အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်
အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၄ ကြိမ်မြောက် သမ္မတ သစ် ရွေးကောက်ပွဲ
ဒုတိယအဆင့်၏ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဤ အကျော့ ရွေးကောက်ပွဲတွင်
နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း သည်
အီရန်နိုင်ငံ၏ နဝမမြောက် သမ္မတအဖြစ် ရွေးချယ်ခံရ ပါတယ်။
နှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာ မတ်စ်အူဒ်
ဘေဇစ်ရှ်ဂီယန်း သည် ထောက်ခံမဲ ပေါင်း ၁၆၃၈၄၄၀၃ ဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့
သမ္မတ နိုင်ငံ ၏ နဝမမြောက်သမ္မတအဖြစ် အမည်စာရင်း တင်သွင်းခံ ရပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၄ ကြိမ်မြောက် သမ္မတ သစ်
ရွေးကောက်ပွဲ ဒုတိယအဆင့် အား ဇူလိုင်လ ၅ ရက်နေ့ တွင် ကျင်းပ ခဲ့ပြီး သန်း၃၀ ကျော်
ဝင်ရောက် မဲပေးခဲ့ကြပါတယ်။ ၄၉ .၈ ရာခိုင်နှုန်း ပါဝင်ခဲ့ကြ ပါတယ်။ ဒေါက်တာ
စအီးဒ်ဂျလီလီ နှင့် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း တို့ကြား ယှဉ်ပြိုင်ခဲ့ပြီး
ဒေါက်တာ စအီးဒ်ဂျလီလီ မှ မဲပေါင်း ၁၃၅၃၇၈၇၉ ရခဲ့ပြီး ဒေါက်တာ
မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း မှ ၁၆၃၈၄၄၀၃ ရရှိပြီးမတ်စ်အူဒ်ဘေဇစ်ရှ်ဂီယန်းမှအနိုင်ရခဲ့ပါတယ်။
ဒေါက်တာ
စအီးဒ်ဂျလီလီ အေမာမ် ဆွာဒစ်က် (အ.စ) တက္ကသိုလ်မှ အစ္စလာမ့်လေ့လာမှု နှင့် နိုင်ငံရေးသိပ္ပံ ဆိုင်ရာ ဒေါက်တာဘွဲ့ ( Ph.D) ဘွဲ့ကို ရထားသူဖြစ်ပြီး ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း အီရန် ဆေး တက္ကသိုလ်မှလုံးခွဲစိတ်အထူးကုဆရာဝန်ကြီးဘွဲ့ရထားသူဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ ၁၄ ကြိမ်မြောက်
သမ္မတသစ် ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို နိုင်ငံအတွင်း မဲရုံးခွဲပေါင်း ၅၈၀၀၀
နှင့် နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ မဲရုံး ၃၁၄ တွင် ဇူလိုင် ၅ ရက်နေ့ သောကြာနေ့ နံနက်
၈ နာရီမှ စတင်ကျင်းပခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ရွေးကောက်ပွဲရုံးချုပ်၏
ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို တရားဝင်အချိန်အကြာ (ညနေ ၆း၀၀)
နာရီအထိ ဖြစ်ပြီး မဲ ပေးသူ များသည်အတွက်ကြောင့် ၃ ကြိမ် သက်တမ်းတိုးခဲ့ပြီး အီရန်
စံတော်ချိန် ည ၁၂ နာရီ အထိ မဲများကို လက်ခံ ခဲ့ပါတယ်။
.......................................................
END / 251