၂၃ ဇူလိုင် ၂၀၂၄ - ၂၀:၂၆
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ထံ ပေးပို့သော ဘယ်လ်ဂျီယံလူငယ်၏ စာ/ ကျွန်ုပ်တို့သည် အစ္စလာမ် ဘာသာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် စိတ်ပိုင်းဖြတ်ထားပါတယ်

ဘယ်လ်ဂျီယံလူငယ်တစ်ဖွဲ့ မှ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ထံ စာတစ်စောင်ရေးခဲ့ပါတယ်။ ထိုစာတွင် လူကြီးမင်း ၏ တရားမျှတမှုအတွက် တောင်းဆိုမှု အမှန်တရားကို ရှာဖွေမှုနှင့် အတူ ပါလက်စတိုင်းနဲ့ ကမ္ဘာကို အဖိနှိပ်ခံတွေအပေါ် မယိမ်းယိုင်တဲ့ ကတိကဝတ်ပြုသည့် လူကြီးမင်း၏ သတင်းစကားကြောင့် ကျွန်ုပ်တို့ လေးလေးနက်နက် စိတ်ဝင်စား မိ ကြောင်း ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘယ်လ်ဂျီယံလူငယ်တစ်ဖွဲ့သည် အမေရိကန်နှင့် ဥရောပ တက္ကသိုလ်များတွင် ဂါဇာကမ်းမြောင်ဒေသရှိ ဂါဇာရှိပြည်သူများနှင့် စည်းလုံးညီညွတ်မှုရရှိရေး ဆန္ဒပြပွဲများကို ထောက်ခံအားပေးရင်း ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီထံ စာတစ်စောင်ရေးခဲ့ပါတယ်။

ထိုစာတွင် လူကြီးမင်း ၏ တရားမျှတမှုအတွက် တောင်းဆိုမှု အမှန်တရားကို ရှာဖွေမှုနှင့် အတူ ပါလက်စတိုင်းနဲ့ ကမ္ဘာကို အဖိနှိပ်ခံတွေအပေါ် မယိမ်းယိုင်တဲ့ ကတိကဝတ်ပြုသည့် လူကြီးမင်း၏ သတင်းစကားကြောင့် ကျွန်ုပ်တို့ လေးလေးနက်နက် စိတ်ဝင်စား မိ ကြောင်း ဖြစ်ပါတယ်။

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ထံ ပေးပို့သော ဘယ်လ်ဂျီယံလူငယ်၏စာတွင် ကျွန်ုပ်တို့ရင်ဆိုင်နေရသော ရှုပ်ထွေးသောစိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အပြန်အလှန်နားလည်မှု၊ တရားမျှတမှုနှင့် စည်းလုံး ညီညွတ်မှုတို့အတွက် အပြန်အလှန်နားလည်မှု၊ ၎င်းသည် အခြေခံအရေးကြီးပြီး ကျွန်ုပ်တို့၏ အစ္စလာမ် သာသနာကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း တို့ ပါဝင်ပါတယ်။

ဤစာတွင် ပါလက်စတိုင်းအား ထောက်ခံအားပေးရန် ဥရောပနှင့် အမေရိကန် ကျောင်းသားများ၏ လှုပ်ရှားမှုသည် ကမ္ဘာပေါ်ရှိ မတရားမှုများနှင့်ပတ်သက်၍ အနောက်တိုင်းလူငယ်များ၏ သတိပြုမိမှုကို အရိပ်အယောင်အဖြစ် မှတ်ယူထားပြီး ၎င်းကို အလေးပေးဖော်ပြထားပါတယ်။ ဒီလို အသီးအပွင့် ဖလှယ်တဲ့ ဆွေးနွေးပွဲတွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီး မျှော်လင့်နေ ကြောင်း ဆိုထားပါတယ်။

ဤစာကို ပါရှန်း (ဖါရစီ) ၊  အင်္ဂလိပ်၊ ပြင်သစ် နှင့် အာရဗီဘာသာစကားများဖြင့် LETTER4LEADER ဟူသော hashtag ဖြင့် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။

.......................................................

END / 251