၂၆ အောက်တိုဘာ ၂၀၂၄ - ၀၄:၂၅
တီဟီရန်တွင် ဗုံးပေါက်ကွဲမှုများ နှင့် ပတ်သက်၍  နိုင်ငံတကာ မီဒီယာများ၏ သတင်းများ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် နိုင်ငံတကာ မီဒီယာများ မှ သတင်းများ ထွက်ပေါ်လာပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်း အေဂျင်စီ၏ အဆိုအရ တီဟီရန်တွင် ပေါက်ကွဲမှုများ ဖြစ်ပွားသည့် သတင်းများ ထွက်ပေါ် လာပြီးနောက် နိုင်ငံတကာ မီဒီယာများတွင် သတင်းမျိုးစုံ ပျံ့နှံ့လျက်ရှိပါတယ်။

 

ပေါက်ကွဲမှုများအပြီးတွင် အမေရိကန် ထိပ်တန်းအရာရှိက အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း အယ်လ် ဂျာဇီယာက ပြောကြားခဲ့ပါတယ်။

တိုက်ခိုက်မှုမတိုင်ခင် အစ္စရေးက အမေရိကန်ကို အကြောင်းကြားခဲ့တယ်လို့ အကြီးတန်း အမေရိကန်အရာရှိ တစ်ဦးကို ကိုးကားပြီး Fox News က ပြောကြားခဲ့ပါတယ်။ သမ္မတ Joe Biden က အခြေအနေကို သုံးသပ် နေတယ်လိုလည်း သိရပါတယ်။

ဇီယွန်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဟာဂါရီက မကြာသေးမီလများအတွင်း အစ္စရေး၏ တိုက်ခိုက် မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်ကို  ဇီယွန်စစ်တပ်မှ တိုက်ခိုက်ခဲ့သည်ဟု အယ်လ်ဂျာဇီယာ၏ ပြောကြား ချက်အရ သိရသည်။

လေကြောင်းရန်ကာကွယ်ရေးစနစ် ပစ်ခတ်မှုကြောင့် တီဟီရန်အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုများ ဖြစ်ပွား ခဲ့ကြောင်း တီဟီရန် တွင် ပုံမှန် အခြေအနေ ရှိ ကြောင်း ဆီးရီးယား အခြေဆိုက် SANA သတင်းဌာန မှ ပြောကြား ခဲ့ပါတယ်။

ဇီယွန်ဝါဒီမီဒီယာများက တီဟီရန် ရှိ အေမာမ် ခိုမေနီ (ရ.ဟ) လေဆိပ်ကို တိုက်ခိုက်သည့်သတင်းကို အယ်လ်မာယာဒင်သတင်း ဌာန မှ ပယ်ချပြီး လေဆိပ်သည် ပုံမှန်အတိုင်း လည်ပတ် နေကြောင်း ပြောကြားခဲ့ ပါတယ်။

အီရန်ကို တိုက်ခိုက်ရာတွင် အမေရိကန်သည် အခန်းကဏ္ဍမရှိဟု အကြီးတန်းအမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်ကို CNN မှ ကိုးကားဖော်ပြခဲ့ပါတယ်။

.......................................................

END / 251