အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာအရ အီရန်နိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ ၁၄ ကြိမ်မြောက် သမ္မတ သစ် ရွေးကောက်ပွဲအတွက် မဲရုံများကို ယနေ့နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး နံနက်ပိုင်းတွင် ပထမဆုံးမဲကို ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ပထမဆုံးမဲပေးခဲ့ကြောင်း ဖြစ်ပါတယ်။
အီရန်မှာ ရွေးကောက်ပွဲကျင်းပတဲ့နေ့ဟာ အထူးသဖြင့် သမ္မတရွေးကောက်ပွဲဖြစ်ရင် ပျော်ရွှင် စရာနေ့တစ်နေ့ဖြစ် ကြောင်း ဒီအခါသမယမှာ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ မှ ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ရဲဟ်ဗရ် အင်န်ကေလာဗ် မှ ဒါဟာ အရေးကြီးတဲ့ နိုင်ငံရေးစမ်းသပ်မှုဖြစ်ပြီး ပြည်သူတွေအနေနဲ့ အပြည့်အဝပါဝင်ပြီး မဲပေးပိုင်ခွင့်ကို ကျင့်သုံးသင့်တယ်လို့ မိန့်ကြားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မှ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အပြည့်အ၀ပါဝင်မှုရဲ့ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အပြည့် အ၀ပါ ဝင်မှုက တိုင်းပြည်နဲ့အစ္စလာမ့်စနစ်ကို အားကောင်းစေတယ်လို့ မိန့်ကြားခဲ့ပါတယ်။
ယနေ့ သောကြာနေ့ နံနက် ရှစ်နာရီမှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးသည့် လုပ်ငန်းစဉ်ကို ဆယ်နာရီကြာ ဆက်လက်ကျင်းပမည်ဖြစ် သော်လည်း ပြည်ထဲရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အရ သက်တမ်း တိုးနိုင်ကြောင်း သိရှိရပါတယ်။
အီရန် ပြည်သူလူထုအနေဖြင့် မဲပေးဖို့ အရမ်းစိတ်လှုပ်ရှားနေကြတယ်။ ယနေ့နံနက်မှစတင်၍ မဲဆန္ဒရှင်များသည် ၎င်းတို့၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ကျင့်သုံးရန် တန်းစီစောင့်ဆိုင်းနေကြပါတယ်။
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် အီရန်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆ အရ အီရန် နိုင်ငံသား ဖြစ်ခွင့်ရှိသူတိုင်း သမ္မတရွေးကောက်ပွဲတွင် မဲပေးနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားပါတယ်။
ဆန္ဒမဲပေးခြင်းသည် အသက် ၁၈ နှစ်ပြည့်ရန် လိုအပ်သောကြောင့် ဇွန်လ ၂၇ ရက်နေ့တွင် အသက် ၁၈ နှစ်ပြည့် ယောက်ျားလေးများ နှင့် မိန်းကလေးများ မဲပေးပိုင်ခွင့်ရှိပါတယ်။
နိုင်ငံရပ်ခြားတွင် နေထိုင်သော အီရန်နိုင်ငံသားများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိပါက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို ပြသခြင်းဖြင့် မဲပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
အီရန်နိုင်ငံ၏ ဆယ့်လေးကြိမ်မြောက် သမ္မတရွေးကောက်ပွဲကို နိုင်ငံအတွင်း မဲရုံ ၆၉၀၀၀ နှင့် အီရန်ပြင်ပနိုင်ငံ တွင် ၉၅ ရုံ ၌ ကျင်းပမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ကြီးကြပ်ရေးကောင်စီ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှ မီဒီယာကိုယ်စားလှယ်များသည် ရွေးကောက်ပွဲအတွက် သတင်းရယူရန် အီရန်နိုင်ငံသို့ လာရောက်ခဲ့ကြပါတယ်။
အမေရိက၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ သြစတြီးယား၊ နယ်သာလန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်၊ တူရကီ၊ အီတလီ၊ ယီမင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ ကာတာ၊ အိုမန်၊ လက်ဘနွန်၊ သြစတြေးလျ၊ ဆွီဒင်၊ ဒိန်းမတ်၊ တောင်ကိုရီးယား၊ အီရတ် အခြားနိုင်ငံမှ သတင်းထောက်များသည် ရွေးကောက်ပွဲကို သတင်းယူနေကြကြောင်း ဖြစ်ပါတယ်။
မှတ်သားစရာအချက်မှာ နိုင်ငံခြားသား သတင်းထောက်များ သည် အီရန် နိုင်ငံ သို့ အီရန်သမ္မတ သစ် ရွေးကောက် ပွဲ သတင်းကို ယူရန် ရည်ရွယ်ချက် နှစ်ခု ဖြစ်လာကြပါတယ်။ တစ်ခု မှ အရှိ အတိုင်း အမှန်အတိုင်း ပြသရန် နှင့် နောက်တစ်ချက် မှာ လုပ်ကြံဇာတ်များခင်းကြရန် ဖြစ်ပါတယ်။ သက်သေ အဖြစ် ယနေ့ တီဟီရန် ရှိ မဲရုံ တစ်ရုံ တွင် ပြင်သစ် သတင်းထောက်မှ မဲပေးသူများ ရှေ့တွင် မဲပေးသူ အီရန် အမျိုးသမီးကို အမေးအဖြေ မပြုဘဲ လူမရှိသည့် လမ်းသို့ခေါ်ဆောင်သွားပြီး သတင်းအမေးအဖြေ လုပ်ခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ အီရန် ပြည်သူများ မိမိ အစိုးရ မကျေနပ်၍ မဲလာမပေးဆိုပြီး လုပ်ကြံ သတင်း လွှင့်ရန် ဖြစ်ပါတယ်။
.......................................................
END / 251