၈ အောက်တိုဘာ ၂၀၂၄ - ၂၀:၅၃
ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များ  နှင့် နယ်ချဲ့ ဇီယွန်ဝါဒီ တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားရာ ဇီယွန်ဝါဒီ စစ်သား ၂ ဦး သေဆုံး ဒဏ်ရာရ

ပါလက်စတိုင်း မိုဂျာဟစ်ဒ်ဒီးန် များ နှင့် နယ်ချဲ့ ဇီယွန်ဝါဒီ တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများ ဖြစ်ပွားရာ ဇီယွန်ဝါဒီ စစ်သား ၂ ဦး သေဆုံး ဒဏ်ရာရခဲ့ကြောင်း ဇီယွန် အစိုးရ မှ ဝန်ခံထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နယ်ချဲ့ ဇီယွန်ဝါဒီစစ်တပ်မှ  မိမိ တို့ ၏ နောက်ဆုံး ကိန်းဂဏန်းများကို ယနေ့ ကြေငြာခဲ့ပြီး ဂါဇာမြောက်ပိုင်းတွင် မိမိ စစ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီသေဆုံးမှုနဲ့အတူ အလ်အက်ဆွာ မုန်တိုင်းစစ်ဆင်ရေးမှာ သေဆုံးခဲ့ရတဲ့ ဇီယွန်ဝါဒီစစ်သား အရေအတွက်ဟာ ခုနစ်ရာ့သုံးဆယ်အထိ ရှိလာခဲ့ပြီး အဆင့်မြင့် ဇီယွန်ဝါဒီ စစ်ဘက်အရာရှိတွေလည်း ပါဝင်ကြောင်း သိရပါတယ်။

ဇီယွန်စစ်တပ်သည် ဂါဇာရှိ မြေပြင်စစ်ပွဲတွင် မိမိ စစ်သား သုံးရာလေးဆယ့်ခုနစ်ဦး သေဆုံးခဲ့ကြောင်း အလား တူကြေညာခဲ့ပါတယ်။ လွန်ခဲ့သည့်တစ်နှစ်အတွင်း  မိမိတို့၏ စစ်သား ၄၅၇၆ ဦး ဒဏ်ရာရခဲ့ပြီး စစ်သား ၆၉၆ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ယမန်နေ့အစောပိုင်းက ဇီယွန်စစ်တပ်က ၀န်ခံခဲ့ပါတယ်။

ဂါဇာစစ်ပွဲတွင် ဇီယွန်ဝါဒီစစ်တပ် အနေဖြင့် မိမိတို့၏  အသက် နှင့် ပစ္စည်း ဥစ္စာ ဆုံးရှုံးမှုများကို ဖုံးကွယ်ရန် ကြိုးပမ်းနေသည်ဟု လေ့လာသူများက ဆိုထားပါတယ်။

.......................................................

END / 251