၂၈ စက်တင်ဘာ ၂၀၂၄ - ၁၈:၁၉
H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် အတူ  အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် ၏ အကြီးတန်း ဗိုလ်ချုပ်ကြီးလည်း ရှဟီးဒ် ဘွဲ့ ခံယူ

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လက်ထောက်အကြီးအကဲ ဗိုလ်မှူးချုပ် အဘာစ် နီးလ်ဖရူရှန်း သည် လက်ဘနွန်ကို နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး အစိုးရ၏ တိုက်ခိုက်မှုကြောင့် သောကြာနေ့တွင် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် အတူ ရှဟီးဒ် ဘွဲ့ ခံယူ သွားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ လက်ထောက်အကြီးအကဲ ဗိုလ်မှူးချုပ် အဘာစ် နီးလ်ဖရူရှန်း သည်  လက်ဘနွန်ကို နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး အစိုးရ၏ တိုက်ခိုက်မှုကြောင့် သောကြာနေ့တွင် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် အတူ  ရှဟီးဒ် ဘွဲ့ ခံယူ သွားကြောင်း အီရန်မီဒီယာများ၏ ဖော်ပြချက်အရ သိရပါတယ်။

နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေးအစိုးရသည် ဘေရွတ်မြို့ ဒါဟီယာဒေသတွင် သောကြာနေ့က လေကြောင်း တိုက်ခိုက်မှု များ ပြင်းထန်စွာပြုလုပ်ခဲ့ရာ လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် လည်း နယ်ချဲ့ ဇီယွန်ဝါဒီ အစ္စရေး၏ တိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ် ခဲ့ရကြောင်း ဟစ်ဘွလ္လာဟ် ခုခံရေး အဖွဲ့မှ စနေနေ့ မွန်းလွဲပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

.......................................................

END / 251