သတင်းရင်းမြစ်များအရ ယီမင်နိုင်ငံ အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဖြစ်သူ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ အာရှုရာနေ့ ၏အခါသမယတွင် အကြမ်းဖက်သမားများနှင့် သိမ်းပိုက်ထားသောအစိုးရသည် ဂါဇာကမ်းမြောင်ဒေသတွင် ဒုက္ခသည်များကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ရာဇ၀တ်မှု နှစ်ခုကျူး လွန်ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။
ပထမရာဇဝတ် မှု မှာ အန်နဆီရာသ် စခန်း ရက်ရက်စက်စက် တိုက်ခိုက်ခြင်းဖြင့် ပါလက်စတိုင်း ၂၃ ဦးကို ရှဟီးဒ် ပြုခဲ့ခြင်း ဖြစ်ပြီး ဒုတိယ ရာဇဝတ် မှု မှာ ခန်းယူနွစ် တွင် ပါလက်စတိုင်း၁၇ ဦးကို ရှဟီးဒ် ပြုခဲ့ခြင်း ကြောင်း ဖြစ်ပါတယ်။
ဆယက်ဒ် အဗ်ဒိုလ်မလစ်က်
အလ်ဟူစီ မှ အေမာမ် ဟိုစိုင်းန် (အ.စ) မှ မွတ်စလင်မ် အွန်မသ်
အား သာသနာ နှင့် သာသနာ တည်မြဲဖို့ အန္တရာယ် ဖြစ်စေသည့် လူ့အဖွဲ့ အစည်းကို
ယိုယွင်းပျက်စီးစေသည့် ယဇီးဒ် အာဏာ ရှင် ၏
လက် ကနေ ကယ်တင်ဖို့ ကြိုးပမ်းခဲ့ ကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ချစ်လှစွာသော ယီမင် ပြည်သူများ စစ်မြေပြင်မှာ အလ္လာဟ် ဟို အရှင်မြတ် ၏ လမ်းစဉ်မှာ ဂျေဟာဒ်ဆိုသည့် ဆောင်ပုဒ်နဲ့ အာရှုရာ ကို လိုက်နာ ကြောင်း ညာသံပေးပြီး ပြုလုပ်ကြောင်း ပြောကြားခဲ့ပါတယ်။
အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဖြစ်သူ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ယီမင်ပြည်သူများသည် ရှဟီးဒ် များ အဖြစ်ခံ၍ အလံကို လွှင့်ထူခဲ့ကြပြီး ယနေ့တွင် ကျွန်ုပ်တို့၏တည်ရှိမှုကို မျက်နှာစာ အသီးသီး တွင် သန်းပေါင်းများစွာသော အရေအတွက်ဖြင့် တွေ့မြင်နိုင်သည်ဟု ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းပြဿနာသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံးပြဿနာဖြစ်ပြီး ကြီးမားသော ဘေးအန္တရာယ်တစ်ခု ဖြစ်ပြီး အစ္စလာမ့်ကမ္ဘာရှိ အများစုမှာ ယင်းပြဿနာကို စွန့်ပယ်ပြီး နောက်ပြန်လှည့်သွားကြောင်း အချို့မှာ ရန်သူများ နှင့် ပူးပေါင်း ၍ အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူ များ အပေါ် လုပ်ကြံ၊ကြံစသည် မှုများ ပြုနေကြောင်း ၎င်းတို့ အား ကျွန်ုပ် တို့ အနေဖြင့် သစ္စာဖောက်များ ဟု ခေါ်ဆိုကြောင်း ပြောကြားခဲ့ပါတယ်။
စစ်မြေပြင်နှင့် အစ္စရေးနှင့် အမေရိကန်တို့ ထိပ်တိုက်ရင်ဆိုင်မှုများသည် ပါလက်စတိုင်းပြည်သူများ၏ ထောက်ခံမှုတွင် နိုင်ငံအားလုံးပါဝင်ပြီး အလေးအနက်ထားရပ်တည်ရမည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း အန်ဆွာရိုလ္လာဟ် ၏ အကြီးအကဲ ဖြစ်သူ ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ မှ ပြောကြားခဲ့ပါတယ်။
.......................................................
END / 251