အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစီရင်ခံစာအရ လက်ဘနွန်တောင်ပိုင်းက မြို့တစ်မြို့မှာ လက်ဘနွန် ဟစ်ဇ်ဘွလ္လာဟ် စစ်သားများ နှင့် ဇီယွန်ဝါဒီ အစိုးရ၏ စစ်သားများ တိုက်ပွဲဖြစ်ပွားပြီး ဇီယွန်ဝါဒီ စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
ထို့အပြင် အဆိုပါ စစ်ပွဲ တွင် ဇီယွန်ဝါဒီစစ်သား ၁၄ ဦး ဒဏ်ရာရခဲ့ပြီး စစ်သားငါးဦး၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု သိရပါတယ်။ ဇီယွန်ဝါဒီစစ်သား များလည်း မိမိတို့ အနေဖြင့် ဟစ်ဇ်ဘွလ္လာဟ် စစ်သား သုံးဦး ကို ရှဟီးဒ် လုပ်နိုင်ခဲ့ကြောင်း ပြောကြားထားပါတယ်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁ရက် အင်္ဂါနေ့ နံနက်တွင် အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိ ဟစ်ဇ်ဘွလ္လာဟ် တပ်များကို ဆန့်ကျင်သည့် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့ပါတယ်။
ထိုအချိန်မှစ၍ လက်ဘနွန်တောင်ပိုင်း နယ်စပ်မြို့များတွင် ဟစ်ဇ်ဘွလ္လာဟ် စစ်သား နှင့် တိုက်ပွဲများအတွင်း ဇီယွန်ဝါဒီ စစ်သား ဒါဇင်နှင့်ချီ သေဆုံးခဲ့ပြီး ယင်းတိုက်ပွဲများကြောင့် ဇီယွန်တပ်သား ရာနှင့်ချီ ဒဏ်ရာရရှိခဲ့ ပါတယ်။
.......................................................
END / 251