အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံ စာ အရ Al Jazeera နှင့် အင်တာဗျူးတွင် လက်ဘနွန်မှ ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုကြောင့် ဆေးရုံ ၂၂ ရုံ ဆိုးရွားစွာ ပျက်စီးခဲ့ရကြောင်း လက်ဘနွန်ဆရာဝန်သမဂ္ဂမှ အကြီးအကဲ ယူစွဖ် ဘခါရှ် က ပြောကြားခဲ့ပါတယ်။
ဇီယွန်နစ်စစ်တပ်သည် ခြွင်းချက်မရှိဘဲ လူတိုင်းကို ပစ်မှတ်ထားနေ ကြောင်း ကျန်းမာရေး ကဏ္ဍသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အများအပြား သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရရှိခဲ့သည့် ဤဇီယွန် အစိုးရ၏ တိုက်ခိုက်မှုများ၏ တိုက်ရိုက်ပစ်မှတ် ဖြစ်ကြောင်း ယူစွဖ် ဘခါရှ် မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
ဇီယွန်ဝါဒီအစိုးရသည် ဆေးဘက်ဆိုင်ရာကဏ္ဍကို ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် အခြေခံအဆောက်အဦများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား တမင်ပစ်မှတ်ထားကြောင်း လက်ဘနွန်ဆရာဝန်သမဂ္ဂမှ အကြီးအကဲ မှ အလေးပေး ပြောကြားခဲ့ပါတယ်။
လက်ဘနွန်၏ ကျန်းမာရေးကဏ္ဍသည် လက်ရှိအခြေအနေတွင် အလွန်ဆိုးရွားနေကြောင်း ဇီယွန်ဝါဒီအစိုးရသည် နိုင်ငံတကာသဘောတူညီချက်များနှင့် ဂျီနီဗာကွန်ဗင်းရှင်းကို လေးစားရမည်ဖြစ်ကြောင်း လက်ဘနွန် ဆရာဝန် သမဂ္ဂမှ အကြီးအကဲ ယူစွဖ် ဘခါရှ် မှ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဝမ်းနည်းဖွယ်မှာ ဂျီနိုဆိုက် ကျုးလွန်နေသည့် နယ်ချဲ့ အစ္စရေးအား အမေရိကန် ၊ဗြိတိန် နှင့် ဥရောပ နိုင်ငံများ မှ မတားဆီး ကြသည့် အပြင် လက်နက်အား ငွေအား လူအား အပြည့်အဝ ကူနေကြခြင်း ဖြစ်ပါတယ်။ ဤကလစ် ကကျစ် နိုင်ငံများ သည် ယူကရိန်းအား ရုရှား နဲ့ အားမမျှလို့ မတရားလုပ်ခံရလို့ဟု ဟန်ပြပြီး ပါလက်စတိုင်း ပြည်သူများ လက်ဘနွန်ပြည်သူများ အတွက် မကူညီသည့် အပြင် သတ်ဖို့ ပါ ကူညီ စီစဥ်ပေးနေသူများ ဖြစ်ကြပါတယ်။ ကုလ လည်းမနိုင် ကျန်သည့် မွတ်စလင်မ် နိုင်ငံ အများစု နှင့် အခြား နိုင်ငံများကလည်း ၎င်းတို့ကို ကြောက်၍ နှုတ်ဆိတ်နေ ကြပါတယ်။
.......................................................
END / 251