အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA နှင့် Sahar News တို့၏ အဆိုအရ၊ အေမာမ်မီယဟ် ကျောင်းသားများ အဖွဲ့မှ စီစဉ်သောကြီးမားသော လူထုစုဝေးပွဲကိုကို ပါကစ္စတန် နိုင်ငံ ၏ မြို့တော် အစ္စလာမာဘတ် မြို့ တွင် ကျင်းပခဲ့ပါတယ်။ ကျင်းပရသည့် အကြောင်းမှာ ရှဟီးဒ် အီစ္စမာအီ ဟနီယေဟ် ၊ ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေ အတွင်းရေးမှူးချုပ် H.I ရှဟီးဒ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် တို့နှင့် ကတိကဝတ်အသစ် ပြုရန် ဖြစ်ပါ တယ်။
ဒီဆန္ဒပြပွဲမှာ Majlis-e-Wahdat al-Muslimeen ၏ အကြီးအကဲ ၊ အထက်လွှတ်တော်အမတ် H.I အလာမဟ် နာစေရ် အာဘာစ် ဂျအ်ဖရ်ရီ နှင့် Jamaat-e-Islami Pakistan ခေါင်းဆောင်ဟောင်း စရာဂျ် ဂျိုလ်ဟက် တို့မှ ဆန္ဒပြသူတွေကို မိန့်ခွန်းပြောကြားပြီး အစ္စလာမ် ကမ္ဘာ ၏ အာဏာပိုင်များ ကို အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ကြံ့ကြံ့ခံခုခံရေး မိုဂျာဟစ်ဒ် ဒီးန်များ နောက်လိုက်ရန် ပြောကြားခဲ့ကြပါတယ်။
H.I ရှဟီးဒ် ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် ရှဟီးဒ် ယဟ်ယာ အက်စ်စနဝါရ် တို့ကို အကြမ်းဖက် တိုက်ခိုက်မှုများ အပါအဝင် နယ်ချဲ့ ဇီယွန်ဝါဒီအစိုးရ၏ ရာဇ၀တ်မှုများကို ဟောပြောသူများက ရှုတ်ချခဲ့ကြပါ တယ်။
Imamiya Students Organization မှ စီစဉ်သည့် ဤကြီးမားသည့် လူထုစုဝေးပွဲမှာ ဂါဇာ ၊ လက်ဘနွန်တို့ ဘက် မှ ရပ်တည် ကြောင်း အမေရိကန် နှင့် အစ္စရေးတို့ အား မုန်းတီး ရွံ့ရှာ ကြောင်း ကြေညာခဲ့ပါတယ်။
ချီတက်ပွဲတွင် ပါဝင်သူများသည် "အမေရိကန် ကျရှုံး ပါစေ " နှင့် " အစ္စရေး ကျရှုံးပါစေ " ဟူသော ကြွေး ကြော်သံ များ ကြွေးကြော်ကာ ဂါဇာကမ်းမြောင်နှင့် လက်ဘနွန်စစ်ပွဲကို ချက်ချင်းရပ်ရန် တောင်းဆိုခဲ့ကြပါတယ်။
.......................................................
END / 251