အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟီလီယသိုလ်အောင်လီယဟ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
لا یزالُ اللّهُ تَعالى فی عَونِ العَبدِ ما كانَ العَبدُ فی عَونِ أخیهِ وَاللّهُ یحِبُّ إغاثَةَ اللَّهفانِ ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« လူတစ်ဦးတစ်ယောက် သည် မိမိ၏ မိုအ်မင် ညီနောင် ကို ကူညီမည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် လည်းပဲ ၎င်း အား အမြဲကူညီတော်မူပေမည်။ အလ္လာဟ်အရှင်မြတ်သည် အခက်အခဲ ဖြစ်နေသူ သို့မဟုတ် ဝမ်းနည်းပူဆွေးသူ၏ အခက်အခဲများကို ဖြေရှင်း ပေးခြင်း ကို နှစ်သက်တော်မူသည်။ »
ကျမ်းကိုး ။ ။ ဟီလီယသိုလ်အောင်လီယဟ် ကျမ်း ၊ အတွဲ ၃ ၊ စာမျက်နှာ ၄၂
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိုအ်မင် တစ်ဦး တစ်ယောက် ၏ အခက်အခဲများကို ဖြစ်စေ ဝမ်းနည်း ကြေကွဲနေမှု ကို ဖြစ်စေ ကူညီ ဖြေရှင်း ပေး ခြင်း ၏ တန်ဖိုးကို သိရှိရမှာ ဖြစ်ပါတယ်။
****************************************************************
END / 251