန်တရားလမ်းမှန်ကို ရယူနိုင်ရန် ဖြစ်ပါသည်။ ဤနေ့ (ဂဒီးရ်) အား အလ္လာဟ် ဟို အရှင်မြတ် သည် သာသနာ တော် အား ပြီးပြည့် စုံ စေခဲ့ပါသည်။ ပြီးနောက် မိမိ ၏ အွန်မသ် တော် အပေါ် နေအ်မသ်တော်များကို ပြည့်စုံ စေခဲ့ပါသည်။ အစ္စလာမ် အား အကောင်း တကာ အကောင်းဆုံး အနှစ်ဆုံး အမြတ် နိုးဆုံး သာသနာ အဖြစ် သတ်မှတ်တော် မူခဲ့ပါသည်။ »
ကျမ်းကိုး ။ ။ အမာလီဆူဒူက် ကျမ်း ၊ စာမျက်နှာ ၁၂၅ ၊ ဟဒီးစ်တော် အမှတ် ၈
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် ဂဒီးရ် နေ့၏ ကြီးကျယ် မြင့်မြတ် မှုကို ထင်ရှားစွာ သိမြင်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဤနေ့ တွင် တရားတော် နည်း အရ အထူးပျော်ရွှင် ရမည် ဖြစ်ပါတယ်။ ဤနေ့ တွင် မောင်လာအလီ (အ.စ) အား တမန်တော်မြတ် (ဆွ) မှ အလ္လာဟ် ၏ အမိန့်တော် ဖြင့် မောင်လာ အဖြစ် သတ်မှတ် ပြီး လူသိရှင်ကြား ကြေညာ တော် မူသည့် နေ့ ဖြစ်ပါတယ်။ အခြား ဆဟီး ဟဒီးစ်တော် တစ်ခု အရ အီးဒ်ဒေ ဂဒီးရ် သည် အစ္စလာမ် သာသနာတော်၏ အကြီးဆုံး အီးဒ် ဖြစ်ပါတယ်။ ရှီအဟ် အတွက် အာရှုရာ နေ့ အလွန်အရေးကြီး သကဲ့သို့ ဂဒီးရ် နေ့ သည်လည်း အလွန် အရေးကြီးပါတယ်။
****************************************************************
END / 251