အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန် ယာယီနိုင်ငံခြားရေးဝန်ကြီး အလီဘာကဒရ်ရီကနီ သည် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ ကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ဒေသတွင်း နောက်ဆုံးအခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးသည် လက်ဘနွန်အပေါ် အစ္စရေး၏တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ဆွေးနွေးခဲ့ကြပြီး နှစ်ဘက်စလုံး ကို စိတ်ရှည်သည်းခံရန် တိုက်တွန်းခဲ့သည်။
လက်ဘနွန် တော်လှန်ရေး အဖွဲ့အစည်း ဟစ်ဇ်ဘွလ္လာဟ် အနေဖြင့် အစ္စရေး ၏ ရန်စမှု အခြေအနေ အားလုံးကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း အီရန် ယာယီ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး လက်ဘနွန်ကို ရန်စလာပါက ဒေသတစ်ခုလုံး အကျပ်အတည်းဖြစ်နိုင်သည်ဟု အီရန်ယာယီ နိုင်ငံခြားရေးဝန်ကြီး အလီဘာကဒရ်ရီကနီ မှပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးသည် တီဟီရန်နှင့် မော်စကိုကြား ကြီးမားသော ပရောဂျက်များကို ဆွေးနွေးပြီး သဘော တူညီချက်များကို မကြာမီ အကောင်အထည်ဖော်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ဖော်ပြခဲ့ကြပါတယ်။
.......................................................
END / 251