အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရန် နိုင်ငံ တီဟီရန် မြို့တော် တွင် ဟားမတ်စ်အဖွဲ့ခေါင်းဆောင် အီစ္စမာအီ ဟနီယေဟ် ကို လုပ်ကြံ တိုက်ခိုက် သတ်ဖြတ် ခဲ့ ပြီးနောက် ဇီယွန်ဝါဒီအစိုးရသည် အီရန် ၏ လက်တုံ့ပြန်မည်ကို စိုးရိမ်သောကြောင့် အိပ်ရေးပျက်ခဲ့ကြောင်း Al-Jazeera TV က ဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်သမား စစ်သွေးကြွ နေတန်ယာဟု အစိုးရသည် အစိုးရအဖွဲ့ ဝန်ကြီးများအတွက် လုံခြုံရေး တင်းကျပ်ထားပါတယ်။ လုံခြုံရေးအရ ဝန်ကြီးတွေကို ဂြိုလ်တုဖုန်းတွေ ပေးထားပါတယ်။
အီရန်၏ လက်တုံ့ပြန်တိုက်ခိုက်မည် ဖြစ်ကြောင်း နှင့် ဆက်သွယ်ရေးစနစ် ဆိုင်းငံ့ထားခြင်းကြောင့် ဝန်ကြီးများ အား ဂြိုလ်တုဖုန်းဖြင့် ဆက်သွယ်ရန် အမိန့်ပေးထားကြောင်း ဇီယွန်ဝါဒီမီဒီယာက ပြောကြားခဲ့ပါတယ်။
အစောပိုင်းက ဇီယွန်နစ်အေဂျင်စီ Shin Bet သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ လှုပ်ရှားမှုကို ကန့်သတ်ခဲ့ပြီး ထောက်လှမ်းရေးအေဂျင်စီအား သတင်းမပေးဘဲ ခရီးသွားခြင်းမပြုရန် တောင်းဆိုခဲ့ပါတယ်။
.......................................................
END / 251