အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
كُلُّ حسناتِ بنی آدَمَ تُحصِهَا الملإئِكةُ اِلاّ حسناتِ المُجاهدینَ فاِنَّهُم یَعجِزونَ عن عِلمِ ثوابھا۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« ကောင်းကင်တမန်များသည် လူတို့ ၏ ကုသိုလ်ကောင်းမှုအားလုံးကို သိသော်လည်း မိုဂျာဟစ်ဒ်ဒီးန် ၏ လုပ်ရပ်များ၏ အကျိုးဆဝါးဗ် ကို မရေတွက်နိုင်ပေ။ »
ကျမ်းကိုး ။ ။ မွတ်စ်သဒရကိုလ်ဝစာအေလ် ကျမ်း ၊ အတွဲ ၁၁ ၊ စာမျက်နှာ ၁၃
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး ကျနော်တို့ အနေဖြင့် မိုဂျာဟစ်ဒ်ဒီးန် ၏ အဆင့် ကို သိနိုင် မည် ဖြစ်ပါတယ်။ မိမိကိုယ်တိုင် မိုဂျာဟစ်ဒ်ဒီးန် ဖြစ်အောင် ကြိုးပမ်းရပါမည်။ မိုဂျာဟစ်ဒ်ဒီးန် ဆိုသည်မှာ ဘာသာြခားများ ထင်ရောင်ထင်မှား ဖြစ်အောင် အစ္စလာမ့် ရန်သူများ အပုပ်ချထားသည့် လက်နက်ကိုင် သောင်းကြမ်းသူများကို မခေါ်ချေ။ အလ္လာဟ့် လမ်း မှ လိုအပ်သည့်နေရာ ကနေ လိုအပ်သည့် အရာများ နှင့် အလ္လာဟ့် နှစ်မြို့ မှု ရရှိရန် ကြိုးပမ်းသူများကိုခေါ်ဆိုပါသည်။ လက်ရှိ နယ်ချဲ့ အစ္စရေး နှင့် မဟာမိတ်များကို ခုခံ တိုက်ပွဲ ဝင်နေသည့် ပါလက်စတိုင်း ၊လက်ဘနွန် ၊ ယီမင် ၊ အီရန် စသည်တို့သည်လည်း မိုဂျာဟစ်ဒ်ဒီးန် များ ဖြစ်ပါတယ်။ ထိုပြင် လူတွေ သတ်မှတ်သည့် မိုဂျာဟစ်ဒ်ဒီးန် ထက် အလ္လာဟ် ဟို အရှင်မြတ်သတ်မှတ်သည့် မိုဂျာဟစ်ဒ်ဒီးန် ဖြစ်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251