၈ အောက်တိုဘာ ၂၀၂၄ - ၁၁:၅၃
လက်ဘနွန် ပြည်သူ များ ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ဘက် မှ တတိယ မြောက် အကူ အညီ တင်ပို့

အီရန်လခြမ်းနီအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ်က လက်ဘနွန် စစ်ဘေးသင့်ပြည်သူများထံ တတိယ အကြိမ် မြောက် အကူအညီများ ပေးပို့သွားမည်ဟု ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar New သတင်းအထောက်အထားများအရ အီရန်လခြမ်းနီအသင်း၏ အထွေထွေအတွင်းရေးမှူး မိုင်းစန်းမ် မှ အလှူငွေများ နှင့် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ဖြည့်သွင်းထားသော လေယာဉ်ကြီးတစ်စင်း ဆီးရီးယားသို့ ပို့ဆောင်လိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

လက်ဘနွန်စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအတွက် ဒမတ်စကတ်မြို့ တွင် အရေးပေါ် လူနေစခန်းတစ်ခု တည်ထောင်ရန် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မိုင်းစန်းမ် မှ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လခြမ်းနီ၏လယ်ကွင်းဆေးရုံသည် လက်ဘနွန်ဒုက္ခသည်များနှင့် ကြံ့ကြံ့ ခံခုခံရေးတပ်သားများအား လိုအပ်ပါက အကူအညီများပေးရန် အသင့်ရှိနေကြောင်း သိရပါတယ်။

.......................................................

END / 251