၂၃ အောက်တိုဘာ ၂၀၂၆ - ၀၆:၃၀
အပေါ့အလေးသွား ချိန်  မကရူးဟ် ဖြစ်စေသည့် အရာအချို့

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီစစ်သာနီ ၏ ဖသ်ဝါ (ဓမ္မသတ်ဆုံးဖြတ်ချက်) အရ အပေါ့အလေးသွား ချိန် (အိမ်သာတက်ချိန်) မကရူးဟ် ဖြစ်စေသည့် အရာအချို့ ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ 

အပေါ့အလေးသွားချိန် (အိမ်သာတက်ချိန်) မကရူးဟ် ဖြစ်စေသည့် အရာအချို့   မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မတ်စ်အလာဟ် ၉၁ -  အပေါ့အလေးသွားချိန်  (အိမ်သာတက်နေစဉ်) အစားအသောက် စားသောက်ခြင်း၊ အချိန်ကြာမြင့်စွာ ထိုင်နေခြင်း၊ ညာဘက်လက်ဖြင့် ဆေးကြောသန့်စင်ခြင်းနှင့် စကားပြောဆိုခြင်းတို့သည် မကရူးဟ် (မနှစ်သက်ဖွယ်ရာ) ဖြစ်ပါတယ်။ 

သို့သော် မလွှဲသာမရှောင်သာ အခြေအနေဖြစ်လျှင် သို့မဟုတ် အလ္လာဟ်အရှင်မြတ်အား ဇိကရ်အောက်မေ့တသမှု ပြုလုပ်ခြင်းဖြစ်ပါက ကိစ္စမရှိပေ (ပြစ်ဒဏ်မရှိပါ)။  

မတ်စ်အလာဟ် ၉၂ -  မတ်တပ်ရပ်၍ ဆီးသွားခြင်း၊ စင်ထွက်စေနိုင်သော မာကျောသည့် မြေပြင်ပေါ်သို့ ဆီးသွားခြင်းတို့သည် မကရူးဟ် ဖြစ်ပါတယ်။ ထို့အတူ သတ္တဝါ/ပိုးမွှားတို့၏ တွင်းများထဲသို့၊ ရေထဲသို့ (အထူးသဖြင့် ငြိမ်သက်နေသော ရေအိုင်/ရေကန်ထဲသို့) နှင့် လေအဝှေ့မျက်နှာချင်းဆိုင်ဘက်သို့ ဆီးသွားခြင်းတို့သည်လည်း မကရူးဟ် ဖြစ်ပါတယ်။

မတ်စ်အလာဟ် ၉၃ - ဆီးနှင့် ဝမ်းကို မသွားဘဲ ချုပ်တည်း/ထိန်းထားခြင်းသည် မကရူးဟ် ဖြစ်ပါတယ်။ အကယ်၍ ခန္ဓာကိုယ်အတွက် လုံးဝ အန္တရာယ်ဖြစ်စေ/ထိခိုက်စေနိုင်ပါက (ထိန်းထားခြင်းသည်) ဟရာမ် (တားမြစ်ထားသောအရာ/အပြစ်) ဖြစ်ပါတယ်။

သောင်ဇီဟုလ် မဆာအိလ် ဂျာမေ့အ် - မတ်စ်အလာဟ် ၉၁၊ ၉၂၊ ၉၃
လင့်ခ်
- https://www.sistani.org/urdu/book/26352/4213/  

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha