အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မကာရေမိုလ်အက်ခ်လာက် ၊ ရှိက်ခ် သွဗရ်စီ မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
الامام الصادق (عليه السلام):
أَمَّا عَلِيُّ بْنُ الْحُسَيْنِ فَبَكَى عَلَى الْحُسَيْنِ (ع) عِشْرِينَ سَنَةً أَوْ أَرْبَعِينَ وَ مَا وُضِعَ طَعَامٌ بَيْنَ يَدَيْهِ إِلَّا بَكَى حَتَّى قَالَ مَوْلًى لَهُ جُعِلْتُ فِدَاكَ يَا ابْنَ رَسُولِ اللَّهِ إِنِّي أَخَافُ عَلَيْكَ أَنْ تَكُونَ مِنَ الْهَالِكِينَ قَالَ إِنَّما أَشْكُوا بَثِّي وَ حُزْنِي إِلَى اللَّهِ وَ أَعْلَمُ مِنَ اللَّهِ ما لا تَعْلَمُونَ إِنِّي لَمْ أَذْكُرْ مَصْرَعَ بَنِي فَاطِمَةَ إِلَّا خَنَقَتْنِي الْعَبْرَة.
အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အေမာမ် ဇိုင်နိုလ် အာဗေဒီးန် (အ.စ) သည် နှစ် ၂၀ (သို့မဟုတ် နှစ် ၄၀ ) တိုင် (မိမိ၏ ဖခမည်းတော်) ဟိုစိုင်းန် (အ.စ) အတွက် ငိုကြွေးတော် မူခဲ့ပါသည်။ ပြီးနောက် ကိုယ်တော် (အ.စ) ၏ ရှေ့ အစားအစာ များ ချပေးသည့် အခါ တိုင်း ကိုယ်တော် (အ.စ) သည် ငိုကြွေးတော် မူခဲ့ပါသည်။ ယုတ်စွပင် အေမာမ် (အ.စ) ကျွန်များ မှ တစ်ဦး မှ အေမာမ် (အ.စ) အား မေးမြန်း လျှောက်ထားလေ၏။ အို တမန်တော်မြတ်(ဆွ) ၏ သားတော် ( အ.စ) ကိုယ်တော် အများအပြား ငိုကြွေးသည့် အတွက်ကြောင့် သေဆုံးသွားမည် ကို ကျနော် စိုးရိမ် မိပါသည်။
ဟဇရသ် အေမာမ် ဇိုင်နိုလ်အာဗေဒီးန် (အ.စ) မှ မိန့်ကြားတော် မူသည်။ ငါအနေဖြင့်မိမိ ၏ ဝမ်းနည်း ပူဆွေး ခြင်း ကို မိမိ ၏ အရှင်မြတ် အလ္လာဟ် ထံတင်ပြ ခြင်း ဖြစ်ပါသည်။ ပြီး ငါ၏ နှလုံးသား တွင် မင်းမသိသေသည့် တစ်စုံတစ်ခု ရှိနေပါသည်။ ငါအနေဖြင့် ဖွာတွေမဟ် (စ.အ) သားသမီးများ အသတ်ခံရသည့် မြင်ကွင်း ကို သတိရတိုင်း ဝမ်းနည်းပူဆွေးမှုတွေနဲ့ ဒေါသတွေ ပြင်းထန်လာပြီးငါ၏လည်ပင် အား ညစ်ထားသလိုခံစား ရပါသည်။ »
ကျမ်းကိုး ။ ။ မကာရေမိုလ်အက်ခ်လာက် ၊ ရှိက်ခ် သွဗရ်စီ ၊ စာမျက်နှာ ၃၁၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် စဂျာဒ် (အ.စ) သည် မည်မျှ ကြေကွဲ ဝမ်းနည်း ၊ ဒေါသ ထွက် ခံစားခဲ့ ရသည် ကို ကိုယ်ချင်စားနိုင်ပါတယ်။ ပမာ အားဖြင့် မိမိ ရှေ့ တွင် မိမိ နာမကျန်း ဖြစ်နေချိန် မိမိ ဖခင် အား ဝိုင်းပြီး ရက်ရက်စက်စက် သတ်ကြမည်။ ပြီးနောက် မိမိဖခင်အား ကဖန် မဝတ်ပေးဘဲ မဒဖ်နာ ပေး ဘဲ အလွန် ပူလောင်းနေသည့် မြေပြင်ပေါ် တွင် ပစ်ထားသည့်ကို မြင်ရမည့် ဆိုလျင် ထိုသားသည် မည်ကဲ့သို့ ခံစားရမည် နည်း? တွေးပြီးကိုယ်ချင်း စား ကြည့်လျင် လူသား ပီသ သူတိုင်း နှလုံးသား ရှိသူတိုင်း ခံစားသိရှိ ရလဒ်ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251