၂၅ ဇူလိုင် ၂၀၂၄ - ၀၉:၅၀
ကေယမသ်နေ့ တွင် ကံကောင်းသူသုံးမျိုးသုံးစား

အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် ကေယမသ်နေ့ တွင် ကံကောင်းသူသုံးမျိုးသုံးစား နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဘေဟာရိုလ်အန်နဝါရ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိ ပါတယ်။

 

قال الامام موسى الكاظم (عليه السلام):

ثَلاثَةٌ یَسْتَظِلُّونَ بِظِلِّ عَرْشِ اللّه ِیـَوْمَ لاظـِلَّ اِلاّ ظـِلُّـهُ: رَجُلٌ زَوَّجَ اَخاهُ الْمُسْلِمَ، اَوْ اَخْـدَمـَهُ، اَوْکَتَمَ لَهُ سِرّا .

 

အေမာမ် မူစာကာဇင်းမ်   (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« တရားစီရင်ရာနေ့ (ကေယမသ်နေ့ ) တွင် အလ္လာဟ်အရှင်မြတ်၏  အရ်ရှ် တော် အရိပ်အောက်တွင် လူသုံးဦး (လူသုံးမျိုးသုံးစား ) ရှိမည် ဖြစ်သည်။ ထိုနေ့ တွင် ဤ အရိပ် မှ အပ အခြား အရိပ် ရှိမည် မဟုတ်ချေ။  (ထို လူသုံးမျိုးသုံးစား  မှာ ) 

(၁) မိမိ ၏ မွတ်စလင်မ် ညီနောင် များကို အိမ်ထောင် ပြုနိုင်အောင် ပံ့ပိုး စီစဥ် ပေးသူ

(၂)  မိမိ၏ မိုအ်မင် ညီနောင် ၏ ( မည်သည့် ရှရီအီဆန္ဒ မဆိုအား)  ဝန်ဆောင်ပေးသူ

(၃)  (မိမိ) မွတ်စလင်မ် ညီနောင် ၏ လျှို့ဝှက်ချက်ကို ဖုံး ဖိထားပေးသူ တို့ ဖြစ်ပါသည်။ »

ကျမ်းကိုး ။ ။ ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၇၂ ၊ စာမျက်နှာ ၇၀

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့် ကေယမသ်နေ့ တွင် အလ္လာဟ်ဟို အရှင်မြတ် ၏ အရ်ရှ် တော် ၏ အရိပ်ကို လိုချင်လျင် အထက်ဖော်ပြပါ  လူသုံးမျိုးသုံးစားတွင် ပါဝင် အောင် အထူးကြိုးစားရပေမည်။ ဝမ်းနည်းစွာ ယနေ့ လူတစ်ချို့ သည့် ဆန့်ကျင် ဘက် လုပ်နေကြပါတယ် ။ ပမာအားဖြင့် မိမိ ၏ မွတ်စလင်မ် ညီနောင် များ ကို အိမ်ထောင် ပြုနိုင်အောင် ပံ့ပိုး စီစဥ် ပေးရမည့် အစား မိမိ နှင့် အဆင်မပြေတာနဲ့ မိမိ မကျေနပ်တာနဲ့  နည်း မျိုး စုံ နဲ့ လိုက်ပျက်နေကြသူများ ဖြစ်ပါတယ်။ မိမိ၏ မိုအ်မင် ညီနောင် ၏ ( မည်သည့် ရှရီအီဆန္ဒ မဆိုအား) ဝန်ဆောင်ပေးရမည့် အစား   မိမိ နှင့် အဆင်မ ပြေတော့ သည့် အခါ ဝန်ဆောင် မပေး တော့သူများ ဖြစ်ကြပါတယ်။(မိမိ) မွတ်စလင်မ် ညီနောင် ၏ လျှို့ဝှက်ချက် (များ) ကို ဖုံးဖိ ဖုံးသွဘ်ပေးရမည့် အစား  မိမိ နဲ့ အဆင်မပြေ တော့ ချိန်  လိုက်၍ ဖွ ခြင်း သတင်းပေးခြင်းကိုလူပ်နေသူများ ဖြစ်ပါ တယ်။

****************************************************************

END / 251