၂၅ အောက်တိုဘာ ၂၀၂၄ - ၀၈:၂၄
နမာဇ် ဇေ ဂျမာအသ် ၏ နီယသ်

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ နမာဇ် ဇေ ဂျမာအသ် ၏ နီယသ် နှင့် ပတ်သက်သည့် ရှရီအီ မတ်စ်အလဟ်အမှတ် ၇၇၆ (မင်နဟာဂျိုဆ်ဆွာလေဟီးန် ) ကိုတင်ပြလိုက်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အခြားဖေရ်ကဟ်များ ၏ မတ်စ်ဂျစ်ဒ် များ တွင် နမာဇ် ဝတ်ပြုလို့ ရပါသလား ? ဆိုင်ရာ ရှရီအီ မတ်စ်အလဟ်အမှတ် ၅၆၁ (အာရဘီစာအုပ်) ကိုတင်ပြလိုက်ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ  ၏ ရှရီအီ မတ်စ်အလဟ်အမှတ် ၇၇၆  (မင်နဟာဂျိုဆ်ဆွာလေဟီးန် ) ကိုတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အောက်ပါ အတိုင်းဖြစ်ပါတယ်။

မတ်စ်အလဟ် အမှတ် ၇၇၆

« မာမူမ်(နောက်မှနမာဇ်လိုက်ဝတ်ပြုသူ) ၏ ဂျမာအသ် ၏ နီယသ် လုပ်လိုက်သည် နှင့် ဂျမာအသ် အထ မြောက် သွားပါသည်။ အကယ်၍ ဗေရှ် အေမာမ် (နမာဇ် ရှေ့ဆောင် ဝတ်ပြုသူ ) အနေဖြင့် မိမိနောက်တွင် ဂျမာအသ် ရှိမှန်း မသိ၍ ဖြစ်စေ သို့မဟုတ် ဂျမာအသ် ၏ နီယသ် မလုပ်သည်ဖြစ်စေ (ဂျမာအသ် အထမြောက်ပါသည်။ ) အကယ် ၍ မာမူမ်(နောက်မှနမာဇ်လိုက်ဝတ်ပြုသူ)  သည် နမာဇ်ဇေ ဂျမာအသ် ၏ နီယသ်  မလုပ်လျင် နမာဇ် ဇေ ဂျမာအသ် အထမမြောက်ချေ။ »

အကြံပြုချက် - နမာဇ်ဇေ  ဂျမာအသ် အထ မြောက် စေရန် အတွက် မာမူမ် (နောက်မှနမာဇ်လိုက်ဝတ်ပြုသူ) သည် မိမိ ဂျမာသ် နှင့် နမာဇ် ဝတ်ပြုနေသည့် ဆိုနီယသ် ပြုရန် အရေးကြီးပါတယ်။ နီယသ် ဝတ်ပြုရန် အသံ ထွက်၍ ပြုရန် မလိုအပ်ချေ။ မိမိ စိတ်တွင်ပင် ပြုနိုင်ပါတယ်။ နမာဇ်ဇေ ဂျမာအသ် ၏ အကျိုးအမြတ်မှာ အလွန် ကြီးကျယ်သည့် အတွက် အတတ်နိုင်ဆုံး နမာဇ်အား ဂျမာအသ် နှင့် ဝတ်ပြုနိုင်အောင် ကြိုးစားရပါမယ်။ ငါကိုယ်တိုင် ရှေ့ဆောင် ရတဲ့ အခါ မှ သို့မဟုတ် ငါဆရာ ရှေ့ဆောင် လုပ်မှ ဂျမာအသ် နှင့် လိုက် ဝတ်ပြု မည်ဆို သည့် မကောင်းသည့် အကျင့်ဆိုးများကိုလည်း ရှောင်ကြဥ် ရမည် ဖြစ်ပါတယ်။မပြောကောင်း မဆိုကောင်း ‌ရှေ့ဆောင် ဝတ်ပြုပေးသူသည် မိမိအမြင်တွင် အာဒေလ် မဟုတ်လျင် လူတိုင်းအားလိုက်၍ ပြောပြစရာမလိုချေ။ မိမိ ကိုယ်တိုင် ရှေ့ဆောင်ဆရာအား တစ်ဦးတည်းတွေ့ ၍ သို့မဟုတ် သက်ဆိုင်ရာ ခန့်ထားသည့် လူကြီးများ မှတဆင့် ရှေ့ဆောင် ဆရာအား ရှေ့ဆောင်ဆရာအဖြစ်မှ ဟန်တားစေသည့် ဂိုနာဟ်များ အား ဆက်၍ မကျူးလွန်ရန် နှင့် ပြုပြင်ပေးရန် မေတ္တာရပ်ခံရပေမည်။ မိမိတို့ ဗလီဝတ်ကျောင်း တော်များ အေမာမ် ဘာရာများ တွင်လည်း နမာဇ်ဇေ ဂျမာအသ် မဖြစ်လျင် ဖြစ်အောင် စုပေါင်း ကြိုးပမ်းရမည် ဖြစ်ပါတယ်။နောက်ဆုံး ဗလီဝတ်ပြုကျောင်း တော်များအေမာမ် ဘာရာများတွင် နမာဇ်ဇေ ဂျမာအသ် နှင့် အကြောင်းအမျိုးမျိုးကြောင့် ဝတ်မပြုနိုင်လျင်လည်း မိမိနေအိမ်တွင် ဂျမာအသ် နှင့် ဝတ်ပြုနိုင်အောင် စီစဥ်ရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251