၁၄ ဩဂုတ် ၂၀၂၄ - ၂၀:၀၇
မဂျ်လစ်စေ အဇါ အေ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ပတ်သက်သည့် မေးခွန်း တစ်ခု

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ မဂျ်လစ်စေ အဇါ အေ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ပတ်သက်သည့် မေးခွန်း တစ်ခု နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ မဂျ်လစ်စေ အဇါအေ အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ပတ်သက်သည့် မေးခွန်း တစ်ခု  ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

မဂျ်လစ်စေ အဇါ တွင် ဝင်ရောက်ပါဝင် ခြင်းကြောင့် အချို့ ဝါဂျစ်ဗ် မပြုမနေတာဝန်များ စွန့်လွှတ်လိုက် မည်ဆိုလျှင် ပမာအားဖြင့်  နမာဇ် ဇေ ဖဂျ်ရ်  ကဇွာ ဖြစ်သွား မည်ဆိုလျှင် ဤကဲ့သို့သော် မဂျ်လစ်များကို မသွားသင့်ပါသလား? သို့မဟုတ် ဤကဲ့သို့ မဂျ်လစ်များ ကို မသွားခြင်းသည် အဲဟ်လေ့ဘိုက်(သ) (အ.စ) နှင့် ဝေးကွားစေခြင်း ကို ဖြစ်စေပါသလား ?  

အဖြေ

ဝါဂျစ်ဗ် နမာဇ် ကို ဝတ်ပြု ခြင်းသည် မဂျ်လစ်စေ အဇါအေ အဲဟ်လေ့ဘိုက်(သ) (အ.စ) တွင် တက်ရောက် ခြင်းတက် ပို၍ ကြီးကျယ်မြင့်မြတ်ကြောင်း ထင်ရှားပါသည်။ မဂျ်လစ်စေ အဇါ အေ အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင် တက် ရောက် ခြင်းတက်ကို အကြောင်းပြပြီး နမာဇ် ဝတ်မပြုခြင်းသည် ဂျာအေဇ်မဖြစ်ချေ။ (မပိုင်ချေ။) သို့သော် နမာဇ် ဝတ်ပြုမူ အတွက် အနှောက်အယှက် မဖြစ်မည့် အနေအထားဆိုလျင် မဂျ်လစ်စေ အဇါအေ အဲဟ်လေ့ဘိုက် (သ) (အ.စ) တွင် တက် ရောက် နိုင်ပါသည်။

မှတ်ချက်  ။ ။ အထက်ပါ‌ ဖြေရှင်းချက် အရ ထင်ရှားနေသည့် အချက်မှာ ဝါဂျစ်ဗ် အလုပ်များ ထက် မွတ်စ်သဟဗ် အလုပ်များ ကို ဦးစားပေးရှေ့တန်းတင်၍ မရချေ။ အကယ်၍ မွတ်စ်သဟဗ် အလုပ်များ ကို ဦးစားပေး မူကြောင့် ဝါဂျစ်ဗ် အလုပ်များ ကဇွာ ဖြစ်သွားမည်ဆိုလျှင် ပို၍ တောင် ရှောင်ရမည် ဖြစ်ပါတယ်။ ဤ အတွက်ကြောင့် ညလုံးပေါက် အဇါဒါရီများ လုပ်ပြီး မနက် ဖဂျရ် နမာဇ် ၂ရကတ် ဝါဂျစ်ဗ် ကို ဝတ်မပြု ခြင်းမျိုး အဇါဒါရီ အတွက် ငွေ အကုန်အကျ ခံလုပ်ပြီး သူတစ်ပါးထံက ယူထားသည့် အကြွေးများ ကို မဆပ်ခြင်း ၊ အေမာမ်ဘာရာများ ၊ ဗလီများ တွင်  ဂျမာအသ် နှင့် စုပေါင်းဝတ်ပြုသည့် ဝါဂျစ်ဗ် နမာဇ်များတွင် အခက်အခဲများကြောင့် ဝတ်မပြုနိုင်၍ အိမ်တွင် ဖြစ်စေ အခြားနေရာတွင် ဖြစ်စေ ဝတ်မပြုဘဲ အေမာမ် ဘာရာ  သို့မဟုတ် ဗလီများ တွင် ပြုလုပ်သည့် မဂျ်လစ်များတွင် လာရောက်ခြင်း စသည် ဖြင့် တို့ကို မပြုမိရန် အထူးရှောင်ကြည့်ရပါမယ်။ ပို၍ အကျည်း တန်သည့် အချက်မှာ တရားဟောဆရာဖြစ်စေ ဆရာမဖြစ်စေ မိမိ၏ တရား အား အဇါန် ချိန် ဖြစ်နေ၍ ဖြစ်စေ နီးနေ ၍ ဖြစ်စေ သိမ်းလိုက်ပြီး  နမာဇ် များတွင် ပါဝင်ခြင်း မရှိဘဲ ပြန်သွားခြင်း စသည် တို့ ဖြစ်ပါသည်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251