၁၈ အောက်တိုဘာ ၂၀၂၄ - ၁၅:၄၉
ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ်   အား အီရန်သမ္မတမှ ဂုဏ်ပြု

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတသစ် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် အား ရှဟီးဒ် ပြုလိုက်ခြင်း ကြောင့် နယ်ချဲ့များကို တော်လှန်မည့် ကြံ့ကြံ့ခံ ခုခံရေး လမ်းကြောင်းကို ရပ်တန့် နိုင်မည်မဟုတ်ကြောင်း မိမိ ၏ သဝဏ်လွှာတစ်ခုတွင် ရေးသားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အထောက်အထားများအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတသစ်   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ဂျေဟာဒ် နှင့် သိမ်းပိုက်ထားသော နယ်မြေများ၏ စစ်မှန်သော အမွေ ဆက်ခံသူများ ကို လွတ်မြောက်ရေးရအောင်ပြုပေးခြင်းသည် ကြီးမားသည့် ရည်ရွယ်ချက် တစ်ခု ဖြစ်ကြောင်း  ဤနယ်ပယ်မှ တပ်မှူးများ နှင့် မိုဂျာဟစ်ဒ်ဒီးန် များကို ရှဟီးဒ် ပြုခြင်း နှင့် သွေးမြေကျအောင် ပြု၍ တော်လှန်ရေး လမ်းကြောင်း ကို ရပ်တန့်၍မရနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတသစ်   ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ သဝဏ် လွှာ တစ်ခုတွင် သူရဲကောင်း ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် ၏ ရှဟာဒသ် အတွက် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၊ ဂါဇာကမ်းမြောင်က ရဲရင့်ပြီး ဖိနှိပ်ခံပြည်သူများနှင့် တကမ္ဘာလုံးရှိ လွတ်မြောက်ရေး တိုက်ပွဲဝင်သူတွေအား ဝမ်းနည်းကြောင်း တင်ပြထား ရေးသား ထားပါတယ်။

ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် သည် သူ့ဘဝတစ်လျှောက်လုံး ဂျေဟာဒ် ပြုခဲ့ပြီး ရက်စက် ကြမ်းကြုတ်သော ဇီယွန်ဝါဒီအစိုးရ၏ ထောင်ထဲတွင် နေထိုင်ခဲ့ရပြီး ဘဝဆုံးခန်းတိုင်အောင် ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြောင်း သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း မှ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန် သမ္မတ မှ ဂျေဟာဒ် ခေါင်းဆောင်များကို ရှဟီးဒ် လုပ်ခြင်း ဖြင့် နယ်ချဲ့များ နှင့် အင်အားကြီးများ ကို တော်လှန်နေသည့် အစ္စလာမ် နောက်လိုက်နောက်သားများ၏ လမ်းကြောင်း ကို ဟန့်တား နိုင်မည် မဟုတ်ကြောင်း ရန်သူများသိထားသင့်ကြောင်း ရေးသားထားပါတယ်။

.......................................................

END / 251