၂၃ အောက်တိုဘာ ၂၀၂၄ - ၀၈:၂၈
H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အား လုပ်ကြံ ခဲ့ကြောင်း နယ်ချဲ့ အစ္စ‌ရေး ပြောကြား

H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အား လွန်ခဲ့သော သုံးပတ်က တိုက်ခိုက်မှုတစ်ခုတွင် လုပ်ကြံ နိုင်ခဲ့ ကြောင်း ဇီယွန်ဝါဒီစစ်တပ်က အခိုင်အမာဆိုခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် အား လွန်ခဲ့သော သုံးပတ်က တိုက်ခိုက်မှုတစ်ခုတွင် သတ်နိုင်ခဲ့ ကြောင်း ဇီယွန်ဝါဒီစစ်တပ်က အခိုင်အမာဆိုခဲ့ ကြောင်း Maher News Agency မှ ကိုးကားဖော်ပြခဲ့ပါတယ်။

ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးမှာ လွန်ခဲ့သည့် ၃ ပတ်က တိုက်ခိုက်မှုတစ်ခုအတွင်း H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် သေဆုံးခဲ့သည်ဟု ဇီယွန်အစိုးရမှ ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း ဟစ်ဘွလ္လာဟ် မှ ဒီသတင်းကို အတည်မပြုသေးကြောင်း သိရပါတယ်။အကြောင်းမှာ ဟားမတ်စ် ၊ဟစ်ဘွလ္လာဟ် နှင့်အီရန် တို့သည့် မိမိတို့၏ ခေါင်းဆောင် များ ဗိုလ်များ လုပ်ကြံခံရလျင် အတည်ပြု ဝင်ခံကြ သည့် သတ္တိ  ရှိပြီး နယ်ချဲ့ အစ္စရေး တို့ကတော့ မိမိတို့ ၏ အသတ်ခံလိုက် ရသည် ဗိုလ်များ အကြီးအကဲများကို အတည် မပြုသည့် အပြင် ဖုံးဖိကြသည့် သတ္တိကြောင်များ ဖြစ်ကြပါတယ်။ သို့သော် ဖုံးမ ရဖိမရချိန် တွင်တော့ ဝန်ခံ တတ်ကြပါတယ်။

လွန်ခဲ့သည့် ၃ ပတ်က ဘေရွတ်မြို့တောင်ပိုင်း ဆင်ခြေဖုံးတွင် တိုက်ခိုက်မှုတစ်ခုအတွင်း လူနေအိမ် အဆောက် အအုံအများအပြား ပျက်စီးခဲ့ပါတယ်။

သို့သော်လည်း ဇီယွန်ဝါဒီအာဏာပိုင်များက ဤတိုက်ခိုက်မှုတွင် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် ၏ အာဇာနည် ဖြစ်မှု နှင့် ပတ်သက်၍ သံသယရှိကြောင်း ဖော်ပြခဲ့ပါတယ်။

.......................................................

END / 251