၂၀ ဇူလိုင် ၂၀၂၄ - ၁၉:၁၆
ဇီယွန်ဝါဒီများ ၏ တိုက်ခိုက်မှုများ ကို ယီမင်မှာ တိုက်ဖျက်ဖို့ အသင့်ဖြစ်နေ

ယီမင် ထိပ်တန်းခေါင်းဆောင် က တဲလ်အဗစ်မြို့ တိုက်ခိုက်မှုကို နေတိုးအား သတိပေးချက်အဖြစ် ဖော်ပြခဲ့ပြီး ယီမင်သည် ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယီမင် နိုင်ငံ ၏ အန်ဆွာရိုလ္လာဟ် အဖွဲ့ အစည်း မှ တဲလ်အဗစ်မြို့  ကို တိုက်ခိုက်တာဟာ နေတိုးကို သတိပေးချက် ဖြစ်ကြောင်း အလ် မယာဒီးန် သတင်းဌာန ကို  ကိုးကားပြီး Maher သတင်းဌာနက ပြောကြားထားပါတယ်။

ယီမင်စစ်တပ်၏ ရည်ရွယ်ချက်မှာ ဂါဇာတွင် ပါလက်စတိုင်းတို့ သတ်ဖြတ်မှုကို ရပ်တန့်ရန် ဖြစ်သည်ဟု အဆိုပါ အန်ဆွာရိုလ္လာဟ် အဖွဲ့အစည်း၏ ထိပ်တန်းခေါင်းဆောင် မိုဟမ္မဒ် အယ်လ်ဘာခီသီ မှ  ပြောကြားခဲ့ပါတယ်။

ကျွန်ုပ်တို့သည် အခြေအနေတိုင်းတွင် လုပ်ဆောင်ခဲ့ပြီး အစ္စရေး၏ တိုက်ခိုက်မှုများကို ပြင်းထန်စွာ တုံ့ပြန်ရန် အသင့်ရှိကြောင်း မိုဟမ္မဒ် အယ်လ်ဘာခီသီ မှ   ပြောကြားခဲ့ပါတယ်။

 

တစ်ဖက်တွင်မူ ယီမင်၏ ပြန်ကြားရေးဝန်ကြီး ဖဟ်မီ အလယူစွဖ် မှ  ယီမင်သည် အစ္စရေးကို အနိုင်ယူပြီး အဆုံးသတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

မနေ့က တိုက်ခိုက်မှုတွေဟာ ဂါဇာမှာ ပါလက်စတိုင်းတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအပေါ် ယီမင် နှုတ်ဆိတ်နေမှာ မဟုတ်ဘူးလို့ နေတိုးကို သတင်းစကားပါးလိုက်ခြင်း ဖြစ်ပါတယ်။

 

ယီမင်သည် အစ္စရေးကို အတွင်း အထိ ဝင်းပြီး တိုက်ခိုက်မည် ဖြစ်ကြောင်း  ဇီယွန်ဝါဒီအစိုးရ၏  ခဲများ ၏ အဖြေ ကို အုတ်ခဲများဖြင့် ပြန်ပေးမည် ဖြစ်ကြောင်း ဖဟ်မီ အလယူစွဖ် မှ  ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယမန်နေ့က ယီမင်စစ်တပ်သည် တဲလ်အဗစ်မြို့ ၏ ထိလွယ်ရှလွယ် ဧရိယာတစ်ခုကို Jaffa မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ဇီယွန်ဝါဒီတစ်ဦး သေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတိပြုရမည် ဖြစ်ပါတယ်။

.......................................................

END / 251