အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်း အထောက် အထားများ အရ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက်ကြောင်း ကြေညာပြီး နာရီအနည်းငယ် အကြာတွင် အစ္စရေးဝန် ကြီးချုပ် နေတန်ယာဟုသည် အမေရိကန် သို့ အလည်အပတ်ခရီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါတယ်။
အကြမ်းဖက်အစ္စရေးအစိုးရ၏ ၀န်ကြီးချုပ် နေတန်ယာဟုသည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဇူလိုင် ၂၃ ရက် အင်္ဂါနေ့တွင် တွေ့ဆုံရန် စီစဉ်ထားပါတယ် ။ ဇီယွန်ဝါဒီ ၀န်ကြီးချုပ်၏ မိန့်ခွန်းကို ကွန်ဂရက်သို့ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ရန် စီစဉ်ထားပါတယ်။
အမေရိကန်သို့ ထွက်ခွာသည့် အခမ်းအနားတွင် နေတန်ယာဟုက အမေရိကန်၏ သမ္မတအဖြစ် မည်သူဘဲ ရွေးကောက်ခံရပါက အစ္စရေးသည် အရှေ့အလယ်ပိုင်းတွင် အမေရိကန် ၏ အခိုင်မာဆုံး မဟာမိတ်အဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိက နှင့် အစ္စရေးတို့သည် ယနေ့ တွင် နက်ဖြန် အတွက် ထာဝရ တညီတညွတ်တည်း ရပ်တည်နေကြောင်း အစ္စရေး၏ ရန်သူများက သိသင့်သည်ဟု အစ္စရေးဝန် ကြီးချုပ် နေတန်ယာဟုပြောကြားခဲ့ပါတယ်။
နေတန်ယာဟု မှ ဟားမတ်စ်၏ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော ဇီယွန်ဝါဒီများ လွတ်မြောက်ရေး၊ ဟားမတ်စ်ကို ချေမှုန်းရန်နှင့် အမေရိကသို့ ထိပ်တိုက်တွေ့မည့် မဟာဗျူဟာတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
တချိန်တည်းမှာပဲ နေတန်ယာဟုက ဂါဇာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေမှာ အမေရိကန်ဟာ တန်းတူ ပါဝင်ကြောင်း မိမိ၏ ထုတ်ပြန်ချက်ကနေတဆင့် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားတယ်လို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
တစ်နည်းအားဖြင့် အမေရိကန်၏ လက်များသည် အစ္စရေး ကဲ့သို့ အပြစ်မဲ့ ကလေးငယ်များ ၏ သွေးများဖြင့် လည်း စွန်းထင်းနေပါတယ်။
.......................................................
END / 251